အဆီကျိတ်လေးများအကြောင်းသိကောင်းစရာ
ရေးသားသူ – ဒေါက်တာ ဆုဝေမွန်
ဒီတခါ Dr ဆုပြောပြချင်တာကတော့ အတွေ့ရများတတ်တဲ့ အဆီကျိတ်လေးများအကြောင်းကို ပြောပြချင်တာပါ။ အဆီကျိတ်လေးတွေကို အတွေ့ရအများဆုံးနေရာတွေကတော့ ခေါင်းပိုင်းလည်ပင်းပိုင်းနဲ့ ဗိုက်တွေ ပေါင်တွေမှာအများဆုံးတွေ့ရတတ်ပါတယ်။
ယေဘုယျအားဖြင့် အဆီကျိတ်တွေမှ ကင်ဆာရောဂါအဖြစ်သို့မပြောင်းလဲသွားတတ်ပါသည်။ သို့သော် အဆီကျိတ်လေးတွေပိုးဝင်မှုကြောင့် ပြည်တည်ခြင်း ၊ ယောင်ရမ်းခြင်းနှင့်အခန့်မသင့်ပါက သွေးထွက်သွေးယိုခြင်း ၊ ကြွက်သားအလွှာလေးတွေကြားမှာဖြစ်ရင် ကြွက်သားနာခြင်း ၊
ယောင်ယမ်းခြင်း တို့ပါ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါဆို အဆီကျိတ်လေးတွေကို ဆေးထိုးဆေးသောက်ရင် ပျောက်နိုင်သလားဟုမေးသော် လုံးဝမပျောက်နိုင်ပါ။ ခွဲစိတ်ကုသပြီးဖယ်ရှားခြင်းဖြင့်သာပျောက်ကင်းနိုင်သည်။
ဤတွင် Dr ဆု တခုမှာချင်တာက အရေပြားပေါ်က အကျိတ်အဖုများကို မိမိဘာသာ ဆေးများလျှောက်လိမ်းခြင်း အလုံးအကျိတ်များကို ထိုးဆွကာသောက်ဆေးပိုးသတ်ဆေးများကို ကြိတ်ချေထည့်ခြင်း အပင်အရွက်များကို ကြိတ်ချေညှစ်တာ အုံခြင်းမန်းခြင်းများကို လုံးဝမပြုလုပ်ရန်မေတ္တာရပ်ခံပါတယ်နော်။
အရေပြားကို သွားဆွမှ ပိုပွားလာတာ အနာပိုးဝင်တာ အရိုးထိ လှိုဏ်စားနေတာတွေဖြစ်သွားရင် လူနာအတွက်ပိုကုသရခက်တတ်ပါတယ်။
ဤဆောင်းပါလေးကို ဖတ်ခြင်းဖြင့် အဆီကျိတ်သည်ကြောက်စရာမဟုတ်ပါ။ သို့သော် အဆီကျိတ်လေးမှ အလျင်အမြန်ကြီးထွားလာခြင်း ၊ နာလာခြင်း ၊ သွေးထွက်သွေးယိုခြင်းများဖြစ်လာသော် နီးစပ်ရာဆေးရုံဆေးခန်းသို့အလျင်အမြန်ပြသင့်ကြောင်း အကြံပြုပါသည်။

Name | ဒေါက်တာ ဆုဝေမွန် |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center) |
Topic | Paediatric surgery Paediatric medicine Child psychiatry |
Address | Yangon |