အဆုတ်ကင်ဆာ ဟာကမ္ဘာပေါ်မှာ အဖြစ်အများဆုံးနဲ့ သေဆုံးမှုအများအပြားဖြစ်စေတဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အဖြစ်အများဆုံး နံပါတ် ၁ ကင်ဆာဖြစ်ပါတယ်။
ဒါကြောင့် အဆုတ်ကင်ဆာအကြောင်းသိကောင်းစရာလေးတွေကိုဖတ်ကြည့်လိုက်ရအောင်နော်
ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း
အဆုတ်ကင်ဆာဘာကြောင့်ဖြစ်လဲ
အဆုတ်ကင်ဆာကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းက ဆေးလိပ်သောက်ခြင်းနဲ့တဆင့်ခံဆေးလိပ်ငွေ့ရှူရှိက်မိခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ဆေးလိပ်ငွေ့မှာပါတဲ့ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေဟာ အဆုတ်နဲ့ လေပြွန် တလျှောက် မှာရှိတဲ့ ဆဲလ်တွေကိုပျက်စီးစေပြီး တဖြည်းဖြည်းနဲ့ကင်ဆာဖြစ်လာစေပါတယ်
ဘယ်သူတွေမှာအဆုတ်ကင်ဆာပိုဖြစ်နိုင်လဲ
- ဆေးလိပ်သောက်သူများ၊ တဆင့်ခံဆေးလိပ်ငွေ့ရှူနေရသူများ
- မကြာခဏအသက်ရှူလမ်းကြောင်းရောဂါဖြစ်တတ်သူများ ဥပမာ။ တီဘီရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ
- ဓာတ်ရောင်ခြည်ထိတွေ့မှုများသောသူများ
- စက်ရုံ၊ အလုပ်ရုံ၊ မိုင်းတွင်း သတ္တုတွင်းများတွင်အလုပ်လုပ်သူများ
- မိသားစုတွင်အဆုတ်ကင်ဆာဖြစ်ဖူးသူရှိခြင်း
အဆုတ်ကင်ဆာြဖစ်ရင်ဘယ်လိုလက္ခဏာတွေဖြစ်မလဲ
အဆုတ်ကင်ဆာဟာ ရောဂါအစောပိုင်းမှာ ဘာလက္ခဏာမှမပြတတ်ပဲ နောက်ပိုင်း ရောဂါရင့်လာမှ ဒီလိုလက္ခဏာတွေပေါ်လာတတ်ပါတယ်
- ရက်ရှည်ချောင်းဆိုးခြင်း
- ချောင်းဆိုးလျှင်သွေးပါခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူမဝခြင်း၊ မောခြင်း
- အသံပြောင်းသွားခြင်း (အသံဩလာခြင်း)
- အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျလာခြင်း
အဆုတ်ကင်ဆာမှန်းဘယ်လိုစမ်းသပ်သိရှိနိုင်မလဲ
အပေါ်မှာ ပြောထားတဲ့ ရောဂါလက္ခဏာတွေခံစားနေရတယ်၊ ဆေးလိပ်လည်း သောက်တယ်ဆိုရင် အမြန်ဆုံး နီးစပ်ရာဆေးရုံကိုသွားပြီး ကျွမ်းကျင်ဆရာဝန်နဲ့ပြသပြီးစမ်းသပ် ကုသမှုခံယူသင့်ပါတယ်
ဆရာဝန်မှ စမ်းသပ်စစ်ဆေးပြီး လိုအပ်သလို ရင်ဘတ်ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ အသားစ ယူ၍စစ်ဆေးခြင်းတို့ဖြင့် အဆုတ်ကင်ဆာကိုသိရှိနိုင်ပါတယ်
အဆုတ်ကင်ဆာမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ
- ဆေးလိပ်မသောက်ပါနဲ့
- အကယ်၍ ဆေးလိပ်သောက်နေတယ်ဆိုလျှင်လည်း ဆေးလိပ်ဖြတ်ဖို့ကြိုးစားပါ၊ ဆေးလိပ်ကို နှစ်ရှည်လများ စွဲသောက်ခဲ့လျှင်တောင် ဆေးလိပ်ဖြတ်လိုက်တာနဲ့တပြိုင်တည်း အဆုတ်ကင်ဆာြဖစ်ဖို့ ရာခိုင်နှုန်းကျသွားပါတယ်
- အနီးပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တဲ့သူရှိရင် ဝေးဝေးရှောင်ပါ
- စက်ရုံ၊ အလုပ်ရုံ၊ သတ္တုတွင်းများတွင်လုပ်နေပါက အကာကွယ်နှာခေါင်းစည်းတပ်ပါ
- ဗီတာမင်ကြွယ်ဝသောအသီးအနှံ နဲ့ အရွက်များများစားပေးပါ
- ကိုယ်လက်လှုပ်ရှား အားကစား တနေ့လျှင် နာရီဝက်အချိန်ပေးပြီး ပုံမှန်လုပ်ပေးပါ

ဒေါက်တာ စိုးမြင့်ဝင်း
M.B.B.S (YGN)
Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.
- အထွေထွေကျန်းမာရေးဆိုင်ရာ
- ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
- မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေး ရန်သိမှတ်ဖွယ်ရာမျးာ
- ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
- ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
- ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
- အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
- အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
- အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို
ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။
Parami General Hospital, Yangon