အထက်လှန်အောက်လျှောရောဂါနှင့် ကလေးအာဟာရ

ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း

မင်္ဂလာပါ ဒီနေ့တော့ ကလေးငယ်တွေအတွက် အဖြစ်များလေ့ရှိကြတဲ့ တိုက်ဖွိက်ရောဂါ(typhoid) မြန်မာလိုအထက်လှန်အောက်လျှော ရောဂါဖြစ်ပြီးနလန်ထစအချိန်မှာ မြန်မြန်နေကောင်းပြီးအားပြန်ပြည့်အောင်ဘယ်လိုအစားအစာတွေကျွေးသင့်သလဲ၊ ဘာတွေသတိထားကျွေးပေးဖို့လိုမလဲဆိုတာလေးပြောပြချင်ပါတယ်။

ဒီရောဂါဟာ မသန့်ရှင်းတဲ့အစားအစာ၊ရေတို့ကိုစားသုံးမိတာကြောင့်ဖြစ်တာဖြစ်ပါတယ်၊ ဒါကြောင့်ကလေးငယ်စားသုံးမဲ့အစားအစာဟာသန့်ရှင်းဖို့အလွန်အရေးကြီးပါတယ်။

ထို့အတူ ကလေးတွေဟာလဲနေမကောင်းဖြစ်နေတဲ့ဒီလိုအချိန်အတွင်းမှာ အစာစားချင်စိတ်မရှိတာ၊ ကျွေးရခက်တာ၊ပျို့အန်တာတွေဖြစ်တတ်တာကြောင့် ဒီအချိန်မှာ အစာအာဟာရ ကိုပိုမို သတိပြုအလေးထားပေးဖို့လိုအပ်ပါတယ်။

ဆေးကုသနေစဉ်အတွင်းမှာ တော့ကလေးငယ်တစ်ယောက်ချင်းစီရဲ့ ကျွေးရန် အစားအစာ ပမာဏ ၊ အရည်လား အရည်အဖတ်အရောလား အစာပျော့ပျော့ကျွေး ရမလားဆိုတာတော့ ဆေးကုသပေးနေတဲ့ကလေးအထူးကုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

နလန်ထစအချိန်တွေမှာတော့
(၁) ပမာဏ နဲနဲနဲ့ ကယ်လိုရီပမာဏ များများပေးနိုင်တဲ့အစားအစာတွေကိုရွေးချယ်ကျွေးပေးဖို့လိုအပ်ပါတယ်။
ဥပမာ ငှက်ပျောသီးပေါင်း၊ နို့ဆန်ပြုတ်၊အာလူးအစာသွတ်ပေါင်း အစ ရှိတဲ့ ပျော့ပျောင်းပြီးကစီဓာတ်များတဲ့အစားအစာ တွေကို ရွေးပြီးလုပ်ကျွေးသင့်ပါတယ်။

(၂) ကြက်ဉနဲ့ နွားနို့ ၊ဒိန်ချဉ်အစရှိတဲ့ အစားအစားတွေဟာ ပျော့ပျောင်းပြီး ပရိုတိန်း ဓာတ် များစွာပေးနိုင်တာကြောင့် ဒီလိုနလန်ထစအချိန်တွေမှာ အလွန် သင့်လျှော်ပါတယ်။

(၃) ရေဓာတ်ပြန်လည်ဖြည့်တင်းပေးရန် သစ်သီးဖျော်ရည် နှင့်အသီးအနှံများကို လည်းတစ်နေ့ ၂ ကြိမ်ခန့်ကျွေးပေးသင့်ပါတယ်။

(၄)အမျှင်ဓာတ်အရမ်းများတဲ့ အစားအစာ( oat meal ၊ ဂေါ်ဖီ၊ပဲအမျိုးမျိုး) တွေကိုတော့ အသင့်အတင့်ပမာဏသာ စားသင့်ပါတယ်။

(၅) အစပ်များလွန်းသော၊ ဆီများလွန်းသော ၊ ဆီနှင့်ကြော်ထား မုန့်သရေစာများ ကို ရှောင်ကြင်သင့်ပါတယ်။

(၆) အနံ့ပြင်းလွန်းသော ဟင်းခတ်အမွှေးအကြိုင်၊ကြက်သွန်ဖြူ ၊ ကြက်သွန်နီတို့ကို ပမာဏ အနည်းငယ်သာ အသုံးပြုသင့်ပါတယ်။

Name ဒေါက်တာ စိုးမြင့်ဝင်း
Degrees M.B.,B.S (ygn)
Biography Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.
Topic
  • အထွေထွေကျန်းမာရေးဆိုင်ရာ
  • ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
  • မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေးရန်သိမှတ်ဖွယ်ရာများ
  • ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
  • ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
  • အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
  • အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို
  • ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။

Address Parami General Hospital
en_US