အနာပဆုပ်
ရေးသားသူ – ဒေါက်တာ ဆုဝေမွန်
အနာပဆုပ် ဟူသည် eng အခေါ်အဝေါ် carbuncle မှ ဆင်းသက်လာခြင်းဖြစ်သည်။ တနည်းဆိုသော် ဆီးချိုရောဂါ ၊ တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း ၊ ထိခိုက်ရှနာအသေးစားလေးများ ၊ မွှေးကျွတ်နာမှ တဆင့်ပိုးဝင်ကာ အနာပဆုပ်ဖြစ်နိုင်သည်။
အဖြစ်များဆုံးနေရာများမှာ ဂုတ်ပိုးနှင့် ကျောဖက် လက်ပြင်နှစ်ခုကြားတို့ဖြစ်ကြသည်။ အနာပဆုပ်ဟုဆိုသည်နှင့် အနာပုံစံသည် အပေါ်ယံ အရေပြားကွာကျကာ ပြည်များစုနေပြီး အနာပုံစံမှာ နှင်းဆီပန်းအပွင့်လေးများ အဆုပ်လိုက်ပွင့်နေသည်နှင့်ပင်ဘအလားသဏ္ဍာန်တူကြသည်။
လူနာသည် အဖျားတက်နေနိုင်သည်။ အနာပဆုပ်ဖြစ်သည်ဟုဆိုသည်နှင် လူနာအားဆီးချိုရောဂါရှိမရှိ စစ်ဆေးပါ ဖြစ်နိုင်လျှင် အနာအားပိုးမွေးခြင်းပြုလုပ်သင့်သည်။
အနာပဆုပ်ဖြစ်လျှင် ပိုးသတ်ဆေးဖြင့်ရောဂါသက်သာအောင်ပြုလုပ်သည့်အပြင်ဆီးချိုရောဂါအခံရှိပါက ဆီးချိုကို ထိန်းချုပ်နိုင်ရန် ကြိုးစားသင့်သည်။ ထို့အပြင် အကိုက်အခဲပျောက်ဆေးများသုံးစွဲပြီး နာကျင်ခြင်းများကို လျော့နည်းစေနိုင်သည်။
အနာပဆုပ်ကို ကုသရန်နည်းလမ်းမှာ အနာပဆုပ်ဖြစ်သောပမာဏ သေးငယ်ပါက အနာပဆုပ်ဖြစ်ရာနေရာကို လှီးထုတ်ပြီး အရေပြားအသစ်အစားထိုးကပ်ပေးခြင်းပြုလုပ်နိုင်ပြီး အနာပဆုပ်ဖြစ်သောအရေပြားနေရာကြီးပါက ပထမဦးစွာ အနာကိုလှီးထုတ်၍ နေ့စဉ်ဆေးထည့်ပေးခြင်းပြုလုပ်ကာ အသားနုလေးများတက်လာသော အခါမှသာ အနာနေရာကို ပြန်ချုပ်ခြင်း သို့မဟုတ် အရေပြားအသစ်အစားထိုးကပ်ပေးခြင်းများပြုလုပ်နိုင်သည်။
ဤတွင် Dr ဆု တခုသတိပေးချင်သည်မှာ အနာပဆုပ်အား ခွဲစိတ်ရာတွင် မကောင်းသည့်အရေပြားများကို တတ်နိုင်သလောက် ကုန်စင်စေရန်လိုအပ်သည်။

Name | ဒေါက်တာ ဆုဝေမွန် |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center) |
Topic | Paediatric surgery Paediatric medicine Child psychiatry |
Address | Yangon |