အဖြစ်များတဲ့အရိုးကျီးပေါင်းရောဂါ

ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)

အရိုးကျီးပေါင်းရောဂါဆိုတာ အဆစ်အမြစ်ရောင်ရောဂါများထဲမှ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အရိုးနှစ်ခုကြားခံ အရွတ်ကြာရှည်တိုက်စားပျက်စီးရာမှ ဖြစ်ပွားနိုင်ပါတယ်။

အဖြစ်အများဆုံးနေရာတွေကတော့ လက်၊ တင်ပစုံ၊ ဒူးခေါင်းနဲ့ခါးရိုး တို့ပဲဖြစ်ပါတယ်။

ဘယ်လိုဝေဒနာတွေခံစားရမလဲ?

  • လှုပ်ရှားနေစဉ်နဲ့ လှုပ်ရှားမှုအပြီးမှာ ဖြစ်တဲ့ အရိုးအဆစ်နေရာတွင် နာကျင်နိုင်ပါတယ်။
  • အိပ်ရာနိုးနိုးချင်းနဲ့ မလှုပ်ရှားတာကြာတဲ့အခါမှာလည်း တောင့်တင်းနေတတ်ပါတယ်။
  • ဖိအားအနည်းငယ်ပေးရုံဖြင့်လည်းထိုနေရာတွင်နာကျင်မှုခံစားရပါတယ်။
  • အရိုးအတက်လည်းထွက်နိုင်ပါတယ်။
  • အပြည့်အဝလှုပ်ရှာဖို့လည်းခက်ခဲလာပါလိမ့်မယ်။
  • ယောင်ပြီးလည်းဖောင်းလာနိုင်ပါတယ်။

ဘယ်သူတွေမှာအဖြစ်များလဲ။

  • အသက်အရွယ်ကြီးခြင်း
  • အမျိုးသမီးများ
  • အဝလွန်ခြင်း
  • ယခင်ကအရိုးထိခိုက်ထားခြင်း
  • မျိုးရိုးထဲတွင်ရှိခြင်း
  • ဆီးချိုရောဂါသည်များ၊ သံဓာတ်စုပုံခြင်းရောဂါ

ဘာဆိုးကျိုးတွေခံစားရနိုင်သလဲ။
အရိုးကျီးပေါင်းရောဂါဟာ အချိန်ကြာတာနဲ့အမျှ ပိုဆိုးနိုင်သည့်အလျှောက် နာတာရှည် နာကျင်မှုကိုခံစားခြင်း၊ မိမိ၏နေ့စဉ်လုပ်ငန်းဆောင်တာနှောင့်နှေးခြင်းကိုပါဖြစ်စေနိုင်ပါတယ်။

ဒီရောဂါကို ဓာတ်မှန်ရိုက်ခြင်း၊ MRI ရိုက်ခြင်းတို့ဖြင့်ရှာဖွေနိုင်ပါတယ်။

ဘယ်လိုကုသမှုတွေပြုလုပ်နိုင်သလဲ?
ဆေးဝါးကုသမှုအနေနဲ့ကတော့ သာမန်နာကျဉ်မှုအတွက် Acetaminophan ပါသော ဆေးကိုသောက်သုံးနိုင်သည်။ (NSAID)အကိုက်အခဲပျောက်ဆေးအချို့သည် အစာအိမ်ကိုထိခိုက်နိုင်သည့်အလျောက် ဆရာဝန်ညွှန်ကြားချက်နှင့်သောက်သုံးသင့်သည်။

အရိုးအဆစ်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများလုပ်ဆောင်နိုင်သည်။ ရေကူးခြင်း ပုံမှန်လမ်းလျှောက်ခြင်းများလည်းလုပ်ဆောင်နိုင်သည်။

အခြားကုသမှုအနေနဲ့ကတော့ အရိုးနှစ်ခုဆက်ရာနေရာသို့ Steroid ထိုးခြင်း၊ အရိုးတိုက်စားမှုသက်သာအောင်ကြားခံတွင် Hyaluronic acid ထိုးခြင်းပြုလုပ်နိုင်သည်။

သို့သော် ဤအရာများသည်ရေရှည်တွင်တိုးတက်မှုမရှိပါ။

ဒူးခေါင်းအဆစ်အစားထိုးခွဲစိတ်မှုပြုလုပ်နိင်ပါသည်။

Name Dr. Kyi Lei Hnin
Degrees M.B.,B.S (ygn)
Biography 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။
Topic
  • ကလေးကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာများ၊ အာဟာရပိုင်းဆိုင်ရာများ၊ ကျန်းမာရေးနဲ့ပတ်သက်သည်များ
  • လူကြီးများ၏နာတာရှည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးရောဂါများ နှင့် အထွေထွေရောဂါများအကြောင်း
  • သားဖွားမီးယပ်နှင့် မိန်းကလေးများနှင့်ပတ်သက်သည့်ရောဂါများအကြောင်း
  • စသည်တို့ကို ရင်းနှီးစွာ တိုင်ပင်ဆွးနွေးနိုင်ပါသည်။
Address Parami General Hospital
en_US