အမျိုးသားလိင်တံကင်ဆာ ဆိုတာ အမျိုးသားတွေမှာ ဖြစ်ကြပြီး စောစောသိရင်ပြန်ကောင်းအောင်ကုလို့ရတဲ့ကင်ဆာရောဂါ ဖြစ်ပါတယ်။

ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း

ဖြစ်တဲ့သူအရေအတွက်ကနည်းပေမဲ့ ဒီရောဂါလေးအကြောင်းသိအောင်အနည်းငယ်လေ့လာကြည့်ရအောင်။ ဘယ်လိုလူတွေမှာအဖြစ်များကြလဲ?

  • HPV ရောဂါပိုးရှိသူတွေ
  • အသက်၆၀အထက်အမျိုးသားကြီးတွေ
  • HIV ,AIDS ရောဂါရှိသူတွေ
  • လိင်တံအရေပြား က ထိပ်ကပိတ်နေပြီး သန့်ရှင်းဖို့ခက်သူတွေ
  • လိင်တံကြီးဖို့အတွက် ဆေးထိုးသူ၊လိင်တံမှာလိင်ခံစားမှုနှိုးဆွရန် ပစ္စည်းတွေထိုး မြုပ်ထားကြသူအမျိုးသားတွေဟာ ပိုဖြစ်ကြပါတယ်။

ဘယ်လို လက္ခဏာတွေခံစားရတတ်သလဲ

  • လိင်တံအရေပြားထူလာတာ၊အရောင်ပြောင်းလာတာ
  • လိင်တံမှာ အဖု အလုံးအကြိတ်ပေါ်လာတာ
  • လိင်တံမှာ အပြာရောင် သို့မဟုတ်အညိုရောင် အဖုအကြိတ်တွေထွက်လာတာ
  • လိင်တံအရေပြားအောက်နဲ့အတွင်းထဲမှာ အနံ့ နံ တဲ့အရည်တွေ ထွက်တာ
  • လိင်တံ နာကျင်တာ၊သွေးထွက်တာ
  • လိင်တံအခြေဝိုက်နဲ့ပေါင်ခြံတဝိုက်မှာ အလုံးအကြိတ်တွေထွက်လာတာ စတဲ့ရောဂါလက္ခဏာတွေ ဖြစ်လာတတ်ပါတယ်

ဒီလိုလက္ခဏာတွေခံစားနေကြရရင်ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်စစ်ဆေးပေးသင့်ပါတယ်။
တိကျတဲ့အဖြေရဖို့အတွက်ဆရာဝန်ရဲ့စမ်းသပ်မှုတွေ၊ ဓာတ်မှန်ရိုက်တာ၊ ultrasound ရိုက်တာ ၊အသားစယူတာတွေ လုပ်ဖို့လိုအပ်ပါတယ်

ကုသမှုနည်းလမ်းတွေက တော့ လိမ်းဆေးပေးခြင်း၊ခွဲစိတ်ပေးခြင်း၊လေဆာနဲ့ဖြတ်ခြင်း၊လိင်တံအရေပြားဖြတ်ခြင်း မှစ၍ ဓာတ်ရောင်ခြည်ပြခြင်း၊လိင်တံတခုလုံးဖြတ်ထုတ်ခြင်းစတာတွေနဲ့ ရောဂါအဆင့်ဆင့်အလိုက်ကုသနည်းအများအပြားရှိကြပါတယ်။

ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ။
လိင်တံအရေပြားကို ဖြတ်ခြင်းဟာလိင်အင်္ဂါသန့်ရှင်းမှုအတွက်အထူးကောင်းမွန်ပါတယ်။ ဆေးလိပ်လျော့သောက်ပါ။
လိင်ဆက်ဆံတဲ့အခါလိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုကာကွယ်အောင်ကွန်ဒုံးအသုံးပြုပါ။

သင့်မှာတကယ်လို့အထက်ဖော်ပြပါ လက္ခဏာတစ်မျိုးမျိုးရှိနေရင် နီးစပ်ရာကျန်းမာရေးဆေးခန်းသို့မဟုတ် ကျန်းမာရေးဝန်ဆောင်မှုcallcenterတွေကနေတဆင့်ဆရာဝန်တွေနဲ့အမြန်ဆုံးတိုင်ပင်ဆွေးနွေးပေးသင့်ပါတယ်ခင်ဗျာ။

Source- wedmd (penilecancer)

ဒေါက်တာ စိုးမြင့်ဝင်း

M.B.B.S (YGN)

Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.

  • အထွေထွေကျန်းမာရေးဆိုင်ရာ
  • ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
  • မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေး ရန်သိမှတ်ဖွယ်ရာမျးာ
  • ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
  • ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
  • အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
  • အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို

ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။

Parami General Hospital, Yangon

en_US