အရိုးတွေ ကျန်းမာသန်စွမ်းအောင် ဘာအစားအစာတွေ စားသုံးသင့်သလဲ။
ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)
အစားအစာကိုသင့်တင့်မျှတစွာစားသုံးခြင်းဟာ ငယ်စဉ်မှစ၍သင့်ဘဝတစ်လျှောက် ကျန်းမာနိုင်သည့်အပြင် အရိုးများကျန်မာသန်စွမ်းအောင်လည်းအထောက်အကူပြုပါတယ်။
သင့်အရိုးအတွက်အဓိကလိုအပ်တဲ့ဓာတ်ကတော့ ကယ်လ်ဆီရမ် (calcium) ဓာတ်ပဲဖြစ်ပါတယ်။ ဒါ့အပြင်ခန္ဓာကိုယ်မှcalciumစုပ်ယူမှုအားကောင်းအောင် vitamin Dလုံလောက်စွားလည်းလိုအပ်ပါတယ်။
ထိုဓာတ်များချို့တဲ့ပါက အရိုးပွခြင်း၊ အရိုးကျိုးလွယ်ခြင်းများကိုဖြစ်စေနိုင်ပါတယ်။
ဘယ်လိုလူတွေမှာvitamin D ဓာတ်ချို့တဲ့နိုင်သလဲ။
- မိခင်နို့ သို့မဟုတ် နို့မှုန့်လုံလောက်စွာမရရှိသောကလေးများ
- နာတာရှည်အိမ်ထဲတွင်နေရသောရောဂါသည်များ
- သွေးဆုံးပြီးအမျိုးသမီးများ
ဘယ်လိုအစားအစာတွေစားသုံးသင့်သလဲ။
သာမန်လူကြီးတစ်ယောက်ဟာ calcium ဓာတ် ၇၀၀mg လိုအပ်ပါတယ်။ ထိုလိုအပ်သောဓာတ်သည် အစားအစာကိုသင့်တင့်မျှစွာစားသုံးခြင်းဖြင့် ဖြည့်စွမ်းနိုင်ပါသည်။
Calcium ကြွယ်ဝသောအစားအစာတွေကတော့
- နို့နှင့်နို့ထွက်ပစ္စည်းများ
- ပန်းဂေါ်ဖီ၊ broccoli
- ပဲပိစပ်
- တို့ဖူး
- ပဲနို့ရည်
- အရိုးပါဝါးစား၍ရသောငါးများ
Vitamin D ကြွယ်ဝသောအစားအစာများကတော့
- ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး
- ကြက်ဥ
- ချိစ်
- Vitamin D ကိုနေရောင်ခြည်မှလည်းရရှိနိုင်ပါတယ်။
Vitamin D ချို့တဲ့ပါက သောက်သုံးရန်လိုအပ်တဲ့ ပမာဏကို ဆရာဝန်နှင့်တိုင်ပင်ပြီးမှသောက်သုံးသင့်ပါတယ်။ Vitamin Dပမာဏ လိုအပ်သည်ထက်ပိုသွားပါက လူကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

Name | Dr. Kyi Lei Hnin |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။ |
Topic |
|
Address | Parami General Hospital |