အရိုးပါးပွရောဂါ

ရေးသားသူ – ဒေါက်တာ ခင်ဆွေသက်

အရိုးပွရောဂါ ဆိုတာကတော့ အရိုးတွေအားနည်း လာတဲ့အခါကျိုးလွယ်တာမျိူးဖြစ်လာတတ်တဲ့အခြေအနေကိုပြောတာပါ။ ပုံမှန်တော့ အရိုးအခြေအနေကို သတိပြုမိလေ့မရှိပဲ ချော်လဲရာတို့မှ အရိုးကျိုးရင်းသတိ ပြုမိလေ့ရှိပါတယ်။

ပုံမှန်ကျိုးလေ့ရှိတဲ့အရိုးတွေကတော့ လက်ကောက်ဝတ် ၊ တင်ပဆုံရိုး နဲ့ ခါးဆစ်ရိုးတို့ဖြစ်ပါတယ်။ တခြားနေရာတွေမှာလည်း ဖြစ်လေ့ရှိပါတယ်။ ပုံမှန်တော့ အရိုးပွရောဂါဟာ နာကျင်မှုပြသလေ့မရှိပါဘူး။

အရိုးပွရောဂါကို ကာကွယ်ဖို့အတွက်အရိုးအားကောင်းတဲ့ ဆေးတွေသောက်လို့ရပါတယ်။

အရိုးပွါးရခြင်း အကြောင်းအရင်းများကတော့

  • ရာသီသွေးဆုံးတာစောခြင်း
  • သားအိမ်ထုတ်ထားခြင်း
  • ရာသီမလာတာ 6 လကျော်ခြင်း
  • စတီးရွိက်ဆေးများရေရှည်သောက်သုံးနေခြင်း
  • ဟော်မုန်းနဲ့ပတ်သတ်သော ၊ ယောင်ယမ်းတတ်သော ရောဂါအခြေအနေများရှိခြင်း
  • မိသားစုအတွင်းအရိုးပွရောဂါရှိခြင်း
  • အစာစားခြင်းနှင့်ပတ်သတ်သောရောဂါရှိခြင်း
  • ကိုယ်အလေးချိန်အညွှန်းကိန်းနည်းခြင်း
  • လေ့ကျင့်ခန်းမှန်မှန်မပြုလုပ်ခြင်း
  • အရက်ဆေးလိပ်အလွန်အကျွံ့သောက်သုံးခြင်း

တို့ကြောင့်အဖြစ်များပါတယ်။

အရိုးပွရောဂါရှိမရှိကို Dexa Scan လို့ခေါ်တဲ့အရိုးသိပ်သည်းဆတိုင်းကြည့်တဲ့စက်နဲ့ စစ်ဆေးလို့ရပါတယ်။

အကယ်၍များဆေးသောက်ဖို့လိုလာတဲ့အခါ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးသောက်ဖို့လိုအပ်ပါတယ်။

အရိုးပွရောဂါရှိတဲ့အခါ ချော်လဲမှု မရှိအောင် ထိမိခိုက်မိတာမျိူး နည်းအောင်ပိုသတိထားရပါတယ်။

အရိုးပွရောဂါကို ကာကွယ်ဖို့အတွက်အရိုးအားကောင်းတဲ့ ဆေးတွေသောက်လို့ရပါတယ်။ Calcium နဲ့ vitamin D များ တဲ့အစားအစာတွေစားသုံးဖို့လည်းလိုပါတယ်။

အရိုးရဲ့ သိပ်သည်းဆနည်းလာတဲ့အခါ မှာ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်တာမျိူး၊ အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်တာမျိူး၊ အာဟာရပြည့်ဝစွာစားသုံးတာမျိူး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေစားသုံးခြင်း၊ တို့ဖူး၊ ဒိန်ချဥ် ဆော်လမွန် ၊ ငါးသေတ္တာငါး အနီရောင်ရှိတဲ့အသား ကြက်ဥအနှစ် စားပေးလို့ရပါတယ်။

ဆေးလိပ်အရက်လျော့သောက်တာမျိူး ၊ နေရောင်ခြည်အောက်မှာလမ်းလျောက်တာမျိူး စသည်တို့လုပ်ပေးလို့ပါတယ်။

Ref – NHS

Name ဒေါက်တာ ခင်ဆွေသက်
Degrees
Biography
Topic
Address
en_USEN