အရိုးပွရောဂါအကြောင်း သိကောင်းစရာ
ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)
အရိုးပွရောဂါဖြစ်လျှင် အရိုးများအလွယ်တကူ ကျိုးနိုင်သည် ကြေမွပျက်စီးနိုင်သည်။ ဖိအားအနည်းငယ်ပေးရုံမျှနှင့် အရိုးကျိုးခြင်းကိုဖြစ်စေနိုင်သည်။ ပုံမှန်ဆိုလျှင် ဟောင်းသွားသောအရိုးဆဲလ်များသည် ဆဲလ်အသစ်များဖြင့်အစားထိုးလည်ပတ်နေသည်။ အရိုးပွခြင်းတွင် ဆဲလ်အသစ်များလုံလောက်စွာအစားမထိုးနိုင်ပဲ ယိုယွင်းအားနည်းသောအရိုးများ ဖြစ်လာသည်။
အရိုးပွရောဂါတွင် အစောပိုင်းတွင်တော့လက္ခဏာမပြပါ။ တဖြေးဖြေးကြာလာသည်နှင့်အမျှ ခါးနာခြင်း၊ ခါးကုန်းလာခြင်း၊ အရိုးကျိုးလွယ်ခြင်းများဖြစ်ပေါ်နိုင်သည်။
အရိုးပွခြင်းကို အသက်ကြီးသူများနှင့် မိန်းမများတွင်ပို၍တွေ့ရသည်။ မိသားစုမျိုးရိုးရှိသူများတွင်လည်းပို၍ဖြစ်ပွားနိုင်သည်။
တခြားဖြစ်ပွားစေနိုင်တဲ့အကြောင်းအရင်းတွေကတော့
- estrogen နည်းပါးခြင်း
- thyroid (သိုင်းရွိုက်) ဟော်မုန်းများခြင်း
- calcium ချို့တဲ့ခြင်း
- အစာအာဟာရချို့တဲ့ခြင်း
- စတီးရွိုက်ပါသောဆေးများရေရှည်သောက်သုံးနေရခြင်း
- လှုပ်ရှားမှုနည်းပါးခြင်း
- အရက်အလွန်အကျွံသောက်သုံးခြင်း
- ဆေးလိပ်သောက်ခြင်း
အရိုးပွရောဂါကို ဘယ်လိုကာကွယ်ကြမလဲ
- protein (အသားဓာတ်) ပါသောအစားအစာများစားသုံးခြင်း
- ခန္ဓာကိုယ်အလေးချိန်ပုံမှန်အတွင်းထိန်းသိမ်းခြင်း
- calciumကြွယ်ဝသော အစားအစားများ(နို့နှင့်နို့ထွက်ပစ္စည်း၊ တို့ဖူး၊ salmon) စားသုံးခြင်း
- vitamin D လိုအပ်လျှင် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်သုံးခြင်း
- လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း
အရိုးပွရောဂါရောဂါဖြစ်လျှင် သက်ဆိုင်ရာဆရာဝန်နှင့်တိုင်ပင်ပြီး သက်ဆိုင်ရာအရိုးဆေးများသောက်သုံးရန်လိုအပ်ပါသည်။

Name | Dr. Kyi Lei Hnin |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။ |
Topic |
|
Address | Parami General Hospital |