မေမေတစ်ယောက် အနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ သန္ဓေသားလေး ဖွံ့ဖြိုးတာကို ဂရုတစိုက် စောင့်ကြည့်ရသလို မွေးဖွားပြီးတဲ့အခါမှာလည်း ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မပြတ် လေ့လာနေရတယ်နော်။

သူတို့လေးတွေ ဘယ်အချိန်မှာ ဦးခေါင်းထောင်လာနိုင်လဲ၊ ဘယ်အချိန်မှာ သွားလေးပေါက်လဲ ဆိုတာကို လေ့လာနေရတာကိုက မေမေတို့အတွက် ပျော်ရွှင်ကြည်နူးစရာ ဖြစ်မှာပါ။

ကဲ… အခုလည်း မေမေတို့ရင်ခုန်ကြည်နူးစွာ စောင့်ကြည့်နိုင်ဖို့အတွက်သားသားမီးမီးလေး လမ်းလျှောက်ပြီးနောက်ပိုင်းမှာ ဘာတွေဖွံ့ဖြိုးတိုးတက်မလဲဆိုတာကို မျှဝေပေးမယ်နော်..

  • ကလေးတွေက မွေးပြီး ၃ လကနေ ၆ လအတွင်းမှာ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေ ဖွံ့ဖြိုးသန်စွမ်းလာကြပါတယ်။
  • ၉ လကနေ ၁ နှစ်ခွဲအတွင်းမှာတော့ လမ်းလျှောက်နိုင်လာပြီပေါ့။
  • လမ်းလျှောက်တတ်ပြီး နောက်ပိုင်းရော ဘာတွေဆက် ဖွံ့ဖြိုးမလဲ?

မေမေ့ ကလေးငယ်လေးဟာ အသက် ၁၄ လအရွယ်မှာတော့ တစ်ယောက်တည်း မတ်တပ်ရပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပြန်လျှောက်ဖို့တောင် ကြိုးစားကောင်း ကြိုးစားနေနိုင်ပါတယ်။

  • ၁၅ လမှာတော့ သူလေးက ကောင်းကောင်းလမ်းလျှောက်နိုင်လာပါပြီ။
  • ၁၆ လမှာတော့ သူလေးဟာ လှေကားတွေကို အတက်အဆင်းပြုလုပ်ဖို့အတွက် စတင်စိတ်ဝင်စားလာပြီပဲ ဖြစ်ပါတယ်။
  • နောက်နှစ်မွေးနေ့မှာတော့ လှေကားအတက်အဆင်းကို မေမေ့အကူအညီမယူဘဲ ပြုလုပ်နိုင်လောက်ပါပြီ။

၁၈ လ ပြည့်ပြီးချိန်မှာတော့ ကလေးငယ်လေးဟာ

  • လမ်းလျှောက်ကျွမ်းကျင်သူလေး ဖြစ်နေတဲ့အပြင် လှေကားတွေကို အသုံးပြု ပြီး အပေါ်တက်တတ်နေပြီပဲ ဖြစ်ပါတယ်။
  • ဒါပေမဲ့ အောက်ကိုဆင်းနိုင်ဖို့ကတော့ အချိန်အနည်းငယ်လိုပါသေးတယ်။
  • ဒီအချိန်မှာ ဘောလုံးကို ကန်ပြီးဆော့ကစား နေနိုင်ပြီဖြစ်သလို ဂီတသံတွေနဲ့အတူ လိုက်ပါ ကနေနိုင်ပါပြီ။
  • ၂၅လ နဲ့ ၂၆ လ မှာတော့ သူလေးဟာ ကောင်းကောင်းခုန်နေနိုင်ပြီဖြစ်သလို တစ်ခါတစ်ရံမှာ မေမေ့ရဲ့ ဖိနပ်တွေကိုပါ လိုက်စီးနေနိုင်ပါတယ်။
  • သုံးနှစ်မြောက်မွေးနေ့မှာတော့ တေးဂီတတွေ၊ ဘောလုံးတွေနဲ့ အခြားလှုပ်ရှားမှုတွေကို မေမေတို့ ပြင်ဆင်ထားသင့်ပါပြီ။

ဒီအချိန်မှာ သူလေးက ကောင်းကောင်းလမ်းလျှောက်ရုံသာမက ခုန်နေနိုင်ပြီ၊ အပေါ်အောက် အတက်အဆင်း လုပ်နေနိုင်ပြီလေ။ ပြီးတော့ ခြေထောက်တစ်ဖက်တည်းနဲ့ ရပ်နေနိုင်ပြီ။ အချိန်ကြာကြာကြီးတော့ မဟုတ်ဘူးပေါ့နော်။

မေမေ့ရဲ့ သားသားမီးမီးလေးက အသက်ဘယ်လောက်ရှိနေပြီလဲ?? ဘယ်လို ဖွံ့ဖြိုးမှုတွေ ရှိနေပြီလဲဆိုတာကိုလဲပြောပြသွားပါဦး

en_US