ဒီအကြောင်းလေးကတော့ ဖေဖေ မေမေတို့ စိတ်ဝင်စားနိုင်တဲ့ topic လေးတစ်ခုလို့မြင်ပါတယ်။ အဲ့ဒါဘာလဲဆိုတော့ အိမ်က ကလေးငယ်လေးတွေ ရဲ့ screen time ကို ဘယ်လို သတ်မှတ်ပေးလို့ ရနိုင်လဲ။ ဘယ်လို လျှော့ချ ပေးနိုင်မလဲ။ မလျှော့ချလိုက်ရင်ရော ဘယ်လို အကျိူးဆက်တွေ ရလာနိုင်လဲ ဆိုတဲ့ topic လေးဘဲဖြစ်ပါတယ်။
ကလေးငယ်လေးတစ်ယောက်ရဲ့ screen time ကို သတ်မှတ်တော့ မယ်ဆိုရင်-
- ပထမဦးဆုံး သူတို့ ရဲ့ စံနမူနာ ဖြစ်တဲ့ ဖေဖေ မေမေ တွေရဲ့ screen time ကို ကလေးတွေ ရဲ့ အရှေ့ မှာ အရင်ဆုံး လျှော့ချပေးဖို့ လိုပါတယ်။ ကလေးငယ်လေးတွေနဲ့ အတူ ရှိနေချိန်မှာ ဖေဖေ မေမေတို့က အတတ်နိုင်ဆုံး ဖုန်းသုံးတာတွေ ၊ tv ကြည့်တာတွေကို လျှော့ပေးဖို့ လိုပါမယ်။
- အိမ်မှာ လျှပ်စစ်ပစ္စည်းတွေ မထားတဲ့ ၊ မသုံးရတဲ့ အခန်း သပ်သပ် သတ်မှတ်ပေးထားပါ။ ဥပမာ- ထမင်းစားခန်း ၊ အိပ်ခန်း တွေ မှာ မိသားစု တွေ စုံစုံညီညီ ထမင်းစားသုံးပြီး စကားလက်ဆုံ ပြောလို့ ရတဲ့ အခန်းအဖြစ် သီးခြားသတ်မှတ်ထားပါ။
- ကလေးငယ်လေးတွေ ကို ဆုပေး ၊ ဒဏ်ပေး အဖြစ် ဖုန်းတွေ tablet တွေ ပေးသုံးတာ၊ ပေးမသုံးတာက နည်းလည်း မမှန်ပါဘူး။ သူတို့ကို ဒီလို screen ကို အကြာကြီး ကြည့်ပြီး အသုံးပြုခြင်းက မျက်လုံးအတွက် ဘယ်လို ထိခိုက်နိုင်တယ်၊ အိပ်ချိန်တွေ မမှန်တာတွေ ဖြစ်နိုင်တယ်ဆိုတာ ကို နားလည်အောင် ရှင်းပြထားပါ။
- မိသားစု နဲ့ အချိန်ပိုပေးပါ။ အိမ်နားမှာ လမ်းလျှောက်ထွက်ခြင်း ၊ ကလေးနဲ့ အတူဆော့ပေးခြင်း ၊ အားလပ်ရက်များမှာ ခရီးထွက်ပေးခြင်း ၊ စာဖတ်ပေးခြင်း အလေ့အထများကို သင်ကြားပေးပါ။ ဖေဖေ မေမေတို့က ကလေး ငြိမ်ရင်ပြီးရော ဆိုပြီး ဖုန်းပေးဆော့တာမျိုး ၊ tv ပေးကြည့်တာမျိုးတဲ့ အကျင့်ကို မသင်ပေးပါနဲ့။
ကလေးငယ်လေး တစ်ယောက် screen time သတ်သတ်မှတ်မှတ် မရှိခဲ့လျှင်-
ကလေးငယ် များရဲ့ မျက်လုံးဟာ အင်မတန် နုနယ်ပါတယ်။ screen က လာတဲ့ ကာလာ အရောင်စုံများကို မျက်လုံးများတွင် စုစည်းသွားတဲ့ အခါမှာ ကလေးများရဲ့ မျက်ရည်များ ခမ်းခြောက်သွားတတ်ပါတယ်။ အဲ့အတွက် မျက်လုံး ကို ကြိမ်ဖန်များစွာ ပုတ်ခတ်ခြင်း၊ အမြင်ဝါးလာခြင်းတို့ ဖြစ်နိုင်ပါတယ်။
screen ကို အချိန် ကြာမြင့်စွာ ကြည့်နေခြင်းက ကလေးငယ်များရဲ့ အာရုံစုစည်းမှုတို့ကို လည်း လျှော့နည်း သွားစေပါတယ်။ ကျောင်းစာမှာ ဘဲဖြစ်ဖြစ် ၊ လူတွေနဲ့ စကားပြောတဲ့ အခါမှာဘဲ ဖြစ်ဖြစ် အာရုံစုစည်းမှုမရှိတော့ဘဲ screen ကိုသာ အာရုံ စိုက်လိုစိတ် တွေ ဖြစ်စေနိုင်ပါတယ်။