အူစွပ်ခြင်းအန္တရာယ်
ရေးသားသူ – ဒေါက်တာ ဆုဝေမွန်
အူစွပ်ခြင်းဆိုသည်မှာ အသက်၆လမှ ၉လအတွင်းကလေးများတွင် အဖြစ်များသော အရေးပေါ်အခြေအနေတခုဖြစ်သည်။ ကလေးသည် ချော့မရအောင်အလွန်အကျွံငိုနေခြင်း အန်ခြင်း အနီရောင် jelly တုံးလိုမျိုး ဝမ်းအတုံးများသွားနေခြင်း ဗိုက်ကြီးဖောင်းလာခြင်း ဗိုက်တွင် အလုံးစမ်းမိခြင်း နှင့် အဖျားတက်ခြင်း အစရှိသည်တို့ဖြစ်နိုင်သည်။
အူစွပ်သောကလေးတယောက်တွင် အရေးကြီးဆုံးမှာ ခန္ဓာကိုယ်ရှိဆားဓာတ်များမျှတနေဖို့ဖြစ်သည်။ ထိုသို့မျှတစေရန် ပုလင်းကြီးများချိတ်ခြင်း အစာအိမ်နှင့်အူလမ်းကြောင်းကို အနားပေးခြင်း ဓာတ်မှန်ရိုက်ခြင်း အာထရာစောင်းရိုက်ခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးရမည်။ ထို့ကြောင့် ကလေးတယောက် အူစွပ်ခြင်း အရိပ်အယောင်များပြသသည်နှင့်ဆေးရုံသို့လာကာ ဆေးကုသမှုချက်ချင်းခံယူသင့်သည်။
အူစွပ်သည်ဆိုသည်နှင့် အာထရာစောင်းတွင် အူ၏အခြေအနေကောင်းမွန်ခြင်းရှိမရှိကြည့်ကာ အူအခြေအနေကောင်းနေသေးပါက စအိုဝမှရေထိုးသွင်း၍ အူစွပ်တာကျွတ်မကျွတ်ကြည့်ခြင်း ( hydrostatic reduction ) သို့မဟုတ် လေထိုးသွင်း၍ အူစွပ်တာကျွတ်မကျွတ်ကြည့်ခြင်း ( pneumatic air reduction )နည်းလမ်းကိုသုံးပါသည် အူစွပ်တာ ကျွတ်ထွက်သွားပါက ခွဲစိတ်ရန်မလိုအပ်တော့ပါ။
သို့သော် အူစွပ်ခြင်းသည် ၄၈နာရီကျော်ကြာမြင့်နေခြင်း သွေးဆိပ်သင့်ခြင်း ဗိုက်ကြီးအရမ်းဖောရောင်နေခြင်း တို့ရှိနေပါက hydrostatic reduction နည်း သို့မဟုတ် pneumatic air reduction နည်းကို အသုံးမပြုတော့ပဲ အရေးပေါ် ခွဲစိတ်ခြင်းကိုသာ ရွေးချယ်ပါသည်။
အူစွပ်ခြင်းသည် ကလေးများတွင်အဖြစ်အများဆုံးဖြစ်သည့်အတွက် သားသားမီးမီးလေးများသေချာကြည့်ရှုကာ ရောဂါလက္ခဏာဆင်တူသည်များရှိပါက ချက်ခြင်းဆေးရုံသို့လာပြရန်အကြံပြုပါသည်။

Name | ဒေါက်တာ ဆုဝေမွန် |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center) |
Topic | Paediatric surgery Paediatric medicine Child psychiatry |
Address | Yangon |