ဦးနှောက်နှင့် အာရုံကြောအတွက်အာဟာရ

ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)

အစာကိုသင့်တင့်မျှတစွာစားသုံးခြင်းဟာကိုယ်ပိုင်းဆိုင်ရာကိုသာမကစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်းအထောက်အကူပြုပါတယ်။

ထိုအထဲမှာမှ ဦးနှောက်ဟာလည်းကျန်းမာစွာအလုပ်လုပ်နိုင်ဖို့ စွမ်းအင်ကို အစားအစာတချို့မှရရှိပါတယ်။ ဦးနှောက်နှင့်အာရုံကြောပိုကောင်းမွန်စွားလုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုတဲ့ အစားအစာများကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။

၁) အစိမ်းရောင်ပါရှိသောဟင်းသီးဟင်းရွက်များ
VitaminB အုပ်စု၊ VitaminC၊ VitaminE နဲ့ မက်ဂနီဆီယမ်တို့ပါဝင်သောကြောင့်အာရုံကြောအားကောင်းဖို့အထောက်အကူပြုပါတယ်။

Vitamin E နဲ့ vitamin C အုပ်စုဟာအာရုံကြောပျက်စီးခြင်းကိုလည်းကာကွယ်ပေးပါတယ်နော်။

၂) ငါးအမျိုးမျိုး
နာဗ်ကြောလေးတွေကိုအုပ်ထားတဲ့ အလွှာလေးမှာ fatty acidဆိုတဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်။

Fatty acidချို့တဲ့လျှင် နာဗ်ကြောလေးတွေအလွယ်တကူပျက်စီးနိုင်ပါတယ်။ ငါးသတ္တဝါမှာတော့ omega3 fatty acidပါဝင်လို့အာရုံကြောအလွှာပျက်စီးခြင်းကိုကာကွယ်နိုင်ပါတယ်။

၃) Broccoli
Broccoli မှာ Vitamin K ဓာတ်ကြွယ်ဝတဲ့အတွက်မှတ်ညဏ်စွမ်းအားကိုတိုးတက်စေပါတယ်။

၄) ကြက်ဥ
ကြက်ဥမှာ choline နဲ့ vitamin B အုပ်စုပြည့်စုံစွာပါဝင်ပါတယ်။ Choline ဟာမှတ်ဉာဏ်အားကိုကောင်းစေသလို အာရုံကြောအချင်းချင်းချိတ်ဆက်တဲ့နေရာမှာလည်းအထောက်အကူပြုပါတယ်။

၅) ထောပတ်သီး
ထောပတ်သီး မှာတော့ Vitamin K နဲ့ folate ပါဝင်တဲ့အတွက် ဦးနှောက်တွင်သွေးခဲပိတ်ခြင်း လေဖြတ်ခြင်းတို့မှကာကွယ်ပေးပါတယ်။

ထို့အပြင်အာရုံစူးစိုက်မှုအားကိုလည်းကောင်းစေပါတယ်။
နောက်တစ်ချက်ကတော့တခြားအသီးတွေနဲ့ယှဉ်ရင် ပရိုတင်းဓာတ်မြင့်မားစွာပါဝင်ပြီး သကြားဓာတ်ပါဝင်မှုလည်းနည်းပါတယ်။

၆) ဖရုံစေ့
ဖရုံစေ့ဟာ မက်ဂနီဆီယမ်၊သံဓာတ်၊Zinc(ဇင့်ဓာတ်) ကြွယ်ဝစွာပါဝင်သောကြောင့်ဦးနှောက်ကို အန္တရာယ်ပေးနိုင်တဲ့ဆဲလ်တွေလာတိုက်ခြင်းမှလည်းကာကွယ်ပေးပါတယ်။

Name Dr. Kyi Lei Hnin
Degrees M.B.,B.S (ygn)
Biography 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။
Topic
  • ကလေးကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာများ၊ အာဟာရပိုင်းဆိုင်ရာများ၊ ကျန်းမာရေးနဲ့ပတ်သက်သည်များ
  • လူကြီးများ၏နာတာရှည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးရောဂါများ နှင့် အထွေထွေရောဂါများအကြောင်း
  • သားဖွားမီးယပ်နှင့် မိန်းကလေးများနှင့်ပတ်သက်သည့်ရောဂါများအကြောင်း
  • စသည်တို့ကို ရင်းနှီးစွာ တိုင်ပင်ဆွးနွေးနိုင်ပါသည်။
Address Parami General Hospital
en_US