၀မ်းပျက်ဝမ်းလျှော ရောဂါဆိုတာ
ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ တစ်နေ့တာအတွင်း သုံးကြိမ် (သို့) သုံးကြိမ်ထက်ပိုပြီး အရည်ကျဲကျဲဝမ်းသွားခြင်း (သာမန်ထက် အကြိမ်ရေများခြင်း) ကိုဆိုလိုပါတယ်။
ကမ္ဘာပေါ်ရှိ အသက်၅နှစ်အောက် ကလေးများ သေဆုံးရခြင်းအကြောင်းအရင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ မှာ ဒုတိယနေရာတွင် ရပ်တည်နေပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အများဆုံး ဖြစ်ပွားလေ့ရှိသော ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ၁.၇ဘီလီယံမျှသော ကလေးများဟာ နှစ်စဉ်သေဆုံးနေကြရပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားရသော အကြောင်းအရင်းများ
- မသန့်ရှင်းသော အစားအသောက်နှင့် ရေများမှတစ်ဆင့် ဘက်တီးရီးယား ၊ ဗိုင်းရပ်စ်နှင့် ကပ်ပါးပိုးများ အူလမ်းကြောင်းသို့ ဝင်ရောက်လာခြင်းကြောင့် လည်းကောင်း
- အစာအာဟာရစုံလင်စွာ မစားရသောကြောင့်လည်းကောင်း
- သောက်သုံးနေရသော ဆေးဝါးများကြောင့် လည်းကောင်း
- မတည့်သော အစားအသောက်များကြောင့် လည်းကောင်း
တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အထများဖြစ်သည့် အစားမစားမီနှင့် အိမ်သာသွားပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း ၊မီးဖိုချောင်သန့်ရှင်းရေး အားနည်းခြင်း စသည့်အချက်များကြောင့် လည်းကောင်း ဖြစ်ပွားနိုင်ပါသည်။
ဝမ်းပျက်ဝမ်းလျှောခြင်း၏လက္ခဏာများ
- သုံးကြိမ် (သို့) သုံးကြိမ်ထက်ပိုပြီး အရည်ကျဲကျဲဝမ်းသွားခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်း
- ခြေဖျားလက်ဖျားအေးလာခြင်း
- ဆီးသွားနည်းခြင်း
- အဖျားကြီးခြင်း
- မှိန်းနေခြင်း
- ဗိုက်ရစ်နာခြင်း
- ပျို့အန်ခြင်း
- မျက်တွင်းများချိုင့်နေခြင်း
- ကတ္တရာစေးကဲ့သို့ဝမ်းအရောင်မည်းမည်းသွားခြင်း
ထိုကဲ့သို့သော လက္ခဏာများကို တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွား၍ ဆေးကုသမှုခံယူနိုင်ပါသည်။
ဆောလျင်စွာ ကုသမှုခံယူပါက ကလေးငယ်၏ရောဂါလက္ခဏာများ ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပျောက်ကင်းသက်သာနိုင်ပါသည်။