၂၀၂၀ မှာ ဂေါ်လ် လီ စားပြီး ဝိတ်ချကြမလား

ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း

မင်္ဂလာပါ ခင်ဗျာ
ကျွန်တော်ဒီနေ့ ပြောပြပေးချင်တဲ့ အကြောင်းကတော့ ဒီနေ့ ခေတ် နောက်ပိုင်း အထူးသဖြင့် US မှာ ခေတ်စားနေတဲ့ တကယ့် နိုင်ငံတကာက celebrity မင်းသားမင်းသမီးနာမည်ကျော် အဆိုတော်တွေက အစ လိုက်သောက်နေတဲ့ ဝိတ်ကျစေတယ် ဆိုတဲ့ Goli အကြောင်းပဲဖြစ်ပါတယ်

Goli ဟာ တကယ်တော့ (apple cider vinegar)ပန်းသီးဗီနီကာ ကို ဝါးစားလို့လွယ်အောင် သောက်လို့ လွယ်အောင်လုပ်ထားတဲ့ GummySupplement တမျိုးပဲဖြစ်ပါတယ်။

ဒီတော့ အာဟာရရှုထောင့် အမြင်အရကောဘယ်လိုအကျိုးတွေ ရနိုင်မလဲ။

Apple cider vinegar က တကယ်ပဲ ၀ိတ်ကျဖို့ အကူအညီပေးနိုင်မလား။

အလွန်အကြူးစားသုံးမိရင်ဘာတွေဖြစ်နိုင်မလဲ
Goli အစား ရိုးရိုး apple cider vinegar နဲ့ ပဲဒီအကျိုးတွေရနိုင်မလားဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

အာဟာရရှုထောင့် အမြင်အရကောဘယ်လိုအကျိုးတွေ ရနိုင်မလဲ
ACV မှာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ အူလမ်းကြောင်းက သက်စောင့်ပိုးလေးတွေကို ကောင်းမွန်စေတဲ့ Acetic acid ပါ၀င်ပါတယ်။

ဒါကြောင့် ACVဟာ သင့် အစာအိမ်အူလမ်းကြောင်းကိုကောင်းစေပြီး အစာခြေဖျက်မှုကို ပိုမိုကောင်းစေပါတယ်။

သွေးတွင်း သကြားဓာတ် ၊အဆီဓာတ်တွေကိုလက်စရောတွေကိုလဲထိန်းညှိပေးတဲ့အပြင် သွေးပေါင်ကိုလည်းထိန်းပေးနိုင်ပါတယ်။

Antioxidant တွေပါဝင်တာကြောင့်အိုမင်းရင့်ရော်ခြင်း၊ဆံပင်ကျွတ်ခြင်း၊ဝက်ခြံထွက်ခြင်း၊ကင်ဆာရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

Apple cider vinegar က တကယ်ပဲ ၀ိတ်ကျဖို့ အကူအညီပေးနိုင်မလား။

ACV ဟာ အစာ အိမ်ထဲ မှာ ရှိတဲ့ အစာတွေကို အူတွေကို ပို့ဆောင်တဲ့ အချိန်ကို ကြာစေပါတယ်။ (delayed gastric emptying time)

ဒါကြောင့် ACV သောက်ပြီးတဲ့ လူတွေ ဟာ ဗိုက်ကိုပြည့်တယ်လို့ ခံစားမိစေပြီး တော်တော်နဲ့ဗိုက်မဆာစေပါဘူး။

ဒါအပြင်ACVကိုယ်တိုင်ကို က သွေးတွင်းအဆီတွေ၊ ဗိုက်ကဆီတွေကိုလျော့ကျစေနိုင်တယ်လို့ လေ့လာမှု တွေက ဆိုပါတယ်။

ACV ဟာပါ၀င်တဲ့ သကြားပမာဏ ရော ကယ်လိုရီ ရော နည်းတဲ့အတွက် ကိုယ်အလေးချိန် ဝိတ်ချနေသူတွေအတွက်ကော၊ ကိုယ်အလေးချိန်ထိန်းချင်သူတွေအတွက်ပါ ကူညီပေးနိုင်တဲ့ရွေးချယ်စရာအစားအစာတမျိုးဖြစ်ပါလာတယ်။

အလွန်အကြူးစားသုံးမိရင်ဘာတွေဖြစ်နိုင်မလဲ
ACV ဟာအစာပို့ဆောင်မှုကိုနှေးစေတဲ့အတွက် ဆီးချိုရောဂါtype 1 လူနာတွေမှာ အဖြစ်များတဲ့ Gastroparesis လို့ခေါ်တဲ့ အစာအိမ်အူလမ်းကြောင်းက အစာပို့ဆောင်မှု နှေးတဲ့ ရောဂါကိုပိုဆိုးစေနိုင်ပါတယ်။

ဒါ့အပြင် ACVဟာ ဆီးချိုဆေး၊အင်ဆူလင် ၊ဆီးဆေး ၊နှလုံးရောဂါဆေး (Digoxin) စတဲ့ ဆေးတွေနဲ့ ဓာတ်ပြုတတ်တဲ့ အာနိသင်ရှိတဲ့ အတွက် သက်ဆိုင်ရာဆရာဝန်၊
အာဟာရဆရာဝန်တွေရဲ့ ညွန်ကြားချက်နဲ့ မှသောက်သင့်ပါတယ်။

ACV ဟာ ပမာဏ များစွာ(ဖန်ခွက်တစ်ခွက်စာ ၂၅၀ ml )အချိန်ကြာမြင့်စွာသောက်သုံးသူတွေမှာ
သွားအပေါ်ရံကြွေလွှာပျက်စီးခြင်း ၊ အရိုးပျက်စီးခြင်း ၊ ပျို့အန်ခြင်း ၊လည်ချောင်းနာခြင်း၊ အစာစားချင်စိတ်လျော့နည်းခြင်းတို့ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဝိတ်ကျချင်ဇောနဲ့ အများကြီး တခါတည်းမစားပဲနဲ့ မှန်ကန်တဲ့ပမာဏ ကို အချိုးအစားမှန်မှန်သောက်မှ သာ ဘေးမဖြစ်ပဲ ဆေးဖြစ်မည်ဖြစ်ပါတယ်။

ဒါ့အပြင် မှန်ကန်တဲ့ အစားအစာ အာဟာရ ကို ညီညွတ်မျှတအောင်စားဖို့ ကလည်း ကိုယ်အလေးချိန် လျော့ချဖို့အတွက် အဓိက အချက်ပဲဖြစ်ပါတယ်။

Goli အစား ရိုးရိုး apple cider vinegar နဲ့ ပဲဒီအကျိုးတွေရနိုင်မလား?
Goli gummy Supplement ဟာ ACV ကိုအဓိကအခြေခံပြီး folic acid၊Vitamin B12တို့နဲ့ရောစပ်ပြုလုပ်ထားတာဖြစ်ပါတယ်။

Goli Gummy 2 လုံးဟာ ACV 25 ml နဲ့ ညီမျှပါတယ်။ ဒါကြောင့် Goli gummy Supplement မစားပဲ Apple Cider Venigar သောက်ခြင်းဟာလည်း အလားတူကျန်းမာရေးကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။

အရေးအကြီးဆုံးက တော့ ACV ဟာ ကြည်လင် သန့်စင် ပေါင်းသန့်ထားတာမျိုးမဟုတ်တဲ့
” With The Mother “ လို့ ပါတဲ့ ACV ဖြစ်ဖို့လိုအပ်ပါတယ်။

ဒီလိုACV မျိုးမှာမှ ကောင်းကျိုးပြု ဓာတ်တွေပိုမိုပါဝင်တာကြောင့်ဖြစ်ပါတယ်။

သောက်သုံးနည်း
apple cider vinegar ကို စစသောက်ချင်း 1tea spoon (5ml) မှ ရေနဲ့ရော၌စတင်သောက်သုံးပြီး တဖြည်းဖြည်းချင်းတိုးသွားနိုင်ပါတယ်။

အများဆုံး တစ်နေ့ 2 table spoon ( 30ml) အထိသာသောက်သုံးသင့်ပါတယ်။ အစာမစားခင် တစ်နေ့ ၂ကြိမ်ခန့် သောက်နိုင်ပါတယ်။

ACV 1 table spoon ကို ရေ ၂၃၀ ml တစ်ခွက်စာ နဲ့ရောသောက်ဖို့လိုအပ်ပါတယ်။ Gastroparesis ရှိတဲ့ လူနာတွေမှာ ACV ကို အစားအသောက်မှာသုံးတဲ့အခါ အများဆုံး 1 teaspoom (5ml) သာသုံးသင့်ပါတယ်။

ACV ကို ဓာတ်မတည့်သူတွေ ရှိနိုင်တဲ့ အတွက် ပမာဏ အနည်းငယ် က စမ်းပြီး စတင်သောက်သုံး သင့်ပါတယ်ခင်ဗျာ။

references : (1) Golinutrition

အထက်ဖော်ပြပါ အေကြာင်းအရာ များသည် မည်သူတဉီးတယောက် ၊ မည်သည့်အဖွဲ့အစည်းကိုမျှအကျိုးစီးပွားထိခိုက်စေလိုခြင်းမရှိပဲ Nutrition ဆေးပညာအမြင်အရရိုးရှင်းစွာရေးသားထားဝေမျှပေးခြင်းသာဖြစ်ပါသည်။

Name ဒေါက်တာ စိုးမြင့်ဝင်း
Degrees M.B.,B.S (ygn)
Biography Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.
Topic
  • အထွေထွေကျန်းမာရေးဆိုင်ရာ
  • ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
  • မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေးရန်သိမှတ်ဖွယ်ရာများ
  • ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
  • ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
  • အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
  • အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို
  • ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။

Address Parami General Hospital
en_US