ရာသီထိန်ခြင်း(Amenorrhoea)

ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး – ၂)

အားလုံးမင်္ဂလာပါ။ယနေ့ပြောပြပေးမဲ့ အကြောင်းအရာကတော့ အမျိုးသမီးများတွင် ဖြစ်လေရှိတဲ့ ရာသီထိန်ခြင်း နှင့်ပတ်သတ်ပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။

ရာသီထိန်ခြင်းဆိုတာဘာလဲ။
ရာသီထိန်ခြင်း ဆိုသည်မှာ အမျိုးသမီးများတွင် ၃လနှင့် အထက် ရာသီသွေး လုံးဝမပေါ်ခြင်းကို ရာသီထိန်ခြင်းလိူ့ခေါ်ပါတယ်။

အမျိုးသမီးများတွင် ရာသီမလာရသောအကြောင်းအရာ နှစ်မျိုးနှစ်စားရှိပါတယ်။

Primary amenorrhoea(အပျိုဖော် စဝင်ထဲက ရာသီမလာခြင်း)
Secondary amenorrhoea ( ရာသီပုံမှန်လာနေရာမှ ရုတ်တရက် ရာသီမလာတော့ခြင်း)

တို့ဖြစ်ပါတယ်။

Primary amenorrhoea
အမျိုးသမီးအများစုသည် ယေဘူယျအားဖြင့် အသက် ၁၄ နှစ် အရွယ်တွင် အပျိုဖော်ဝင်တတ်ပါတယ်။ အပျိုဖော်စဝင်ချိန်ထဲက လုံးဝ ရာသီမလာခြင်းကို primary amenorrhoea လို့ခေါ်ပါတယ်။ Primary amenorrhoea ဖြစ်စေတဲ့

အကြောင်းအရာများကတော့

  • မွေးရာပါ သားအိမ်တည်ဆောက်ပုံမမှန်ကန်ခြင်း
  • မိန်းမကိုယ် အမြှေးပါး ထူပြီး ပိတ်နေခြင်း
  • မွေးရာပါ အရေးကြီး မျိူးပွါးအဂါင်္အစိတ်အပိုင်းများ ပါမလာခြင်း

တို့ကြောင့်ဖြစ်ပါတယ်။

Secondary amenorrhoea
ပုံမှန် လစဉ် ရာသီပေါ်နေရာမှ ရာသီသွေး ဆက်တိုက် ၃လနှင့် အထက် မပေါ်ခြင်းကို ရာသီ ထိန်ခြင်း secondary amenorrhoea လို့ခေါ်ပါတယ်။ Secondary amenorrhoea ကို အောက်ပါအတိုင်း ထပ်ခွဲထားပါတယ်။

သဘာဝ အတိုင်းရာသီထိန်ခြင်း ရောဂါ အခြေအနေကြောင့် မဟုတ်ပဲ သဘာဝအလျှောက် ရာသီထိန်ခြင်း များမှာ-

  • ကိုယ်ဝန်ရှိချိန်
  • ခလေး နို့တိုက်နေချိန်
  • မီးယပ်သွေးဆုံးချိန် တို့ဖြစ်ပါတယ်။

သဘာဝ အရ မဟုတ်ပဲ အောက်ပါ အခြေအနေများကြောင့်လဲ ရာသီထိန်ခြင်း ဖြစ်ပေါ်တတ်ပါတယ်။

  • တားဆေးများ ထိုးခြင်း၊သောက်ခြင်း
  • စိတ်ကျဆေး၊ကင်ဆာဆေးသွင်းခြင်း၊သွေးကျဆေးအချို့ အစရှိသည့်ဆေးများမှီဝဲခြင်း
  • ကိုယ် အလေးချိန် ရုတ်တရက် ကျခြင်း၊
  • လေ့ကျင့်ခန်း အပြင်းအထန်ပြုလုပ်ခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • သားအိမ်ရေအိတ်တည်ခြင်း (polycystic ovarian syndrome)
  • လည်ပင်းကြီး အဆိပ်ဓာတ် များခြင်း တို့ပဲ ဖြစ်ပါတယ်။

ရာသီထိန် လျှင် ဘယ်လို ရောဂါလက္ခဏာများ ခံစားရပါသလဲ။ ရာသီထိန်ပါက

  • ဆံပင်ကျွတ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ခါးကိုက် ခြင်း
  • ဝက်ခြံထွက်ခြင်း
  • အသားအရေ ခြောက်ခြင်း

တို့ ခံစားရတတ်ပါတယ်။

ရာသီထိန်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေက ဘာတွေလဲ။

ရာသီထိန်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့

  • ခလေးမရနိုင်တော့ဘဲ မြှံခြင်း
  • အရိုးပွခြင်း တို့ဖြစ်နိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရသော်ရာသီလစဉ်ပုံမှန်လာရန် စိတ်ဖိစီးမှုလျော့ပါ ၊ အိပ်ရေးဝဝအိပ်ပါ၊ အားရှိသော အစားအစာများစားပါ၊ ထို့ပြင် အိမ်ထောင်မရှိ သော အမျိူးသမီးများရာသီသွေး ၃လနှင့် အထက် မပေါ်ပါက တတ်ကျွမ်းသောဆရာဝန်နှင့်ကုသမှုခံယူသင့်ပါ။

Name ဒေါက်တာ သဇင်ထက်(ဆေး- ၂)
Degrees M.B.,B.S (ygn)
Biography

အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။

ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

Topic
  • အထွေထွေကျန်းမာရေးပြဿနာများ
  • ကလေးကျန်းမာရေးဆိုင်ရာ
  • မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုစီမံကိန်း
  • သားဆက်ခြားခြင်းနှင့်ပတ်သက်သော အသိပညာများ
    • စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Address Parami General Hospital, Yangon.
en_US