(+95)979 811 5566 info@myancare.org
ရာသီလာတာနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံနေရလဲ?

ရာသီလာတာနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံနေရလဲ?

ရာသီလာတာနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံနေရလဲ?

အမျိုးသမီးအများစုမှာ ရာသီသွေးနဲ့ပတ်သက်ပြီး အများဆုံးဖြစ်လေ့ရှိတဲ့ အကြောင်းအရာတွေကတော့
၁. ရာသီသွေးဆင်းတာ အရမ်းများလို့ နည်းလို့
၂. ရာသီလာတဲ့အချိန်နောက်ကျနေတာတွေ စောနေတာတွေ
၃. ရာသီလာတဲ့အခါနာကျင်တာတွေ
၄. ရာသီသွေးဆင်းတာရက်မမှန်တာတွေ
၅. ရာသီလာတဲ့အခါရက်ကြာကြာလာတာတွေဆိုပြီး ပြဿနာတွေရှိတက်ကြပါတယ်။ အမျိုးသမီးတွေ တစ်ယောက်နဲ့တစ်ယောက်ကတော့ ဖြစ်ပုံချင်းကလည်းမတူကြပါဘူး။ ဒါပေမယ့် ပုံမှန်မဟုတ်ပဲ ဖြစ်နေတာမျိုးဆိုရင်တော့ အထွေထွေဆရာဝန်များ၊ သားဖွားမီးယပ် အထူးကုဆရာဝန်များဆီက အကြံပေးမှုများကိုလည်းယူသင့်ပါတယ်။

MyanCare Application မှတစ်ဆင့် အထွေထွေဆရာဝန်များ၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများဖြင့်လည်း အိမ်မှာပဲ appointment ယူပြီးCall နဲ့ဖြစ်စေ Video Call နဲ့ ဖြစ်စေ အမျိူးသမီးပြဿနာများကို သီးသန့် တိုင်ပင်ဆွေးနွေးလို့ပါတယ်။

MyanCare Application မှ ဆရာဝန်များကလည်း နွေးထွေးစွာဖြင့် အကြံပေးပြုတိုင်ပင်ဆွေးနွေးကြမှာပါနော်။
ဒါကြောင့် အခုပဲ MyanCare app လေးကို ဒေါင်းလုဒ်လုပ်ထားပြီးသင့်ဖုန်းထဲမှာဆောင်ထားလိုက်ရအောင်။

“ဟာ…ဒီအချိန်ရောက်လာပြန်ပြီ။ သုံးလေးရက်လောက် အဲလိုနာတာမျိူးတွေကိုပြန်ခံစားရတော့မယ်

“ဟာ…ဒီအချိန်ရောက်လာပြန်ပြီ။ သုံးလေးရက်လောက် အဲလိုနာတာမျိူးတွေကိုပြန်ခံစားရတော့မယ်

“ဟာ…ဒီအချိန်ရောက်လာပြန်ပြီ။ သုံးလေးရက်လောက် အဲလိုနာတာမျိူးတွေကိုပြန်ခံစားရတော့မယ်”

ပထမဆုံးရာသီလာတဲ့အချိန်စလို့ အခုချိန်ထိ နှစ်တွေ လတွေ အများကြီးကျော်ဖြတ်ခဲ့ပြီးလည်း ဒီအချိန်ပြန်ရောက်လာရင်တော့ စိတ်ညစ်ကြတာကတော့ မိန်းကလေးတွေတိုင်းပါပဲ။
စလာတဲ့ရက်ကစလို့ ပြီးတဲ့အချိန်ထိကိုလည်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော နဲ့ပါ ကျော်ဖြတ်ရပါတယ်။ စိတ်အလိုမကျတာတွေ, စိတ်အားငယ်တာတွေ ဖြစ်နေတဲ့အချိန်မှာမှ ဒီလိုမျိူး နာကျင်တဲ့ ဒုက္ခပါခံစားရတော့ ဒီလိုအချိန်ရောက်လာပြီဆို စိတ်ညစ်ကြတာပဲပေါ့။ ဒီလို အမျိူးသမီး ပြဿနာတွေကို ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး ဂရုစိုက်သင့်ပါတယ်။

ဒီလိုအချိန်မှာ ဘယ်ကိုမှလည်းမသွားချင်ကြဘူး အပြင်လည်းမထွက်ချင်ကြဘူး ဘယ်သူနဲ့မှလည်းမတွေ့ချင်ကြပါဘူး။ ဒါပေမဲ့ MyanCare application ကဆရာဝန်တွေနဲ့ ဖုန်းလေးရှိရုံနဲ့ အိမ်မှာပဲ appointment ယူပြီး Call နဲ့ဖြစ်စေ Video Call နဲ့ ဖြစ်စေ အမျိူးသမီးပြဿနာများကို သီးသန့် တိုင်ပင်ဆွေးနွေးလို့ပါတယ်။

MyanCare Application မှ ဆရာဝန်များကလည်း နွေးထွေးစွာဖြင့် အကြံပေးပြုတိုင်ပင်ဆွေးနွေးကြမှာပါနော်။
ဒီလိုအချိန်မှာ တစ်ယောက်တည်းဖြေရှင်းနေတာထက် ဖုန်းထဲကနေပဲဆရာဝန်များနဲ့တိုင်ပင်သလိုပြီးသေချာဂရုစိုက်သင့်ပါတယ်နော်။

သွားတွေ ဘာကြောင့် ကျဉ်ရတာလဲ?

သွားတွေ ဘာကြောင့် ကျဉ်ရတာလဲ?

သွားတွေ ဘာကြောင့် ကျဉ်ရတာလဲ?
ရေးသားသူ – ဒေါက်တာမျိုးမြင့်အောင်

အခုတလော ကျွန်တော့်ဆေးခန်းတွေမှာ တွေ့ရတာအများဆုံးကတော့ သွားကျဉ်တဲ့ လူနာတွေပါပဲ ။
ရာသီဥတုက အေးလာတော့ သွားတွေလည်း အေးလာရောတဲ့ ။ သွားကျဉ်တာကို တချို့လူနာတွေက သွားအေးတယ်လို့ သုံးနွုန်းကြတာ ။
သွားကျဉ်တာဟာ တချို့လူတွေမှာကျ ရေပူ ရေအေးသောက်မှ ကျဉ်တယ် ။ တချို့လူတွေမှာကျ အချိုစားတဲ့အခါ ကျဉ်တယ် ။ တချို့ကျ ဒီအတိုင်းတစ်နေကုန်ကို သွားကျဉ်ပြီး ပါးကြောတွေပါ နာလာတော့တာပဲ ။

သွားကျဉ်တာဟာ ခဏတာအခြေအနေမျိုး အရမ်းကြီးနေရခက်တာမျိုးမဟုတ်တဲ့အတွက် ဆေးခန်းကို သွားကျဉ်လို့ လာပြရင် တော်တော်ကို ကျဉ်နေလို့ လာပြတာပါ ။ လူတော်တော်များများကတော့ သွားကျဉ်တာကို သတိထားမိရင်တောင် ဆေးခန်းပြရကောင်းမှန်း မသိကြပါဘူး ။

သွားကျဉ်တာဟာ သွားကျန်းမာရေးအတွက် အရေးကြီးပါတယ် ။ သွားကျဉ်တာဟာ သွားနှင့်ခံတွင်းရောဂါတစ်ခုရဲ့ အစလည်းဖြစ်နိုင်တာပဲ ။
လူတစ်ယောက်နဲ့ တစ်ယောက် သွားကျဉ်ရတဲ့ အကြောင်းအရင်း မတူကြပါဘူး ။ သွားကျဉ်ရတဲ့ အကြောင်းအရင်းတွေကို ဖတ်ကြည့်လိုက်ရင်တော့ သွားကျဉ်တာဟာ ပေါ့ပေါ့ဆဆနေသင့်တာမျိုးမဟုတ်ဘူးဆိုတာ သိသွားပါလိမ့်မယ် ။

သွားတွေဘာလို့ ကျဉ်ရတာလဲဆိုတဲ့ အကြောင်းအရင်းတွေကို ကြည့်လိုက်ကြရအောင်…။
(၁) သွားပိုးပေါက်များ ။
ကျွန်တော်တို့သွားတွေကို လှပအောင် ခိုင်မာအောင် အကာကွယ်ပြုထားတာက “သွားရဲ့ ကြွေလွာ” ပါ။ ကြွေလွာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အမာဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ် ။ ကြွေလွာရဲ့ အောက်မှာ ” ဆင်စွယ်နှစ်လွာ ” ဆိုတဲ့ ဆင်စွယ်ရောင် အလွာတစ်ခုရှိတယ် ။ သူ့အောက်မှာတော့ အာရုံကြောတွေ သွေးကြောတွေနဲ့ ဖွဲ့စည်းထားတဲ့ “မွသွားလွာ” ဆိုတဲ့ အူတိုင်လေးရှိပါတယ် ။ ဒီတော့ သွားရဲ့ အပြင်ဘက်အခုမြင်နေရတာ ကြွေလွာ ။ သူ့အောက်မှာ ဆင်စွယ်နှစ်လွာ ။ အတွင်းဆုံးအူတိုင်လေးကတော့ မွသွားလွာပေါ့ ။
ဒါကိုမြင်ရင် ဆက်ဖတ်ရအောင် ။ အောက်မှာ ပုံလေးလည်း ပြထားပါတယ် ။

သွားပိုးစားတဲ့အခါ ကြွေလွာကနေ စစားပါတယ် ။ အဲ့ဒီအချိန် များသောအားဖြင့် ဘာခံစားမွုမှ သိရဦးမှာမဟုတ်ပါဘူး ။ ကြွေလွာမှာ သွားပိုးစားတာကို သတိမထားမိပဲ သွားမဖာမိဘူးဆိုရင် သွားပိုးစားတာက ဆင်စွယ်နှစ်လွာကို ရောက်လာပါပီ ။ ဆင်စွယ်နှစ်လွာဟာ အတွင်းထဲက အာရုံကြောတွေနဲ့ အတော်နီးလာတာမို့ သွားဟာ စကျဉ်လာပါတော့တယ် ။
ဒီအခြေအနေမှာ သွားမဖာမိဘူးဆိုရင် မကြာခင် သွားကိုက်လာတော့မှာ အသေအချာပါပဲ ။

(၂) သွားရဲ့ အပေါ်ယံကြွေလွာများပျက်စီးခြင်း ။
သွားရဲ့ ကြွေလွာတွေဟာ စားတာဝါးတာကြာလာတဲ့အခါ သဘာဝအတိုင်း ပျက်စီးတတ်ပါတယ် ။ အသက်ကြီးတဲ့ လူတွေမှာ ကြွေလွာတွေ ကုန်နေတာကို တွေ့ရတတ်ပါတယ် ။ အသက်ကြီးတဲ့လူတွေပြောလေ့ရှိကြတဲ့ မြန်မာစကားတောင်ရှိတာပဲ ” ငါတို့က အံတိုနေပြီ ” ဆိုတာ ။ အသက်ကြီးလာတာကြောင့် ကြွေလွတွေကုန်ပြီး သွားတွေဟာ တိုတိုလေးတွေဖြစ်လာတာပါ ။

ကြွေလွာတွေဟာ သဘာဝအတိုင်း ကုန်သွားတာ မှန်ပေမယ့် သွားကျဉ်တာကို ခံစားကြရပါတယ် ။ များသောအားဖြင့် အသက် ၄၅ နှစ်လောက်ကနေ ပျှမ်းမျှတွေ့ကြရပါတယ် ။
သဘာဝအတိုင်းမဟုတ်ပဲ ကြွေလွာတွေ ပြုန်းတဲ့သူတွေကတော့ ညဘက်အိပ်ရင်း သွားကြိတ်တာအကျင့်ရှိတဲ့သူတွေ ၊ ကွမ်းယာစားတဲ့သူတွေ ၊ အချဉ်စားတာများတဲ့သူတွေ ဖြစ်ပါတယ် ။

သူတို့တွေမှာတော့ အရွယ်မတိုင်ခင် သွားကြွေလွာတွေပြုန်းလေ့ရှိပြီး သွားကျဉ်တာအပြင် မေးရိုးပြဿနာများကိုပါ ကြုံတွေ့ရတတ်ပါတယ် ။

(၃) သွားအကျိုးအပဲ့များ ။
သွားအကျိုးအပဲ့တွေဆိုတာ သွားပိုးစားတာကြောင့်လည်း ဖြစ်နိုင်သလို မတော်တဆ ထိမိခိုက်မိတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ တစ်ခုခုနဲ့ တိုက်မိဆောင့်မိလို့ သွားကြွေလွာတွေပဲ့သွားရင်လည်း သွားကျဉ်တတ်ပါတယ် ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပဲ့သွားတဲ့နေရာကို ပြန်လည်ဖာထေးခြင်း သို့မဟုတ် သွားအစွပ်စွပ်ပေးခြင်းများကို လုပ်ပေးရမှာဖြစ်ပါတယ် ။

(၄) ဖာထားတဲ့ သွားတွေ မလုံတော့ရင်…။
သွားတွေကျဉ်လို့ သွားတွေကတော့ ဖာလိုက်ပါပြီ ။ ပစ်ထားလို့ မရပါဘူး ။ အမြဲတမ်း ထိန်းသိမ့်ပြီး စစ်ဆေးပေးရပါမယ် ။ ဖာထားတဲ့ ဆေးက ကွာသွားပြီး သွားဖာတာ ဟသွားခဲ့ရင် သွားပြန်ကျဉ်နိုင်ပါတယ် ။ သွားဖာထားတဲ့သူတွေအနေနဲ့ သွားဖာတဲ့ဆေးက ကွာသွား/ဟသွားတာကို သံသယရှိပါက ချက်ချင်းဆေးခန်းပြန်ပြပေးပါ ။

(၅) သွားအမြစ်တွေ ပေါ်နေမယ်ဆိုရင်…။
ကျွန်တော်တို့သွားရဲ့ အမြစ်တွေကို သွားဖုံးတွေက အကာအကွယ်ပေးထားကြပါတယ် ။ သွားဖုံးတွေ အောက်ကိုကျသွားရင် သွားအမြစ်တွေ ပေါ်လာတော့တာပါပဲ ။ ဒါဆို သွားအမြစ်တွေဟာ အကာအကွယ်မရှိတော့ပဲ သွားကျဉ်တာကို ခံစားရပါတော့တယ် ။ သွားဂျိုးတွေကြောင့် /သွားဖုံးရောင်တာကြောင့် သွားဖုံးတွေ အောက်ကိုနိမ့်ကျသွားပြီး သွားအမြစ်တွေပေါ်လာတတ်ပါတယ်…။ ဒါကတော့ သန့်ရှင်းရေးအားနည်းလို့ဖြစ်ပါတယ်…။

စနစ်မှန်သွားတိုက်နည်းဖြင့် သွားမတိုက်ပဲ သွားကို ကန့်လန့်ဖြတ်ကြီး တချိန်လုံးတိုက်နေမယ်ဆိုရင် သွားဖုံးတွေစုတ်ပြတ်သတ်ပြီး သွားအမြစ်တွေပေါ်လာတတ်ပါတယ် ။ ဒီလိုကန့်လန်ဖြတ်ပြီး သွားတိုက်နေရင် သွားအမြစ်တွေပေါ်လာတာအပြင် သွားရဲ့ခါးမှာ အချိုင့်ရာ အပြတ်ရာတွေပါ ဖြစ်လာတတ်ပါတယ် ။
ဒါဆို သွားပိုကျဉ်ပြီပေါ့ ။

#သွားကျဉ်တာကို ဘယ်လိုကုသကြမလဲ…?
လူနာတော်တော်များများက သွားကျဉ်တာကို ပျောက်သွားမှာပါလို့မျှော်လင့်ရင်း ပေါ့ပေါ့လေးသဘောထားပြီး နေလိုက်ကြတာများတယ်…။
နောက်ပြီး ကိုယ့်ဘာသာကိုယ် သူများတွေကို ဟိုမေးဒီမေး မေးပြီး ကုကြသေးတာ…။ ဟိုလူကတော့ ဒီဆေးနဲ့ပျောက်တာတဲ့ဆိုရင် သူလည်း ဒီဆေးနဲ့ပျောက်မှာဆိုပီး ချတော့တာပဲ…။

ဒီတော့ မနေနိုင်မထိုင်နိုင် သွားကျဉ်ပြီဟေ့ ဆိုမှသာ ဆေးခန်းရောက်လာတာများပါတယ်…။
တကယ်တော့ သွားကျဉ်လာပြီဆိုကတည်းက ဆေးခန်းကိုရောက်လာရင် သွားတိုက်ဆေးလေးတိုက်ရင် ပျောက်မယ့်ကိစ္စက သွားအကြောထုတ်တာ တချို့ဆို နူတ်ရတာအထိဖြစ်သွားတတ်တယ်…။

သွားကျဉ်တာကို ကုသတဲ့နေရာမှာ သူ့ရဲ့ဖြစ်စဉ်ပေါ်မူတည်ပါတယ်…။ ဒီတော့ “ငါကတော့ ဒီသွားတိုက်ဆေးသုံးတာ သက်သာတယ်” လိုပြောတဲ့အခါ အဲ့ဒါကြီး ဇွတ်သုံးမနေနဲ့….ဆေးခန်းလာပြပါ…။ သူပျောက်ပေမယ့် ခင်ဗျားကျ ပျောက်ချင်မှပျောက်မယ်…။ လူတစ်ယောက်နဲ့တစ်ယောက် သွားကျဉ်တာတူပေမယ့် ဖြစ်ကြတဲ့အကြောင်းအရင်းတွေ ကွာပါတယ် ။

တကယ်လို့ သွားပိုးစားတာကြောင့်ကျဉ်တယ်ဆို ဖာရင်ကောင်းသွားရော…။
တချို့ကျလည်း အပေါ်ကနေ သွားတုအစွပ်လေးတွေစွပ်တန်စွပ်…။
အရမ်းဆိုးပြီး တချိန်လုံးကျဉ်နေတဲ့ သွားဆိုရင် အကြောထုတ်တဲ့ ကုသမွုခံယူသင့်ရင်ခံယူ…။
သွားနူတ်တဲ့အဆင့်အထိကြီးရောက်သွားအောင် ပေတေပြီး ကိုယ့်ဘာသာကိုယ် အိမ်မှာမကုသကြဖို့ပါ…။
ဆေးတွေညွန်းတတ်တဲ့ ဆရာဝန်မဟုတ်တဲ့ စေတနာအမှားများရှင် အိမ်နီးချင်းမိတ်ဆွေ ဆွေမျိုးသင်္ဂဟတွေကိုလည်း မယုံဖို့ပါ…။
ကျွန်တော်ဒီလိုတွေ စာတွေတော်တော်များများထဲ ထည့်ထည့်ရေးတော့ မိတ်ဆွေတစ်ယောက်ကတောင် ကျွနတော့်ကို လှမ်းနောက်တယ် ။
“လူနာတွေဆိုတာ ဆရာဝန်စကားပဲ နားမထောင်တာ ကျန်တာ ဘယ်သူပြောပြော နားထောင်တယ် ” တဲ့ ။ ကဲ…။

ဒီတော့ ဒီနေ့ကျွန်တော်ပြောချင်တာက သွားကျဉ်တာဟာလည်း အရေးကြီးတယ်… ဆေးခန်းပြသင့်တယ်ဆိုတဲ့ message လေးကို ပေးချင်တာပါ…။
ကဲ ဆေးခန်းလာဖို့မပျင်းပါနဲ့… မကြောက်ပါနဲ့…။

သွားတစ်ချောင်းဆိုတာ အရမ်းအဖိုးတန်တာပါနော်…။မိမိပါးစပ်ထဲက သွားလေးတွေကျဉ်နေတာများရှိရင် မိမိပြနေကျသွားဆရာဝန် သို့မဟုတ် နီးစပ်ရာ သွားနဲ့ခံတွင်းဆေးခန်းမှာ အချိန်ပေးပြီးဆွေးနွေးတိုင်ပင်ပါလို့ တိုက်တွန်းပါရစေခင်ဗျာ ။

နားသီးထွက်ခြင်း အကြောင်းသိကောင်းစရာ (keloid Ear)

နားသီးထွက်ခြင်း အကြောင်းသိကောင်းစရာ (keloid Ear)

နားသီးထွက်ခြင်း အကြောင်းသိကောင်းစရာ (keloid Ear)

မိန်းကလေးများ၊ယနေ့ခေတ် ယောကျာ်းလေးများ သည် အလှအပအတွက် နားကပ်ပန်ရန် နားဖောက်လေ့ရှိကြသည်။
ထိုကဲ့သို့ဖောက်ခြင်းကြောင့် အချို့သော သူများတွင် နားသီးများထွက်လာတတ်ကြသည်။

ထိုနားသီးများသည် စဖြစ်ခါစ အချိန်တွင် သေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အရွယ်အစားကြီး ကြီးလာတတ်သည်။
အချို့သောလူနာများသည် နားသီး ကြီးလာသဖြင့် ဖြတ်ထုတ်ကုသသော်လည်း နားသီးမှာ တဖန်ပြန်၍ ကြီးလာတတ်သည်ကိုတွေ့ရတတ်သည်။

ထို့ကြောင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင် အမာရွတ်ကြီးကြီး ရှိတတ်ပါက နားဖောက်လျှင် နားသီးထွက်နိုင်ချေ ရှိသဖြင့် သတိထားစေချင်ပါသည်။

နားသီးထွက်လာပါကလည်း အရွယ်အစားသေးစဉ်တွင် ကုသမှုခံယူသင့်ပါသည်။

မိခင်နို့အောင်မြင်စွာတိုက်ကျွေးရေး

မိခင်နို့အောင်မြင်စွာတိုက်ကျွေးရေး

မိခင်နို့အောင်မြင်စွာတိုက်ကျွေးရေး
ရေသားသူ : ဒေါ်သဲလ်မာထွန်းသိန်း (အာဟာရဗေဒပညာရှင်)

မိခင်နို့ထဲတွင် ကလေးငယ်အတွက် သင့်တော်တဲ့ အစာ အာဟာရ များအဖြစ် ဗီတာမင်များ၊ သတ္တုဓါတ်များ၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်မည့် အစာအာဟာရများကို လုံလောက်စွာ ရရှိနိုင်မည့်အပြင် ကလေးငယ် တစ်ယောက် မှန်ကန်စွာ ကြီးထွားဖို့ အတွက် လိုအပ်သော ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှု၊ မိခင်နှင့်ကလေး ကြားနွေးထွေးထိတွေ့မှုတို့ကိုပါ အလုံအလောက် ရရှိနိုင်မှာ ဖြစ်ပါတယ်။

WHO/UNICEF ရဲ့ စစ်တမ်းကောက်ယူမှုအရ မိခင်နို့တိုက်ကျွေးခြင်းဖြင့် နှစ်စဉ် ၈ သိန်းကျော်သော ကလေးငယ်များရဲ့ အသက် ကို ကယ်တင်နိုင်ပြီးတော့ ၂ သောင်းကျော်သော မိခင် များရဲ့အသက်ကိုလည်း ကယ်တင်နိုင်ကြောင်း ဆိုထားပါတယ်။ မိခင်များ အနေနဲ့လည်း မိခင်နို့တိုက်ကျွေးခြင်းဖြင့် ရင်သား ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးချို နှင့် နှလုံးရောဂါ ဖြစ်ပွားမှုများကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပထမ ၆လအတွင်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် အရေးကြီးပါတယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ၏ ညွှန်ကြားထားချက်များမှာ ~
– ကလေးငယ်များ မွေးပြီးပြီးချင်း တစ်နာရီ အတွင်း မိခင်နို့ကို စတင်တိုက်ကျွေးရန် လိုအပ်ပါသည်။
– ကလေးငယ်များ မွေးကင်းစမှ ၆လ အထိမိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် ညွှန်ကြားထားပါသည်။
– ကလေး အသက် ၆လ မှ စ၍ သန့်ရှင်းလတ်ဆတ်သော ဖြည့်စွက်စာများ စကျွေးရပါမည်။ မိခင်နို့ကိုလဲ အသက် ၂နှစ်နှင့်အထက်အထိ ဆက်လက်တိုင်ကျွေးရပါမည်။
ပထမ တစ်နာရီ အတွင်း မိခင်နို့တိုက်ကျွေးခြင်းက အက္ခရာ ကျလှပါတယ်
WHO အဖွဲ့အစည်းရဲ့ ကောက်နုတ်ချက် အရ၊ မွေးပြီးပြီးချင်း တစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးပေးခြင်းက ကလေးငယ်လေးအတွက် အသက်အန္တရာယ်ပေးနိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

မိခင်နို့ကို တစ်နာရီထက်နောက်ကျပြီးမှ တိုက်သော ကလေးငယ်လေးများသည် တစ်နာရီ အတွင်း တိုက်နိုင်သော ကလေးငယ်များနှင့်ယှဉ်လျှင် အသက်ဆုံးရှုံးနိုင်မှုပမာဏပိုများကြောင်း လေ့လာတွေ့ရှိရပါသည်။

မွေးမွေးပြီးချင်း တစ်နာရီအတွင်း နို့ချိုုတိုက်ကျွေးချိန် မိခင်နှင့်ကလေး အသားချင်းထိစပ်နေခြင်းက ရင်သွေးလေးအတွက်ရော မေမေအတွက်ပါ လွန်စွာအရေးပါလှပါတယ်။ ဒီအကြောင်းကို သင့်အသိမိတ်ဆွေ၊ ကိုယ်ဝန်ဆောင်မေမေများကို ဖြန့်ဝေပေးပါက သူတို့အတွက် များစွာအကျိုးရှိစေမှာပါ။

အလုပ်တစ်ဖက်နဲ့ ခေတ်သစ်မေမေများ

ယနေ့ခေတ်ရဲ့ လိုအပ်ချက်တွေအရ အလုပ်ထွက်လုပ်နေကြတဲ့ ခေတ်သစ်မေမေများဟာ
· ကလေးကို နို့တိုက်ချိန်မရတာတစ်ကြောင်း
· ဝန်ထမ်းများအတွက်ထောက်ပံ့မှုနည်းပါတာတစ်ကြောင်း
· နို့ရည်ညှစ်ပြီးထိမ်းသိမ်းရန်နည်းမျာစနစ်တကျမသိရှိခြင်း
· သန့်သန့်ရှင်းရှင်းထားရန်နေရာမရှိခြင်း
စသည့်အကြောင်းရင်းများကြောင့်လည်းကောင်း၊ မိမိရင်သွေးလေးကို မိခင်နို့တိုက်ကျွေးဖို့ ပျက်ကွက်နေ ကြရပါတယ်။ လုပ်ငန်းခွင်က အလုပ်ရှင်များ၊ ဝန်ထမ်းများမှ နို့တိုက်မိခင်ဝန်ထမ်းအတွက် ကူညီဖေးမမှု များပြုလုပ်ပေးခြင်းကလဲ မိခင်နို့အောင်မြင်စွာ တိုက်ကျွေးနိုင်ရေးအတွက် များစွာအထောက်အကူရစေမှာ ဖြစ်ပါတယ်။

ဆရာဝန်၊သူနာပြုစသောကျန်းမာရေးဝန်ထမ်းများ၏အရေးပါမှု
လေ့လာချက်တွေ့ရှိချက်တွေအရ ကလေးမေမေတွေရဲ့ အနီးလက်လှမ်းအမှီမှာ ခင်ပွန်းဖြစ်စေ၊ ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးဝန်ထမ်းတွေဖြစ်စေရှိနေခြင်းဟာ မိခင်နို့တိုက်ကျွေးရေးအတွက် များစွာလွှမ်းမိုးထိရောက်မှုရှိတယ်လို့ဆိုပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ဆရာဝန်၊ သူနာပြုတွေဟာမိခင်နှင့်ကလေးများအတွက် ကျန်းမာပျော်ရွှင်တဲ့အနာဂတ်ဖြစ်စေဖို့အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ မိခင်နို့အောင်မြင်စွာတိုက်ကျွေးနိုင်ပြီးသာယာကျန်းမာတဲ့ မိသားစုဘဝတွေရရှိစေဖို့ ဆရာဝန်၊ သူနာပြုတွေရဲ့ တိုက်တွန်းအကြံပေးချက်များ၊ ကူညီဆောင်ရွက်ပေးမှုများဟာ များစွာထိရောက်မှုရှိနေမှာပါ။

en_USEN
my_MMMY en_USEN