Blue Light နဲ့ အိုမင်းရင့်ရော်ခြင်း
ရေးသားသူ – ဒေါက်တာရည်လဲ့ထွန်း (Beautify Clinic) / MBBS (UM1) / MSc Dermatology (Thailand)
အခုခေတ်ကာလမှာ လူတိုင်းနီးပါးဟာ Smart Phone, Electronic device တွေကို အလုပ်အရဖြစ်စေ၊ လူမှုရေး အရ ဖြစ်စေ၊ Entertainment အနေ နဲ့ ဖြစ်စေ နေ့စဉ်နှင့် အမျှ အမြဲတစေနီးပါး အသုံးပြုလာရတဲ့အတွက် Blue light လို့ခေါ်တဲ့ အပြာရောင် အလင်းနဲ့ ကလည်း ထိတွေ့ မှု ပိုများလာပါတယ်။
Blue light က ဘာလဲ။
Blue Light ဆိုတာ နေရောင်ခြယ် sunlight ထဲမှာပါတဲ့ Energy မြင့်သော Visible light ထဲက အပြာရောင် အလင်းပါ။
Blue Light ကို ဘယ်ကနေ ထိတွေ့မှု အများဆုံးလဲဆိုရင် နေရောင်ခြည်၊ LED မီးလုံး၊ Smart phones၊ ကွန်ပြူတာ၊ TV နှင့် အခြားသော electronic devices တွေကနေ ဖြစ်ပါတယ်။
Blue Light နဲ့ထိတွေ့မှုရှိရင် ဘာတွေဖြစ်မလဲ။
ဒီ အပြာရောင် အလင်းက Ultraviolet rays ခရမ်းလွန်ရောင်ခြယ် ထက်တော့ ပြင်းအား မများပေမဲ့ အသားရေကို သိသာတဲ့ ထိခိုက်ဆိုးကျိုးတွေ ဖြစ်စေပါတယ်။
အပြာရောင် အလင်း နဲ့ ခဏခဏထိတွေ့မှုရှိသူ၊ အချိန်ကြာကြာထိတွေ့ပါ များသူတွေဟာ အပြာရောင်အလင်းကြောင်း ဆဲလ်လေးတွေမှာ Stress ဖြစ်လာပါတယ်။ stress ဖြစ်လာတာနဲ့ အမျှ ဓါတ်တိုးတာတွေဖြစ်လာပြီး ဆဲလ်လေးတွေက ပုံစံပြောင်းပြီး သူရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကျဆင်းလာပြီး ပျက်စီးကုန်ပါတယ်။
အရေပြားမှာဆိုရင် အပြာရောင်အလင်းက အရေပြားထဲထိရောက်ပြီး အသားရေကို နုပျို စေတဲ့ ကော်လဂျင် နဲ့ အခြားသော အရေပြားကို ထောက်ကန်ပေးတဲ့ အရာတွေကို ဖျက်ဆီးပစ်လို့ အသားရောင် မညီညာတာတို့၊ အရေးကြောင်းတို့၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
တခြား အနေနဲ့ ဆိုရင် အပြာရောင် အလင်းတန်းနဲ့ ကြာကြာ ထိတွေ့တဲ့ အခါမှာ အမြင်ဝေဝါးတာမျိုး၊ မျက်လုံး ခြောက်ခြင်း၊ ကိုက်ခြင်းနှင့် အမြင်အာရုံကို ထိခိုက်တာမျိုးတွေ၊ အိပ်ချိန် ပုံမမှန်ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။
ဒါဆိုဘယ်လိုကာကွယ်နိုင်မလဲ ဆိုတော့?
Broadspectrum Sun protection ပေးနိုင်တဲ့ နေရောင်ကာ ခရမ်တွေလိမ်းပေးခြင်း၊ Blue light fiters ပါသော Protective eyewear သုံးခြင်း ဖြင့် ကာကွယ်နိုင်ပါတယ် ရှင်။
Name | ဒေါက်တာရည်လဲ့ထွန်း |
---|---|
Degrees | |
Biography | |
Topic |
|
Address |