အရိုးTBအကြောင်း သိကောင်းစရာ

ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)

အရိုးTBဆိုတဲ့ရောဂါဟာ အဆုတ်ပြင်ပတွင်ဖြစ်သောTBများထဲမှ အဖြစ်များသောTBရောဂါတစ်ခုဖြစ်ပါတယ်။

ဘယ်လိုလက္ခဏာတွေဖြစ်နိုင်သလဲ။

  • သူ့ရဲ့လက္ခဏာတွေကတော့ အဆုတ်TBကဲ့သို့ ဖျားခြင်း၊
  • ခန္ဓာကိုယ်အလေးချိန်သိသိသာသာကျဆင်းသွားခြင်း၊ ခံတွင်းပျက်ခြင်းတို့အပြင် ခါးနာခြင်း၊
  • အောက်ပိုင်းခြေထောက်နှစ်ချောင်း လေးလံခြင်း

တို့ပါဖြစ်နိုင်ပါတယ်။

အရိုးTBကနေတစ်ဆင့် ဆိုးအပ်စ် ကြွက်သား (Psoas muscle) လို့ခေါ်တဲ့ကြွက်သားတွင် ရောဂါပိုးပြန့်ပြီး ပြည်တည်နာရောဂါပါဖြစ်နိုင်ပါတယ်။

အရိုးTBကိုအခြားရောဂါများဖြစ်တဲ့အရိုးကင်ဆာ၊ အရိုးလေးဖက်နာ၊ ဂေါက်ရောဂါတို့နှင့်လည်းခွဲခြားဖို့လိုအပ်ပါတယ်။

အရိုးTBကိုတော့ သွေးစစ်ခြင်း၊ အရေပြားပေါ်တွင်စမ်းသပ်မှုပြုလုပ်ခြင်း၊ ကျောရိုးဓာတ်မှန်ရိုက်ခြင်း၊ CT ရိုက်ခြင်း၊ MRI ရိုက်ခြင်း၊ အရိုး scan ရိုက်ခြင်းတို့ဖြင့်ရောဂါရှာဖွေနိုင်ပါတယ်။

ဘယ်လိုကုသနိုင်သလဲ။

  • အရိုးTBဖြစ်လျှင်တော့ အဆုတ်TBကဲ့သို့ပင် အနည်းဆုံး TB ဆေး ၆လသောက်ရပါမယ်။ တိုးတက်မှုရှိမရှိသိနိုင်အောင်ဆရာဝန်နှင့်ရက်ချိန်းပုံမှန်ပြရပါမယ်။
  • နာကျင်မှုအတွက် အကိုက်အခဲပျောက်ဆေးသောက်လို့ရပါတယ်။
  • ပြည်တည်နာပါဖြစ်လျှင်တော့ ရောဂါပေါ်မှုတည်ပြီး ခွဲစိတ်ခြင်းလိုကောင်းလိုနိုင်ပါတယ်။
  • အရိုးပြန်လည်ကြံ့ခိုင်သန်စွမ်းရေးလေ့ကျင်းခန်းများကိုလည်းလုပ်ပေးဖို့လိုအပ်ပါတယ်။
  • သေချာကုသမှုမခံယူပါက ပင်မနာဗ်ကြောညပ်ခြင်း၊ ခါးရိုးစောင်းခြင်း ကုန်းခြင်း၊ လမ်းလျှောက်၍မရခြင်းများဖြစ်နိုင်ပါတယ်။

Name Dr. Kyi Lei Hnin
Degrees M.B.,B.S (ygn)
Biography 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။
Topic
  • ကလေးကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာများ၊ အာဟာရပိုင်းဆိုင်ရာများ၊ ကျန်းမာရေးနဲ့ပတ်သက်သည်များ
  • လူကြီးများ၏နာတာရှည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးရောဂါများ နှင့် အထွေထွေရောဂါများအကြောင်း
  • သားဖွားမီးယပ်နှင့် မိန်းကလေးများနှင့်ပတ်သက်သည့်ရောဂါများအကြောင်း
  • စသည်တို့ကို ရင်းနှီးစွာ တိုင်ပင်ဆွးနွေးနိုင်ပါသည်။
Address Parami General Hospital
en_US