Congenital Cleft Lip and Cleft Palate ခေါ် မွေးရာပါ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲရောဂါအကြောင်း တစ်စေ့တစ်စောင်း
ရေးသားသူ – Dr. Mie Mie Kyaw
အားလုံးပဲ မင်္ဂလာပါ ……
Myancare ချစ်သူလေးတို့ရေ…Covid 19, second waveကြောင့် အိမ်တွင်းအောင်းနေရတဲ့ Myancare ချစ်သူလေးတို့အတွက် Congenital Cleft Lip and Cleft Palate ခေါ် မွေးရာပါ နှုတ်ခမ်းကွဲ , အာခေါင်ကွဲရောဂါအကြောင်းလေး သိသလောက်လေး ပြန်shareပေးမယ်နော်။
Congenital Cleft Lip and Cleft Palate ခေါ် မွေးရာပါနှုတ်ခမ်းကွဲ ,အာခေါ်ကွဲရောဂါဆိုတာ ဘာလဲ ?
ကိုယ်ဝန်ဆောင်ချိန် ၉လနဲ့၁ပတ်ရှိတဲ့အထဲကမှ First trimester ခေါ် ကိုယ်ဝန်ဆောင်ချိန် ပထမ၁၃ပတ်က အလွန်အရေးကြီးပါတယ်….. ဘာလို့လဲဆိုတော့ သည်ပထမ၁၃ပတ်အတွင်းမှာ သန္ဓေသားလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြစ်တည်လာတာကြောင့်ပါ ….. ဆက်သင့်တဲ့အစိတ်အပိုင်းတွေ ဆက်ကြသလို ကွဲသင့်တဲ့အစိတ်အပိုင်းတွေ ကွဲကြပြီး အသွင်အမျိုးမျိုးပြောင်းလာကြကာ ခန္ဓာကိုယ်နေရာဒေသအလိုက် သက်ဆိုင်ရာအစိတ်အပိုင်းလေးတွေဖြစ်လာကြပါတယ်။
နှုတ်ခမ်းကွဲ , အာခေါင်ကွဲရောဂါဆိုတာ မိခင်ဝမ်းဗိုက်ထဲမှာကတည်းက ဆက်သင့်တဲ့အရာတွေ ဥပမာ- နှုတ်ခမ်း ၊ အာခေါင်ပျော့ နဲ့ အာခေါင်မာ စသည့်အစိတ်အပိုင်းလေးတွေ မဆက်နိုင်ခဲ့တဲ့အတွက် နှုတ်ခမ်းတို့ အာခေါင်တို့မှာ ကွဲကျန်ခဲ့ရတာပါ။
နှုတ်ခမ်းကွဲ , အာခေါင်ကွဲ ရောဂါအမျိုးအစား ဘယ်နှမျိုးလောက်ရှိလဲ ?
၁) နူးညံ့သိမ်မွေ့တဲ့ အပေါ်နှုတ်ခမ်းကြားသည် အထဲသို့ ချိုင့်ဝင်နေခြင်း
၂) အပေါ်နှုတ်ခမ်းကွဲနေပြီး နှာခေါင်းနဲ့ ချိတ်ဆက်မှု မရှိခြင်း
၃) နှာခေါင်းနဲ့ ချိတ်ဆက်ထားမှုရှိသော်လည်း အလယ်မှ ကွဲနေခြင်း
၄) နှာခေါင်းနဲ့ ချိတ်ဆက်ထားမှုလည်း မရှိသလို အပေါ်နှုတ်ခမ်းသည် အလယ်မှာ ကွဲနေခြင်း
၅) နှာခေါင်းနှင့် ချိတ်ဆက်ထားမှုရှိသော်လည်း အပေါ်နှုတ်ခမ်းသည် အလယ်မှာ ကွဲနေခြင်း
၆) ပါးစပ်အတွင်းပိုင်းမှာရှိတဲ့ အာခေါင်ပျော့ကွဲနေခြင်း
၇) အာခေါင်ပျော့ သို့ အာခေါင်မာ ကွဲနေသောကြောင့် အာခေါင်အတွင်း ပါးစပ်နှင့် နှာခေါင်းကို ချိတ် ဆက်ထားသော အခေါင်းပေါက်ကို ဖုံးမထားနိုင်ခြင်း။
၈) ပါးစပ်အတွင်းမှာရှိတဲ့ အချွဲအကျိများ ထုတ်ပေးနိုင်သောနေရာအား အာခေါင်ပျော့ သို့ အာခေါင်မာ ကွဲနေသောကြောင့် ဖုံးပေးမထားနိုင်ခြင်း…အစရှိတဲ့ပုံစံအမျိုးမျိုးကွဲပြားနိုင်ပါတယ်။
ဘာကြောင့်ဖြစ်သလဲ ?
ဘာကြောင့်အခုလို နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲရောဂါ ဖြစ်ရတယ်ဆိုတဲ့အကြောင်းအရာကတော့ တိတိလင်းလင်း မသိရပါဘူး။
ဖြစ်နိုင်ချေများတဲ့အခြေအနေတွေကတော့…
၁) ကိုယ်ဝန်ဆောင်ချိန် မိခင်ဆေးလိပ်သောက်ခြင်း
၂) ဆီးချိုရောဂါအခံရှိပြီးသား မိခင်တွေကမွေးတဲ့ကလေးတွေမှာဆို သည်လိုနှုတ်ခမ်းကွဲ , အာခေါင်ကွဲရောဂါဖြစ်နိုင်ချေပိုများတာတွေ့ရပါတယ်။
၃) ကိုယ်ဝန်ပထမ၁၃ပတ်အတွင်း မိခင်မှအတက်ကျဆေးများသောက်ရခြင်း အစရှိတဲ့အခြေအနေတွေကတော့ မွေးရာပါနှုတ်ခမ်းကွဲ အာခေါင်ကွဲ ရောဂါဖြစ်နိုင်ချေပိုများပါတယ် ။
ဒါကြောင့် မေမေတို့ရေ ကိုယ်ဝန်ဆောင်အတွင်း ဆေးလိပ်သောက်ခြင်းရှောင်ကြဉ်ကြပါနော် ။
ဆရာဝနညြှှနကြှားခကွမြပါဘဲ တှေေ့ကရာဆေးတှလေဲ မသောကသြုံးဖို့ မှာကှားခငွပြါသေးတယြ။ နားလညတြတကြွှမြးတဲ့ဆရာဝနနြဲ့သခွောဆှေးနှေးပှီး လိုအပတြဲ့ဆေးတှသေောကသြုံးကှပါနောြ။
မွေးရာပါ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲရောဂါ ပါ,မပါ ဘယ်လိုသိနိုင်မလဲ ?
ကိုယ်ဝန်နောက်ဆုံးအပတ်၁၃ပတ်အတွင်းမှာ အာထရာဆောင်း or Ultrasound ရိုက်ကြည့်ပြီး ကလေးမှာ မွေးရာပါနှုတ်ခမ်းကွဲရောဂါပါ,မပါ သိနိုင်သလို မွေးပြီးပြီးချင်းမှာလဲ သိနိုင်ပါတယ်။
သည်ရောဂါကြောင့် ကလေးမှာ ဘာတွေဆိုးကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲ ?
အဓိကကတော့ နို့ သို့မဟုတ် အစားအစာစားသောက်တဲ့အခါမှာ အစာခဏခဏသီးကြပါတယ် ။ အသက်ရှုရာမှာလဲ အခက်တွေ့နိုင်ပါတယ် ၊ စကားပြောရင်လဲ စကားကိုပီပီသသမပြောနိုင်တာတို့ ဖြစ်တတ်ပါတယ် ၊ အခြားကတော့ သွား ၊ အကြားအာရုံနဲ့ပတ်သက်ပြီးလဲ အခက်အခဲတွေဖြစ်တတ်ပါတယ် ၊ ပြီးတော့ အသက်ကြီးလာရင် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားမယ် ၊ အပေါင်းအသင်းတွေကြား မိမိရဲ့သွင်ပြင်ကြောင့် စိတ်အားငယ်တာတွေ ဖြစ်တတ်ကြပါတယ် ။
အကြီးအမားဆုံးအခက်အခဲဖြစ်တဲ့ နို့တိုက်ခြင်းကိုကျော်လွှားနိုင်ဖို့ မေမေတွေ နို့ဘယ်လိုတိုက်မလဲ ?
မေမေတွေ သည်လိုမျိုး ကလေးလေးတွေကို နို့တိုက်ရင် ပေါင်ပေါ်မှာ ကလေးကိုထိုင်လျက်အနေအထားနဲ့တိုက်ပါ ။
နို့သီးခေါင်းကို နှုတ်ခမ်းမကွဲနေတဲ့ဘက်ကိုထားပါ ။
အကယ်၍ နို့သီးခေါင်းမှာမစို့နိုင်ရင် နို့ကိုညှစ်ပြီး ဇွန်းနဲ့တိုက်လို့ရပါတယ် ။ နို့တိုက်ပြီးတိုင်းလေထုတ်ဖို့လဲ မမေ့ကြပါနဲ့နော်
ဘယ်လိုကုသမလဲ ?
ယနေ့ခေါတ်မှာတော့ ခွဲစိတ်ကုသမှုခံယူပြီးနောကိ အလျင်းပျောက်ကင်းသွားပါပြီ
ဘယ်သူတွေခွဲပေးတာလဲ ?
Plastic and Maxillofacial Surgeon ခေါ် မျက်နှာနှင့်မေးရိုးခွဲစိတ်အထူးကုဆရာကြီးတွေ ခွဲပေးမှာဖြစ်ပါတယ်။
ဘယ်အချိန်ခွဲစိတ်ကုသမှုခံယူသင့်လဲ ?
ဖြစ်နိုင်လျှင် နှုတ်ခမ်းကွဲရောဂါသည်ကလေးလေးတွေဟာ သူတို့အသက်၁နှစ်အတွင်း ခွဲစိတ်ကုသမှု ခံယူရင်အကောင်းဆုံးပါ။
အာခေါင်ကွဲရောဂါသည်ကလေးတွေကတော့ သူတို့အသက်၁နှစ်ခွဲအတွင်း ခွဲစိတ်ကုသမှုခံယူရင် အကောင်းဆုံးပါ ၊ ဘာလို့လဲဆိုတော့ အသက်ကြီးလာလေ အခြားသောခွဲစိတ်ကုသမှုတွေ ခံယူနိုင်ရခြေများလို့ပါ။
ခွဲစိတ်ကုသမှုခံယူလိုက်ခြင်းအားဖြင့် ဘာတွေကောင်းကျိုးရနိုင်မလဲ ?
ခွဲစိတ်ကုသမှုခံယူလိုက်ခြင်းအားဖြင့် အထက်မှာဖော်ပြခဲ့တဲ့ အခက်အခဲတွေအားလုံး ကျော်ဖြတ်နိုင်တဲ့အပြင် ဖြူစင်လှပတဲ့အပြုံးလေးတွေ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Name | Dr. Mie Mie Kyaw |
---|---|
Degrees | M.B.B.S (YGN) |
Biography | ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ် Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
|
Address | Parami General Hospital, Yangon |