အမျိုးသမီးများ ကိုယ်ဝန်မရအောင်တားသောနည်းလမ်းများ (contraception method)
ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး – ၂)
မည်သည့်နည်းလမ်းဖြင့် သန္ဓေသားဖြစ်ပေါ်လာပါသလဲ။
အမျိုးသမီးထံမှမျိုးဥ နှင့် အမျိုးသားထံမှ သုတ်ပိုးတို့ ပေါင်းစီးပြီး သားအိမ်နံရံတွင် တွယ်ကပ်ခြင်းဖြင့် သန္ဓေသားဖြစ်ပေါ်လာပါတယ်။
ထို့ကြောင့် ကိုယ်ဝန်မရအောင် အမျိုးသမီးထံမှ မျိုးဥ မထွက်အောင်တားခြင်း၊ သုတ်ပို့ များ သားအိမ်ထဲ မရောက်အောင် တားခြင်း၊ သန္ဓေသား သားအိမ်နံရံတွင် တွယ်ကပ်၍ မရအောင်တားခြင်းဖြင့် ကိုယ်ဝန်မရအောင်ပြုလုပ်၍ရပါတယ်။
ကိုယ်ဝန်တားသော နည်းလမ်းမည်မျှရှိပါသလဲ။
ကိုယ်ဝန်တားသော နည်လမ်းများစွာရှိပါတယ်။ ၄င်းတို့မှာ_
၁) သဘာဝနည်းလမ်းများဖြင့်တားခြင်း
- ရက်ရှောင်နည်း
၂၈ ရက် cycle ရှိသော အမျိုးသမီးတစ်ယောက်သည် ရာသီလာပြီး ၁၄ ရက် မှ၂၁ ရက် အတွင်း မျိုးဥ ကြွေတတ်ပါတယ်။မျိုးဥ ကြွေမဲ့ ရက်ကို ရှောင်ရှားပြီးနေပါက ကိုယ်ဝန်ရနိုင်ခြေနည်းပါတယ်။
သို့သော် ဒီနည်းဟာ ရာသီရက် အတိအကျ ပုံမှန်လာသူတွေမှာသာ အကျိုးရှိမှာ ဖြစ်ပြီး ကိုယ်ဝန်တားနိုင်စွမ်းလည်း နည်းပါတယ်။ ယနေ့ခေတ် တိုးတက်လာတဲ့နည်းပညာများအရ ဖုန်းထဲမှ application ထည့်ပြီး မျိုးဥကြွေမဲ့ းက် ကို မှန်းဆလို့လဲရပါတယ်။
ခလေးနို့တိုက်နေချိန်
ခလေးမွေးပြီးစ အမျိုးသမီးများ မိခင်နို့တိုက်ကျွေးနေချိန်မှာလဲ သဘာဝအရ ကိုယ်ဝန်တားပြီးသားဖြစ်လို့ ခလေးရန်ုင်ခြေနည်းပါတယ်။သို့သော် ထိုကဲ့သို့ အာနိသင်ရရန် နို့နှစ်ဖက်ကို တလှည့်စီ တိုက်ပေးရမှာဖြစ်ပြီး ၂နာရီခြားတခါ တိုက်ပေးရမှာဖြစ်ပါတယ်။
ဟောမုန်းပါသော ဆေးများဖြင့် ကိုယ်ဝန်တားနည်း
- Emergency pill (အရေးပေါ် ကိုယ်ဝန်တားဆေး)
နာမည်အတိုင်း အရေးပေါ်ကိုယ်ဝန်တားဆေးကို တကယ်အရေးပေါ်အချိန်မျိုးမှသာ သုံးသင့်ပါတယ်။ ကြိုတင်စီစဉ်ပြီး အတူနေခြင်း၊ အမြဲလိုလို အတူ နေဖြစ်သော စုံတွဲတွေဟာ တခြားနည်းလမ်းကိုသာ သုံးသင့်ပါတယ်။
အဘယ်ကြောင့်ဆိုသော် အရေးပေါ်တားဆေးတလုံးမှာ ပါဝင်တဲ့ ဆေးပမာဏဟာ သာမာန် ၂၈ ရက် သောက်ရတဲ့ တားဆေး အလုံး ၂၁ လုံး ပမာဏ နှင့်ညီမျှသောကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် အရေးပေါ်တားဆေး ခဏခဏ သောက်ခြင်းဟာ သားအိမ်ကို ထိခိုက်န်ုင်ပြီး ကိုယ်ဝန်တားနိုင်စွမ်းလဲ တဖြေးဖြေး လျော့ကျလာပါတယ်။
ဒါ့အပြင် ရာသီမမှန်ခြင်း၊ပျို့အန်ခြင်းတ်ူ့လဲ ဖြစ်တတ်ပါတယ်။အရေးပေါ်တားဆေးကို အတူနေပြီးပြီး ချင်း ၂လုံးတစ်ပြိုင်နက် သို့မဟုတ် ၁၂နာရီခြားတလုံးစီ ကို ၇၂ နာရီ အတွင်းသောက်ပေးရပါမယ်။
၂၈လုံးပါ ၁ကဒ်တားဆေး (OC pill )
အမျိုးသမီးတော်တော်များများ သောက်သုံးကြတဲ့ ကိုယ်ဝန်တားဆေးဖြစ်ပါတယ်။ တလုံးတွင် တားဆေး ၂၁လုံးနှင့် သံဓာတ် ၇လုံး(တချို့ မပါပါ) စုစုပေါင်း ၂၈ လုံးပါတတ်ကြပါတယ်။
ကိုယ်ဝန်တားနိုင်စွမ်းမြင့်တာရယ် အလွယ်တကူ ဝယ်လို့ ရတာရယ်ကြောင့် တွင်တွင် ကျယ် ကျယ် သုံးကြပါတယ်။ oestrogen နှင့် progestrogen ဟော်မုန်း၂မျိုးပါတာရှိသလို progestrogen တမျိုးပဲ ပါတဲ့ တားဆေးလဲ ရှိပါတယ်။ နို့တိုက်မိခင်တွေအနေနဲ့ progestogen တမျိုးထဲ ပါတဲ့ တားဆေး ကိုသာ ရွေးချယ်သောက်ရပါမယ်။
ရာသီစက်ဝန်းမည်သည့် အချိန်တွင်မဆို စသောက်လို့ရပြီး သောက်ပြီး ၁ပတ် အမျိုးသားအတူနေခြင်းမျိုးကို ရှောင်ခြင်း သို့မဟုတ် အကာအကွယ် သုံးခြင်းမျိုးလုပ်ရပါမယ်။
အားနည်းချက် အနေနဲ့ တနေ့တလုံးပုံမှန်သောက်ရခြင်းကြောင့် သတိမေ့တတ်သူ အလုပ်ရှုပ်သူတွေဆို အဆင်မပြေပါဘူး။ရာသီ ပုံမှန် လာသူရှိသလို ရာသီမမှန်တတ်သူတွေလဲ ရှိပါတယ်။
၃လခံတားဆေး (Depo)
၃လခံထိုးဆေးတွေဟာ progestogen လို့ခေါ်တဲ့ hormone တမျိုးထဲ ပါလို့ မို့ နို့တိုက် မိခင် တွေပါ ထ်ု့လို့ရပါတယ်။ လက်မောင်း သို့မဟုတ် တင်ပါးကို ထိုးကြပါတယ်။ အားသာချက်က ၃လမှာတခါ ထိုးရတာ ဖြစ်သည့်အတွက် သောက်ဆေးတွေလို မေ့မှာမျိုး ပူစရာမလိုပါဘူး။သူလဲ ဆေးထိုးပြီး ၁ပတ် အမျိုးသားအတူနေခြင်းမျိုးကို ရှောင်ခြင်း သို့မဟုတ်အကာအကွယ် သုံးခြင်းမျိုးလုပ်ရပါမယ်။
လက်မောင်းထဲ ပစ္စည်း ထည့်ခြင်း (implant)
လက်မောင်းထဲ ထည့်ခြင်း implant ကို ယခုနောက်ပိုင်းတွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။၃နှစ်မှ ၅နှစ် အထိ ကိုယ်ဝန်တားနိုင်ခြင်းကြောင့် ခလေးလောလောလောလတ်လတ် မလိုချင်သေးသူတွေ အတွက် အဆင်ပြေပါတယ်။
သားအိမ်ထဲ ပစ္စည်းထည့်ခြင်း (IUCD)
သားအိမ်ထဲ ထည့် ပစ္စည်းတွေဟာ ၃နှစ်မှ ၁၀နှစ် ထိ ကိုယ်ဝန်တားချင်သူများအတွက် အဆင်ပြေပါတယ်။ copper ပါသော IUCD နှင့်progestrogen hormone ပါသော IUCD ဆိုပြီး ၂မျိုးရှိပါတယ်။ ကိုယ်ဝန်တားနိုင်စွမ်းကလဲ ၉၉% နီးပါးရှိတာမို့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။
သားကြောဖြတ်ခြင်း
သားကြောဖြတ်ခြင်းကတော့ ကလေး လုံးဝ မယူတော့မှာ သေချာတဲ့ စုံတွဲတွေ အနေနဲ့ ရွေးချယ်သင့်ပါတယ်။ သားကြောဖြတ်ခြင်းကို အမျိုးသားရော အမျိုးသမီးရော လုပ်နိုင်ပြီး အသေးစားခွဲစိတ်မှု ပြုလုပ်ရမှာဖြစ်တဲ့အတွက် ခွဲစိတ်ခန်းဝင်ဖို့လ်ုပါတယ်။
များသောအားဖြင်း ဗိုက်ခွဲမွေးကြတဲ့မေမေတွေ အနေနဲ့ တခါထဲ သားကြောဖြတ်ကြတာများပါတယ်။ သားကြောဖြတ်ခြင်းဟာ လုံးဝ ခလေးမရနိုင်တော့မှာ ဖြစ်တဲ့ အတွက် သေချာ စဥါးစားပြီးမှ ပြုလပ်သင့်ပါတယ်။
ကြားခံပစ္စည်းသုံးပြီး ကိုယ်ဝန်တားခြင်း
- Condom
ကွမ်ဒုံ သုံးခြင်းဟာ ကိုယ်ဝန်တားနိုင်ယုံသာမက လိင်မှတဆင့် ကူးစက်ရောဂါတွေကိုပါ တားပေးတာဖြစ်လို့ အဆင်ပြေဆုံး နည်းလမ်းဖြစ်ပါတယ်။ အထူးသတိထားရမှာက condomတခု ကို လိင်တခါဆက်ဆံခြင်း အတွက်သာ သုံးရမှာဖြစ်ပြီး အသုံးပြုပြီးပါကအပေါက်အပြဲ ရှိမရှိ စစ်ပြီး တခါထဲ စွန့်ပစ်ရပါမယ်။
Contraceptive ring
ဟော်မုန်း၂မျိုး ပါတဲ့ ပလတ်စတစ် အဝိုင်းပြားလေးဖြစ်ပြီး အမျိုးသမီး လမ်းကြောင်းမှာ ၃ပတ် အထိ ထည့်ထားလို့ရပါတယ်။ ၃ပတ်ကျော်ပါက နောက် ၁ခုပြောင်းသုံးရပါမယ်။၂၈လုံးပါ တားဆေးလို ဟော်မုန်းပါပေမဲ့ ပမာဏအနည်းငယ်သာပါဝင်ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာ သုံးသူလဲ နည်းပါတယ်။
Diaphragm
Diaphragm လို့ခေါ်တဲ့ ဆီလီကွန် ခွက်လေးဟာ condom လို မျိုူး သုတ်ပိုးတွေ သားအိမ်ထဲ မဝင်အောင်တားပေးထားတာ ဖြစ်ပါတယ်။အမျိုးသမီး မွေးလမ်းကြောင်းထဲ ၆နာရီကြာ ထည့်ထားလ်ု့ ရပါတယ်။ ဒါဟာလဲ ဒီနိုင်ငံမှာ သုံးသူနည်းပါးပါတယ်။
အခိုက်အားဖြင့်ဆိုရသော် မည်သည့် ကိုယ်ဝန်တားသော နည်းလမ်းမဆို အကောင်းနှင့် အဆိုး ဒွန်တွဲနေတတ်ပါတယ်။ မိမိဘာသာသင့်တော်ရာကိုည ရွေးချယ် အသုံးပြု၍ရသလို ဆရာဝန်နှင့်တိုင်ပင်၍ လည်း မိမ်နှင့် သင့်တော် မည့်နည်းလမ်းကို တိုင်ပင်ရွေးချယ်နိုင်ပါတယ်။
Reference health.qld.gov.au

Name | ဒေါက်တာ သဇင်ထက်(ဆေး- ၂) |
---|---|
Degrees | M.B.,B.S (ygn) |
Biography | အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။ ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။ |
Topic |
စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ |
Address | Parami General Hospital, Yangon. |