မိုဘိုင်းနည်းပညာတွေ ဖောဖောသီသီရှိနေတဲ့ ဒီနေ့ခေတ်ထဲမှာ ကလေးတွေကို Screen Time လုံးဝမရှိရဘူးလို့ ပိတ်ပင်ထားနိုင်ပါရဲ့လား။ ဒီတော့ Screen Time ကို စနစ်တကျလေး သတ်မှတ်ပေး ထားမယ်ဆိုရင် ကလေးတွေအတွက် ဘေးကင်းစွာနဲ့ ကစားသင်ယူမှုဖြစ်စေမှာပါ။
- သင်နံနက်စာပြင်ဆင်နေချိန်မျိုး၊ နေ့လည်စာပြင်ဆင်ပေးနေချိန်မျိုးတွေမှာ Screen Time ထား ပေးလိုက်ပါ။ သူတို့လေးတွေရဲ့ အကြိုက်ဆုံးကာတွန်းကားလေးတွေပြပေးထားမယ်ဆိုရင် သင့် အတွက်လည်း အချိန်ရ၊ ကလေးတွေလည်း ပျော်ရဆိုတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာပါ။
- Screen Time ပြီးဆုံးပြီဆိုတာနဲ့ ချက်ချင်းပိတ်ပေးပါ။ ကလေးကိုတော့ မကြည့်နဲ့ပြောပြီး ဆက် ပြီးဖွင့်ထားတာမျိုး၊ အသံတွေဆက်ထွက်နေတာမျိုးကျ ကလေးကိုဘယ်လောက်ပဲတားနေနေ အ သုံးဝင်မှာမဟုတ်ပါဘူး။ အိမ်က အရမ်းတိတ်ဆိတ်လွန်းနေလို့ဆိုရင်တော့ သီချင်းသံလေးတွေပဲ ဖွင့်ထားပြီး ကလေးတွေ မြူးမြူးကြွကြွ ပျော်ပျော်ပါးပါး ကခုန်နေစေလိုက်ပါ။
အာရုံပြောင်းသွား ပြီး အဆင်ပြေသွားပါလိမ့်မယ်။
ဟုတ်ပါတယ်။ တကယ်တမ်းကျ ကလေးတွေကို စနစ်တကျဖြစ်စေဖို့ အချိန်ဇယားနဲ့နေခိုင်းတာက အဆင်ပြေတာလည်းရှိသလို တချို့သောမေမေတွေအတွက် အတော်လေးရုန်းကန်ရတဲ့အခက်အခဲမျိုး တွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။
ဘယ်အရာကမှပြီးပြည့်စုံလွန်းနေတာမျိုးမရှိဘူးလို့တွေးထားရသလို အလိုလိုက်လွန်းတဲ့အနေအထားမျိုးလည်းဖြစ်မသွားစေဘဲ အလိုက်သင့်လေးနဲ့ ကလေးတွေရဲ့ ပျော်ရွှင် မှုနဲ့ဆန္ဒကိုသာ ဦးစားပေးပါ။ အချိန်ဇယားအတိုင်း ကြိုးစားကြည့်ပေမယ့် အဆင်မပြေဘူးဆိုလည်း စိတ် အေးအေးထားပြီး နောက်ရက်တွေကျ ပြန်ကြိုးစားကြည့်ပါ။
နေ့ရက်တွေတိုင်းမှာ မိသားစုဝင်တွေ ဘေး ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးရှိနေဖို့သာ အရေးကြီးတာပါ။ အလုပ်တွေနဲ့ ကလေးတွေ ကိုအချိန်မပေးနိုင်ခဲ့သမျှ ဒီအချိန်မှာ မိသားစုအတွက် တန်ဖိုးရှိတဲ့အချိန်တွေ အတိုးချပြီး ရရှိတာဆိုပြီး အကောင်းမြင်ကြည့်ပေးပါ။
တစ်နေကုန် တပျော်တပါးကစားသင်ကြားထားခဲ့ရသမျှ ခြေကုန်လက်ပမ်းကျသွားလို့ နှစ်နှစ်ခြိုက် ခြိုက်အိပ်မောကျသွားတဲ့ကလေးတွေကိုကြည့်ရုံနဲ့ မေမေ၊ ဖေဖေတို့လည်း တစ်နေကုန်ပင်ပန်းထားခဲ့သ မျှ အမောပြေကြရမှာပါ။
မိသားစုအတူတကွအချိန်ကုန်ရင်း နောင်ရက်တွေမှာ အရင်လိုပျော်ရွှင်ဖွယ် အတိပြီးတဲ့ သာယာတဲ့နေ့တွေရောက်လာတော့မှာလို့ ဖြေသိမ့်အားပေးရင်း COVID-19 ကြောင့် အိမ်မှာနေရတဲ့ကာလမှာ မေမေဖေဖေတို့ရဲ့ ပူပန်ဖိစီးမှုတွေလည်း အတန်အသင့်ပြေလျော့သက်သာရာ ရသွားစေမယ်လို့ မျှော်လင့်မိပါတယ်။