COVID-19 ကို ကာကွယ်နေတဲ့ ကာလပတ်လုံး ခံတွင်းသန့်ရှင်းရေးကိုဘယ်လို ဂရုစိုက်ကြမလဲ?
ရေးသားသူ – ဒေါက်တာမျိုးမြင့်အောင်
- မနက်အိပ်ရာထထချင်း ပလုတ်ကျင်းဆေးရည် (Mouthwash) ဖြင့် ပလုတ်ကျင်းပါ ။
- အာဟာရရှိတဲ့ မနက်စာစားပါ ။
- မနက်စာစားပြီးရင် သေသေချာချာ သွားတိုက်ပါ ။
- နေ့လည်စာစားပြီးရင်လည်း သွားသေသေချာချာတိုက်ပါ ။
- သွားမတိုက်နိုင်ပါက ပလုတ်ကျင်းဆေးရည်ဖြင့် ပလုတ်ကျင်းပါ။
ညစာစားပြီးရင် သွားပွတ်ကြိုး ( Dental Floss) နဲ့ သွားကြားတွေကို သန့်ရှင်းရေးလုပ်ပါ ။ ပြီးရင် သွားတိုက်ပါ ။
ခံတွင်းသန့်ရှင်းရေးကို အခုလို ဂရုစိုက်ပေးခြင်းအားဖြင့် ကျွန်တော်တို့ ခံတွင်းဟာ မနက်ရော နေ့လည်ရော ညနေခင်းရော ညအိပ်ချိန်မှာပါ သန့်ရှင်းနေမှာဖြစ်ပါတယ် ။
မလိုအပ်ပဲ သွားရည်စာတွေ တစွပ်စွပ်စားခြင်းမှ ရှောင်ကျဉ်ပေးပါဗျ ။
ကမ္ဘာကြီးမြန်မြန် ကျန်းမာလာဖို့ ကျွန်တော်တို့ အားလုံး ကျန်းမာအောင်နေကြမယ်ဗျာ ။

Name | ဒေါက်တာမျိုးမြင့်အောင် |
---|---|
Degrees | B.D.S (MDY) |
Biography |
၂၀၁၅ ခုနှစ်မှာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေး မှ ဘွဲ့ရရှိခဲ့ပြီး မန္တလေးက ပရဟိတဆေးခန်းတွေမှာ (၂) နှစ်ခန့် အခမဲ့ လုပ်အားပေးခဲ့ပါတယ်။ ယခုအခါမှာတော့ မန္တလေးတွင် ကိုယ်ပိုင်သွားနှင့်ခံတွင်းဆေးခန်းကို ဦးဆောင်ဖွင့်လှစ်လျက်ရှိပါတယ်။ မိဘမဲ့ကလေးများ နှင့် ကာယ၊ ဉာဏ မသန်စွမ်း (Handicapped) ကလေးများကို သွားနှင့်ခံတွင်းရောဂါတွေမဖြစ်ရအောင် ဟောပြောပွဲများနှင့် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို အလေးပေးဆောင်ရွက်နေပါတယ်။ လူမှုကွန်ရက်၊ TV အစီအစဉ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များမှ သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အမြဲမျှဝေနေပါတယ်။ ကျွန်တော့်ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေး ဆောင်းပါးများ၊ ဗွီဒီယိုများကို Facebook တွင် "Your Myoe - Your Dentist" Page ၌ကြည့်ရူနိုင်သလို ကိုယ်ပိုင် website ဖြစ်တဲ့ www.yourmyoe.com တွင်လည်း ဖတ်ရှုနိုင်ပါတယ်။ |
Topic |
|
Address |
|