COVID-19 ဖြစ်ပွားချိန်မှာ သက်ကြီးရွယ်အိုများ ဘယ်လိုပြင်ဆင်နေထိုင်ကြမလဲ?

ရေးသားသူ – ဒေါက်တာအိသက်ငြိမ်း

အခုကျွန်မတို့ရဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ် နေတဲ့ Corona virus ကူးစက်မှု ဟာ လူတိုင်း ကို ကြောက်လန့် တုန်လှုပ်စေပါတယ်…

လူငယ်တွေ ၊ လူလတ်ပိုင်း တွေ တောင် ကြောက်လန့် တုန်လှုပ် နေ ကြတာ ရောဂါ ကူးစက်ခံ ရရင် သေနှုန်း ပိုမို မြင့်မားတဲ့ အသက် ၆၀-၇၀ကျော်တဲ့ လူကြီးတွေ နဲ့ အ ခြားရောဂါ အခံရှိသူတွေ အ နေနဲ့ ရော

ဘယ်လိုခံစား နေရ မလဲ????

စိုးရိမ်စိတ်အရမ်းများနေရင် လဲ ကျန်းမာရေးမှာ ထိခိုက်မှု တွေရှိနိုင်ပါတယ်ရှင့်
အဲ့တာ ကြောင့်…..

  • စိတ်ကို အတတ် နိုင်ဆုံး အေးချမ်းတည်ငြိမ် အောင်ထားပါ
  • တရားထိုင်ပေးပါ
  • အိပ်ရေးဝအောင်အိပ်ပေးပါ
  • သက်ဆိုင်ရာဋ္ဌာန က ထုတ်ပြန်တဲ့ သတင်းတွေကိုသာ နားထောင်ပေးပါ။
  • အချို့သော social media ပေါ် က သတင်းတွေက information overload ဖြစ်ပြီး ဖတ်မိတဲ့ လူတွေ ကို အစိုးရိမ်လွန်စေ ပါတယ်ရှင့်

မိမိ ကိုယ်ကို မိမိ ဘယ်လိုကာကွယ်ရမလဲ??

  • လက်ကိုမကြာခဏဆေးပေးပါ။
  • တတ် နိုင်ရင် အိမ်ထဲ မှာပဲနေပေးပါနော်။
  • အာဟာရမျှတ အောင်စားပေးပါ ဥပမာ- အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ ၊ vitamins ကြွယ်ဝတဲ့ အသီးအနှံ၊ အသီး အရွက်တွေ စားပေးပါ။
  • အချိန်မှန်မှန် စားပြီး အချိန်မှန်မှန် အိပ် ပေး ဖို့လဲ အရေးကြီးပါတယ် ရှင့် ။ ပုံမှန်သောက် နေကျဆေး ကို ဆက်ပြီးမှန်မှန်သောက် ပါ။
  • အန်တီတို့ အန်ကယ်တို့ သောက် နေကျ ဆေးမှာ steroid ပါ နေခဲ့ ရင် လဲ ဆက် ပြီး သောက် လို့ ရပါတယ် ၊ ဖြတ်စရာ မလိုပါဘူး။
  • ဆရာဝန်နဲ့ ပြရမယ့် ရက်ချိန်း ရောက်ပြီ ဆိုရင် ဖြစ်နိုင်ရင် ဖုန်းနဲ့ ဆွေးနွေး ပေးတာ မျိုး တွေ လုပ်ပေး စေလိုပါတယ်။
  • လိုအပ်မှသာ -ရောဂါ လက္ခဏာ တခုခု ခံစားနေရမှ သာ ဆေးရုံ ဆေးခန်းသွားပါ။
  • အိမ်ကို ဧည့်သည်လာ တွေ ကို ငြင်းဆန်ပေးစေလိုပါတယ်။

မိသားစုဝင်တွေ အနေနဲ့ ရောဘာတွေ လုပ်ပေးရမလဲ??

  • အိမ်ကိုသွား လည်ပြီး ကျန်းမာရေး အ ခြေအနေကို မေးမယ့် အစား phone ခေါ်ပြီး မေးစေလိုပါတယ်ရှင့်
  • အဓိကလိုအပ် နေတဲ့ psychological support ကို ပေးစေလိုပါတယ်ရှင့်
  • လိုအပ်တဲ့ အစား သောက်နဲ့ ဆေးဝါး များ ကို ထားရှိ စေလိုပါတယ် ရှင့်
  • အရေး ပေါ်ဆက်သွယ် ရမယ့် phone number တွေ ကိုလဲ အလွယ်တကူထားရှိ ပေးပါ။

Name ဒေါက်တာ အိသက်ငြိမ်း
Degrees M.B.,B.S (ygn)
Biography 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center)
Topic Paediatric surgery Paediatric medicine Child psychiatry
Address Yangon
en_USEN