COVID-19 နှင့် Gym ဆော့ရာတွင် ဆောင်ရန် ရှောင်ရန်များ အကြောင်း

ရေးသားသူ – ဒေါက်တာ အိသက်ငြိမ်း

Gym ဆိုတာ …နေရာ စုံကလူတွေ စုဝေးတာ မို့ virus ကူးစက်နိုင်မှုများပါတယ်

Gym တွေလဲ ပြန်ဖွင့် နေပြီ မို့ သွားမယ် ဆိုရင် အောက် မှာ ပြော ပြ ပေး ထား တဲ့ tips လေးတွေ ကို လိုက်နာမယ် ဆိုရင် virus ကူးစက်မှုနှုန်း ကို များစွာလျော့ချ နိုင်ပါတယ်ရှင့်….

Gym သွားရင် ဘာတွေ သတိထားပြီး လုပ်ရမလဲ…?

  • Gym မကစားခင် changing room ထဲမှာ လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ခန့်သေချာ ဆေး ပေး ပါ…
  • မျက်နှာသုပ်ပဝါ၊ ရေဘူး နဲ့ ရေခွက် တွေကို share ပြီး မသုံးပါနဲ့…
  • ကိုယ် ကစားခဲ့တဲ့ ခုံ – ဥပမာ chest press တွန်းထားတဲ့ ခုံ မှာ ချွေးတွေ ပေ နေတယ် ဆို ရင် towel (သို့) tissue နဲ့ ပြန်သန့်ရှင်း ခဲ့ ပေးပါ…
  • ချောင်းဆိုး၊ နှာချည်ခဲ့မယ် ဆိုရင်လဲ tissue နဲ့ အုပ်ပြီး ချောင်းဆိုး ၊နှာချည် ပေးပါ…
  • အသုံးပြုပြီး သား tissue ကိုလဲ အမှိုက်ပုံးထဲ ချက်ချင်းပစ် ပေး ပါ…
  • မျက်နှာ၊ နှာ ခေါင်း တစ်ဝိုက် ကို လက်နဲ့ ထိတာ တတ် နိုင် သမျှ ရှောင် ပေးပါ….
  • Gym ကစား ပြီးရင်လဲ လက်ကို ဆပ်ပြာ နဲ့ သေချာ ဆေး ပေးပါ…
  • ရေချိုးသန့်စင်လိုက်တာ ပိုပြီးသင့်တော် ပါတယ်….
  • အာဟာရ ပြည့်ဝအောင်စား ပေးပါ…
  • အိပ်ရေးဝအောင် အိပ် ပေး ပါ…
  • တတ်နိုင်ရင် ချွေးထုတ်ခန်းသုံးတာ ကို ရှောင် ပေးပါ.. ပူပြီး စိုစွတ်တဲ့ နေရာမှာ virus က ကာလကြာ အသက် ပိုရှင် နိုင်ပြီး ၊ကူးစက်နိုင်မှု နှုန်း လည်းပို မြန်ပါတယ် ရှင့်…
  • နေလို့ မကောင်း ဘူး… နှာ စေး ချောင်းဆိုး ဖြစ် နေတယ် ဆိုရင် အိမ်မှာ ကောင်း ကောင်း အနား ယူပေးပါ….

Gym တွေ အနေ နဲ့လဲ…

  • လက်ဆေးဆပ်ပြာ ၊ 70-90% alcohol ပါတဲ့ handgel လေးတွေ နေရာတိုင်း လိုလို မှာ ထား ပေး စေချင်ပါတယ် ရှင့်
  • သန့်ရှင်း ရေးကို အရင်ကထက် ပို လုပ် ပေးဖို့ အကြံပြုချင်ပါတယ် ရှင့်
  • အရင်က ၂ ကြိမ်လောက် လုပ်တယ် ဆိုရင်အခု ၄-၅ ကြိမ် လောက် လုပ် ပေးပါ
  • သံ သတ္တု စတဲ့ ပစ္စည်းတွေ မှာ virus ပိုပြီးကပ်နေ နိုင် လို့ပါ…
  • အဓိက က တော့ လူ အများထိတွေ့မှုများတဲ့ တံခါး လက်ကိုင် ၊ dumbbells နဲ့ Barbells လက်ကိုင် တွေ ကို သတိထား ပြီး သန့်ရှင်း ပေးပါရှင့်…
  • သန့်ရှင်းရေးပြုလုပ်တဲ့ အခါမှာလဲ EPA (Environmental Protection Agency ) မှ အသိအမှတ် ပြုထားတဲ့ သန့်ရှင်းရေး သုံးပစ္စည်း ကို အသုံးပြု ပေးတာ ပို ပြီးသင့်တော်ပါတယ်..

Name ဒေါက်တာ အိသက်ငြိမ်း
Degrees M.B.,B.S (ygn)
Biography

၂၀၁၀ ခုနစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူး ၅ဘာသာ ဖြင့်ဖြေဆို အောင်မြင်ခဲ့ပြီး ဆေးပညာကို ၂၀၁၀ မှ၂၀၁၆ အထိ ဆေးတက္ကသိုလ်(၁)တွင် သင်ယူဆည်းပူးခဲ့ကာ ၂၀၁၇ ဒီဇင်ဘာလတွင် ဆေးပညာဘွဲ့ကို ရရှိခဲ့သည်။

ဆေးမပေးခန်း Lifestyle Clinic Myanmar တွင်လည်း Exercise Pre-scripting Doctor အနေဖြင့် တစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး Total Fitness နှင့် SCG cement company တွင် လူတိုင်းသိသင့်သော Daily Nutrition အာဟာရနှင့် ပတ်သတ်သော ခေါင်းစဉ်၊ Exercises လေ့ကျင့်ခန်းနှင့် ပတ်သတ်သောခေါင်းစဉ်များ ကိုလည်းပြောကြားခဲ့ ပါသည်။

၂၀၁၉ စက်တင်ဘာလမှစ၍ ဥရောပနိုင်ငံရှိ တက္ကသိုလ် (University of Leeds, United Kingdom) တွင် Sports and exercise medicine နှင့် Musculoskeletal (အရိုးကြောနှင့် ပတ်သက်သော ဝေဒနာများ) ဆိုင်ရာ ဘာသာရပ်များနှင့် ပတ်သတ်၍ မဟာဘွဲ့တက်ရောက်လျက် ရှိပါသည်။

Topic
  • ဒူးနာ၊ ခါးနာ နှင့် အရိုး အကြောအဆစ်၊ ကြွက်သားနှင့် ပတ်သတ်၍ နာကျင်မှုဝေဒနာ ခံစားနေရသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများအား အထိရောက်ဆုံး ကူညီပေးနိုင်ပါတယ်။
  • ကိုယ်အလေးချိန်ကျလိုသူများ၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ဝေဒနာရှင်များ လေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုလျင် သတိထားရမယ့် အချက်များ။
  • Non-communicating Disease ကူးစက်ရောဂါမဟုတ်သော နာတာရှည်ရောဂါများတွင် အဓိကလိုအပ်သော Lifestyle modifications စားသောက်နေထိုင်မှုပုံစံများကို အသေးစိတ်ဆွေးနွေးပေးပါတယ်။
Address Leeds, United Kingdom
en_US