လူကြီးတွေမှာ Dementia လို့ခေါ်တဲ့ မှတ်ဉာဏ်အသိဉာဏ်နည်းပါလာခြင်းရောဂါကို ဘယ်လိုလျော့ချနိုင်မလဲ။

ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)

Dementia လို့ခေါ်တဲ့အသိဉာဏ်နည်းပါးလားခြင်းရောဂါဟာ အသက်ကြီးလာတာနဲ့အလျောက် အာရုံကြောယိုယွင်းပျက်စီးရာမှ အသိ သတိ မှတ်ဉာဏ်စွမ်းအားလျော့ကျလာသောရောဂါဖြစ်ပါတယ်။

ဒီရောဂါဟာလုံးစုံပျောက်အောင်ကုသနိုင်လို့မရပေမယ့်လည်း ဖြစ်ပွားမှုနှုန်းကိုတော့လျော့ချနိုင်ပါတယ်။

အဓိကလုပ်ဆောင်နိုင်တဲ့အချက်၃ချက်ကတော့

၁) နည်းလမ်းမှန်ကန်စွာနေထိုင်ခြင်း

  • ကိုယ်လက်လှုပ်ရှားအားကစားများများလုပ်ပါ။
  • တစ်နေ့ကိုအနည်းဆုံး၁၅မိနစ်ခန့်လမ်းလျှောက်ခြင်းဟာဦးနှောက်ရဲ့လုပ်ဆောင်မှုအားကိုကောင်းစေပါတယ်။
  • အာဟာရမျှတစွာစားသုံးပါ။
  • သံလွင်ဆီ၊ငါးအမျိုးမျိုးတို့ဟာမှတ်ဉာဏ်ယိုယွင်းခြင်းကိုလျော့ချစေပါတယ်။
  • အချိန်မှန်မှန်အိပ်ပါ။ လုံလောက်စွာအိပ်စက်အနားယူပါ။
  • ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။
  • ဆေးလိပ်ဟာဦးနှောက်သွေးကြောတွေကိုပျက်စီးစေပါတယ်။

၂) ရောဂါအခြေအနေ

  • နှလုံးရောဂါရှိလျှင် အချိန်မီကုသမှုခံယူပါ။နှလုံးအားနည်းခြင်းနှင့်Dementia ဟာဆက်စပ်မှုရှိပါတယ်။ နှလုံးရောဂါကိုကုသခြင်းဖြင့် Dementia ဖြစ်နှုန်းလျော့ချပေးပါတယ်။
  • သွေးပေါင်ချိန်နှင့် သွေးတွင်းသကြားဓာတ်ကိုထိန်းပါ။
  • ဦးခေါင်းမထိခိုက်မိအောသ်သတိပြုပါ။
  • အကြားအာရုံစစ်ဆေးပါ။

၃) လူမှုဆက်ဆံရေး

  • ကိုယ်ဝါသနာပါရာကိုအမြဲသင်ယူလေ့လာပါ။
  • နည်းပညာအသစ်အဆန်းများကိုလည်းအမြဲလေ့လာပါ။
  • ထိုသို့ပြုလုပ်ခြင်းဖြင့်ဦးနှောက်မှတ်ဉာဏ်စွမ်းကိုတိုးတက်စေပါတယ်။
  • လူမှုရေးအသင်းအဖွဲ့၊ အားကစားအဖွဲ့များတွင်တတ်နိုင်သလောက်ပါဝင်လှုပ်ရှားပါ။

မဖြစ်ခင်က ကာကွယ်ခြင်း လျော့ချခြင်းဖြစ်ကျန်းမာစွာနေထိုင်သွားကြပါနော်။

Name Dr. Kyi Lei Hnin
Degrees M.B.,B.S (ygn)
Biography 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။
Topic
  • ကလေးကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာများ၊ အာဟာရပိုင်းဆိုင်ရာများ၊ ကျန်းမာရေးနဲ့ပတ်သက်သည်များ
  • လူကြီးများ၏နာတာရှည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးရောဂါများ နှင့် အထွေထွေရောဂါများအကြောင်း
  • သားဖွားမီးယပ်နှင့် မိန်းကလေးများနှင့်ပတ်သက်သည့်ရောဂါများအကြောင်း
  • စသည်တို့ကို ရင်းနှီးစွာ တိုင်ပင်ဆွးနွေးနိုင်ပါသည်။
Address Parami General Hospital
en_US