Down Syndrome ဆိုတာဘာလဲ ?

မျိုးရိုးဗီဇနှင့်ဆိုင်သော မွေးရောဂါ အခြေနေတစ်ခုဖြစ်ပါတယ်။ ခရိုမိုဇုန်းနံပါတ်(၂၁) တွင်အရေအတွက်(၁)ခု ပိုနေခြင်းကြောင့်ဖြစ်သည်။

Down’s Syndrome ဘာ့ကြောင့်ဖြစ်သလဲ။

  • လူတိုင်း၏ခန္ဓာကိုယ်ရှိ ဆဲလ်များတွင်ခရိုမိုဇုန်း ဟုခေါ်သော မျိုးရိုးဗီဇကိုသယ်ဆောင်သော အရာ(၄၆)ခုရှိပါတယ် ။
  • သို့ရာတွင်ခရိုမိုဇုန်းနံပါတ်(၂၁)တွင်အခုရေ (၁)ခု တိုးသောကြောင့်အရေအတွက် (၄၇)ခုဖြစ်လျှင် ယင်းကြောင့် Down’s Syndrome (Trisomy 21)ဖြစ်လာပါသည်။
  • Trisomy (21) နှင့် Mosaic Down’s Syndrome ဆိုပြီး ၂ မျိုးရှိပါတယ် ။

Trisomy(21) ဆိုတာ ၉၄ ရာခိုင်နှုန်းတွင်တွေ့ရတတ်ပါသည်။ လူတိုင်း၏ဆဲလ်တွင်ခရိုမိုဇုန်းနံပါတ် (၄၇) ရှိသည်။ ယင်းအဆိုပါခရိုမိုဇုန်းမှာ မိခင်(သို့မဟုတ်)ဖခင်ဆီမှလာသည်။

Mosaic Down’s Syndrome ဆိုသည်မှာ

  • ၂ရာခိုင်နှုန်းတွင်တွေ့သည်။ မိဘတစ်ဦးဦးတွင် ယင်းဗီဇကိုသယ်ဆောင်ထားသော်လည်း မိဘတွင်လက္ခဏာမပြဘဲ ၊ သားသမီးတွင်ဖြစ်ပေါ်သည်။

Down’s Syndrome ရဲ့သွင်ပြင်လက္ခဏာတွေက ဘာတွေလဲ ?

  • မျက်နှာသေး၍ဘဲဥပုံရှိသည်။ (small and oval shape face)
  • မျက်စေ့ဘေးထောင့်အပေါ်သို့လန်ခြင်း(upward slant) နှင့် မျက်စိအတွင်းဘက် နှာခေါင်းဘေးရှိအရေပြားကို epricanthic fold ဟုခေါ်သည်။
  • သေးငယ်သောပါးစပ်ပေါက်ကြောင့် လျှာမှာကြီးသကဲ့သို့ဖြစ်ပြီး အပြင်သို့ထွက်တတ်သည်။ (small mouth and protruding tongue) (၄) နောက်စေ့ပြားသည်။ (flat occiput)
  • သေးငယ်သောနှာခေါင်းနှင့်နှာတံပြားသည်။ (small nose and flat nasal bridge)
  • နားရွက်မှာသေးငယ်၍နိမ့်သည်။ (small and low set ears)
  • လက်ဖက်ဝါးတွင် ကန့်လန့်ဖြတ်အရစ်တစ်ကြောင်းတည်းရှိသည်။ (single palmer crcase)
  • လက်ချောင်းများမှာတို၍ လက်သန်းမှာအဆစ်(၂)ခု ထဲရှိပြီး အထဲသို့ကွေးနေသည်။
    (short broad hands and 5th finger clinoductyly)
  • အရိုးအဆစ်များပျော့ပျောင်းသည်။(loose joints)
  • ခြေမနှင့်ခြေချောင်းကြာထဲရှိနေရာမှာ ကျယ်သည်။(Sandal Gap)
  • ကြွက်သားအားပျော့သည်။(Floopy Child)
  • ပေါင်ချိန်မပြည့်သောကလေးဖြစ်တတ်သည်။ (Low birth weight baby) တို့ပဲဖြစ်ပါတယ်။

Down’s Syndrome ကိုဘယ်လိုကုသမလဲ ?

  • ပျောက်ကင်းအောင်ကုသ၍မရပါ။ – နှလုံးရောဂါ၊ အကြား၊ အမြင်အာရုံချို့ယွင်းချက်ရှိလျှင် ကုသနိုင်ပါသည်။
  • ရောဂါဖြစ်လျှင်အချန်မှီကုသခြင်း နှင့် ကိုယ်စိတ်ဖွံ့ဖြိုးအောင် အထောက်အကူပြုပေးလျှင် ဤကလေးများသည်သာမာန်ကလေးများနည်းတူ တက်ကြွပျော်ရွှင်ဖွယ်ဘဝကိုပိုင်ဆိုင်နိုင်ပါသည်။
  • Early intervention programmes( မွေးစမှစ၍လိုအပ်သောအချက်များပန့်ပိုးပေးလျှင်) ဥပမာ- physiotherapy, speech and language therapy စသည်တို့ကိုပြုလုပ်ပေးလျှင်စာသင်ကြားမှု၊ နေ့စဉ်နေထိုင်မှုဘဝကို များစွာအထောက်အကူပြုပါသည်။

စောစီးစွာကုသပြုစုလေ၊ နောင်ရေးအတွက်ကောင်းလေဖြစ်ပြီး ကလေး၏အရည်အသွေး များစွာဖွံ့ဖြိုးစေပါသည်။

အောက်ပါပညာရှင်များ ပါဝင်သောအဖွဲ့မှ ပြုစုစောင့်ရှောက်သင့်ပါသည်။

  • ကလေးအထူးကုဆရာဝန်
  • မိသားစုဆရာဝန်
  • နှလုံးအထူးကုဆရာဝန်
  • မျက်စိအထူးကုဆရာဝန်
  • နားအထူးကုဆရာဝန်
  • သွားဆရာဝန်
  • စကားသင်သောဆရာဝန်
  • လေ့ကျင့်ခန်းဆရာဝန်
  • နေ့စဉ်နေ့တိုင်းနေထိုင်စားသောက် မှုကိုသင်သောဆရာ(occupational therapist)စသည်တို့ဖြစ်ပါသည်။

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကိုခံယူသင့်ပါသည်။ ဥပမာ – Down’s syndrome clinic တွင်(၆) လတစ်ခါ(သို့မဟုတ်) လိုအပ်သလိုပြသရပါမည်။

ကျန်းမာရေးနှင့်ပြည့်စုံအောင် နေထိုင်စားသောက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် အဝမလွန်စေပါနှင့်။

en_US