“နဂါးမောက်သီး (Dragon fruit ) နှင့် လျို့ဝှက်ချက် (၉) ချက်”

ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း

အားလုံးပဲမင်္ဂလာပါခင်ဗျာ

ဒီနေ့ပြောပြချင်တာကတော့ အားလုံးသိကြတဲ့ နဂါးမောက်သီး (Dragon fruit ) ကိုဘာလို့ Super food ၊ Super fruit လို့ခေါ်ကြတယ်။

ဘာတွေပါဝင်တာကြောင့်ဒီလိုခေါ်ထိုက်တယ်ဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
နဂါးမောက်သီး ဟာ ကိုယ်ခန္ဓာအတွက်အင်မတန်မှကောင်းမွန်လှတဲ့အသီးတစ်မျိုးဖြစ်တဲ့အပြင်

လူတွေသိပ်မသိတဲ့လျို့ဝှက်ချက် ၉ ချက်တောင်ရှိပါသတဲ့။

  • နဂါးမောက်သီးမှာပါတဲ့ သကြားဓာတ်ဟာ Prebiotic အနေနဲ့ အူလမ်းကြောင်းမှာရှိနေတဲ့သက်စောင့်ဓာတ် ပိုးကလေးတွေကိုပွားအောင် ကူညီပေးပါပြီးအစာကြေစနစ်ကိုကောင်းစေပါတယ်။
  • ဒါကြောင့် ဝမ်းခဏခဏ သွားတတ်၊ဝမ်းပြတ်တတ်တဲ့ကလေးလူငယ်လူကြီးမရွေး အားလုံးအတွက်ကောင်းတဲ့ အသီးဖြစ်ပါတယ်။
  • နဂါးမောက်သီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ဒါကြောင့်အဝလွန်ခြင်း၊နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ကင်ဆာရောဂါတွေကိုလျော့ချပေးနိုင်ပါတယ်။
  • နဂါးမောက်သီး ဟာ vitamin C ကြွယ်ဝစွာပါဝင်တဲ့အတွက်ကိုယ်ခန္ဓာခုခံအားစနစ်ကိုမြှင့်တင်ပေးပါတယ်။
  • နဂါးမောက်သီးဟာ hydroxycinnamate လို့ခေါ်တဲ့ antioxidant တွေ၊ Lycopene ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အဆိပ်တောက်ဓာတ်တွေချေဖျက်ပေးပြီး ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
  • နဂါးမောက်သီးဟာ သင့်သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့နေရာမှာလဲကူညီပေးပါတယ်။ တကယ်လို့သင်ဟာ အချိုဓာတ်များလွန်းတဲ့အစားအစာတွေစားထားမိတယ်ဆိုရင်၊နဂါးမောက်သီးစားခြင်းဟာသင့်သွေးတွင်းသကြားဓာတ်ကိုထိန်းညှိဖို့ကူညီပေးနိုင်ပါလိမ့်မယ်။
  • နဂါးမောက်သီးမှာပါတဲ့ Flavonoid တွေဟာနှလုံးကိုကောင်းမွန်စေပြီးအနီရောင်ရှိတဲ့အသီးတွေဟာ betalain ပါဝင်တာကြောင့် မကောင်းတဲံ့ကိုလစ်စရော အဆီတွေကိုကျစေပါတယ်၊ ဒါ့အပြင် အမဲရောင်အစေ့လေးတွေ ဟာ Omega 3 Omega 9 ကောင်းတဲ့အဆီဓာတ်တွေပေးနိင်တဲ့အတွက် နှလုံးကျန်းမာရေးအတွက်အကောင်းဆုံး super fruit လို့ခေါ်နိုင်ပါတယ်။
  • နဂါးမောက်သီး ဟာ vitamin Cပါဝင်တဲ့အတွက် အသားအရေအတွက် လိုအပ်တဲ့ collagen ဖြစ်ပေါ်မှုကိုလှုံ့ဆော်ပေးပါတယ်။
  • နဂါးမောက်သီးဟာ vitamin C အပြင် သံဓာတ်လဲကြွယ်ဝစွာပါတယ်။ ဒါကြောင့်သွေးအားနည်းတဲ့အမျိုးသမီးတွေ၊ သံဓာတ်လိုအပ်တဲ့ကလေးငယ်တွေအတွက်အဓိကအလိုအပ်ဆုံး သံဓာတ်နဲ့ vitamin C တွဲဖက်ပါနေတာဟာ အင်မတန်တန်ဖိုးရှိလှပါတယ်။
  • နဂါးမောက်သီးဟာ Magnesium သတ္တုဓာတ်လဲပေးစွမ်းနိုင်တာကြောင့် သင့်အရိုးကျန်းမာရေးအတွက်အထောက်အပံ့ပေးနိုင်ပါတယ်။

နဂါးမောက်သီးစားခြင်းကြောင့်သင့်ဆီးအရောင်၊ဝမ်းအရောင်ဟာ အပြောင်းအလဲရှိနိုင်ပါတယ်၊။

ဒါဟာစိတ်ပူစရာမဟုတ်ပဲ သူ့မှာ ပါတဲ့ anthocyanin လို့ခေါ်တဲ့ အရောင်ဓာတ်တမျိုးကြောင့်သာဖြစ်ပြီးအချိန်တစ်ခုမှာတော့သူ့အလိုလိုပုံမှန်ဆီး၊ဝမ်းအရောင်ပြန်ရသွားပါလိမ့်မယ်။

Name ဒေါက်တာ စိုးမြင့်ဝင်း
Degrees M.B.,B.S (ygn)
Biography Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.
Topic
  • အထွေထွေကျန်းမာရေးဆိုင်ရာ
  • ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
  • မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေးရန်သိမှတ်ဖွယ်ရာများ
  • ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
  • ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
  • အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
  • အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို
  • ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။

Address Parami General Hospital
en_US