GERD ဆိုတာဘာလည်း?
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း
Gastroesophageal reflux disease လို့ခေါ်တဲ့ ရောဂါဟာ အစာအိမ်ထဲက အက်စစ်တွေအစာမြိုပြွန်မှတဆင့်အပေါ်ပြန်တက်တဲ့အခါ နေမထိထိုင်မသာ ရင်ပူတာမျိူးကို GERD လို့ခေါ်ပါတယ်။
လက္ခဏာတွေကရောဘာတွေလည်း?
- ရင်ပူခြင်း ( အထူးသဖြင့် အစာစားပြီးချိန်နဲ့ ညတွေ)
- ရင်ဘတ်အောင့်ခြင်း
- အစာြမိုချရခက်ခဲခြင်း
- အစာသို့ လေချဥ်တက်ခြင်း
- လည်ပင်းတွင်တစ်စို့စို့ဖြစ်နေခြင်း
ဒီလိုမျိုးဖြစ်တဲ့အခါ နာတာရှည်ချောင်းဆိုးတာမျိူး ၊ လည်ချောင်းတစ်လျှောက်ယောင်ယမ်းတာမျိူး ၊ ပန်းနာရင်ကြပ်ပိုဆိုးလာတာမျိူး ၊ အိပ်မပျော်တာမျိူး ၊ စတဲ့ လက္ခဏာတွေနဲ့လည်းတွဲပြီးခံစားရတတ်ပါတယ်။
ဘာကြောင့်ဖြစ်ရတာလည်း?
အစာအိမ်နဲ့ အစာြမိုပြွန်လေးဆက်တဲ့နေရာမှာရှိတဲ့ကြွက်သားတွေအချိန်အမျှလျော့ရဲလာတဲ့အခါ အစာအိမ်ထဲက အက်စစ်တွေအပေါ်ကိုပြန်တက်လာတာကြောင့်ဖြစ်တာပါ။
ဘယ်သူတွေမှာအဖြစ်များလည်း?
- အဝလွန်တဲ့သူတွေ
- ကိုယ်ဝန်ဆောင်မိခင်
- အစာခြေနှေးတဲ့သူတွေ
- အစာအိမ်ထိပိကရင်ဘတ်သို့ပုံမှန်ထက်နည်းနည်းပိုတက်နေတဲ့သူတွေ
- ဆေးလိပ်သောက်သူ
- အစာအများကြီးစားသူ သို့ ညဘက်နောက်ကျချိန်စားသူ
- အဆီအစိမ့် ဆီကြော်စားသူတွေ
- အရက် ကော်ဖီ သောက်သူတွေ
- တချို့သောဆေးသောက်နေရသူတွေ
မှာအဖြစ်များလေ့ရှိပါတယ်။
ဒီရောဂါဖြစ်လို့ ဘာတွေဖြစ်လာနိုင်သလည်း?
- အစာြမိုပြွန်လေးက အက်စစ်ကြောင့်ထိခိုက်မှုတွေဖြစ်ပြီးကျဥ်းလာြခင်း
- အစာမြိုပြွန်ကို အက်စစ်စားခြင်းကြောင့် အနာဖြစ်ခြင်း
- အစာမြိုပြွန်လမ်းကြောင်းရှိဆဲလ်များအက်စစ်ကြောင့်ပြောင်းလဲလာပြီး
- ကင်ဆာဖြစ်နိုင်ခြေပိုများလာခြင်း
စတာမျိူးတွေဖြစ်လာနိုင်ပါတယ်။
ဘယ်လိုသိရှိနိုင်မလည်း?
စမ်းသပ်စစ်ဆေးရောဂါလက္ခဏာတွေမေးမြန်းပြီး လိုအပ်ရင် မှန်ပြောင်းကြည့် ဓာတ်မှန်ရိုက်ဖို့လိုအပ်ပါတယ်။
ဘယ်လိုကုသလို့ရနိုင်မလည်း?
- အစာအိမ်အက်စစ်လျော့စေမည့်ဆေးမျိူး
- အက်စစ်ကိုဓာတ်ပျယ်စေမည့်ဆေးမျိူး
- အက်စစ်ထွက်တာကိုပိတ်ပြီး အစာြမိုပြွန်ကိုပြန်ကောင်းစေမည့်ဆေးမျိူး
အစရှိသည်ကို ဆရာဝန်ညွှန်ကြားသလို သုံးစွဲရမှာဖြစ်ပါတယ်။ လိုအပ်ရင်တော့ ခွဲစိတ်ကုသတာမျိူးတွေလုပ်ဖို့လိုအပ်နိုင်ပါတယ်။
ဆောင်ရန် ရှောင်ရန်
- အစာကို ပမာဏနည်းနည်းလျော့ပြီး အကြိမ်ရည်တိုးစားပါ
- အိပ်သည့်အခါ အက်စစ်များဆန်တက်မလာစေရန် ရင်ဘတ်နှင့်ခေါင်းဘက်ပိုင်းကို နည်းနည်းမြှင့်အိပ်ပါ
- ကိုယ်အလေးချိန်လျော့ချပါ
- စိတ်ဖိစီးမှုလျော့ချပါ
- အိပ်ခါနီး သုံးနာရီ လေးနာရီဆို အစာမစားပါနှင့်
- အရမ်းတင်းကြပ်သောအဝတ်မျမဝတ်ပါနှင့်
- ဆေးလိပ်အရက်မသောက်သံုးသင့်ပါ
- ဆေးများကို ဆရာဝန်နှင့်တိုင်ပင်မှုမရှိပဲ မသောက်သုံးသင့်ပါ
Ref mayo clinic

Name | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |