Glow Skin လေးရအောင်ကူညီပေးနိုင်တဲ့ မုန်လာဥနီ

နေ့စဉ်ကျွန်မတို့ စားသောက် အသုံးပြုနေကြတဲ့ မီးဖိုချောင်ထဲက ပစ္စည်းတွေဟာ ကျွန်မတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို ကောင်းကောင်း ဖြေရှင်းပေးနိုင်တယ်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး။

ရှေးလူကြီးသူမတွေရဲ့ အစာလည်းဆေး၊ ဆေးလည်းအစာဆိုတဲ့ စကားပုံကို နားရည်ဝနေတဲ့ ကျွန်မတို့ မျိုးဆက်တွေဟာ အခုအချိန်အထိ အစားအသောက်တွေ၊ မီးဖိုချောင်ပစ္စည်းတွေရဲ့ ဆေးဖက်ဝင်မှုတွေကို လေ့လာသင်ယူနေရဆဲပါပဲ။

ဒီကနေ့မှာတော့ လှပချင်ကြတဲ့ ပျိုမေတွေအတွက် အသားအရည်လှဖို့အပြင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ မုန်လာဥနီအကြောင်းကို ပြောပြပေးပါမယ်နော်.မုန်လာဥနီမှာ
vitamin A and C တို့ပါဝင်တာကြောင့် အသားအရေလှပဖို့ အထောက်အကူပြုပါတယ်တဲ့။

မုန်လာဥနီကို ဖျော်ရည်လုပ်သောက်တာ ဒါမမဟုတ် နေ့စဉ်အစားအသောက်တွေထဲမှာ ထည့်စားပေးတာတွေလုပ်ရင် ကြည်လင်တောက်ပတဲ့ Glow Skin လေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း လက်တို့လိုက်ပါရစေနော်..

MyanCare Application ကို စမတ်(Smart) ကျကျ အသုံးပြုခြင်းအားဖြင့် ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်လိုက်ပါ။

en_US