အဖြစ်များတဲ့Gout (ဂေါက်ရောဂါ) အကြောင်း
ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)
ဂေါက်ရောဂါသည် အဆစ်ယောင်ရောဂါများထဲမှတစ်ခုဖြစ်ပြီး ရုတ်တရက်ဖြစ်သည့်နေရာနာကျင်ခြင်း၊ ယောင်ပြီးဖောင်းလာခြင်း တို့ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် ခြေမနေရာတွင်အဖြစ်အများဆုံးဖြစ်သည်။ ဒူးခေါင်း၊ ခြေချင်းဝတ်၊ တံတောင်ဆစ်၊လက်ကောင်ဝတ်နှင့်လက်ချောင်းများတွင်လည်းဖြစ်နိုင်သည်။
ဘယ်လိုရောဂါလက္ခဏာတွေခံစားရမလဲ။
- ဂေါက်ရောဂါသည်ရုတ်တရက်ဆိုသလို ချက်ချင်းထဖြစ်နိုင်ပြီး ညဘက်တွင်ရောဂါလက္ခဏာစပေါ်တတ်သည်။
- ဖြစ်သည့်အဆစ်နေရာတွင်အလွန်အမင်းနာကျင်ခြင်း
- နီရဲပြီးယောင်လာခြင်း
- လှုပ်ရှားရခက်ခြင်း
တို့ခံစားရနိုင်သည်။
ဘာတွေ့ကြောင့်ဖြစ်နိုင်သလဲ။
ဂေါက်ရောဂါသည် urate crystals လို့ခေါ်တဲ့ urate ပုံဆောင်ခဲများ အရိုးနှစ်ခုကြားအဆစ်နေရာတွင်စုပုံခြင်းကြောင့်ဖြစ်သည်။ ထိုပုံဆောင်ခဲများသည် သင်၏သွေးထဲတွင် uric acid ဓာတ်များရာမှဖြစ်ပေါ်နိုင်သည်။ uric acid သည်သင်၏ခန္ဓာကိုယ်အတွင်းရှိ Purine ဓာတ်ကိုခြေဖျက်ရာမှထွက်ပေါ်လာသည်။
ထို့ကြောင့် purine ဓာတ်များပါဝင်သောအစားအစာ (အသည်းကလီစာ၊ ပင်လယ်စာများ၊ ဘီယာ၊ အချိုရည်များအလွန်အမင်းသောက်သုံးပါက ဂေါက်ရောဂါဖြစ်စေနိုင်သည်။
ဘာတွေက ဂေါက်ရောဂါကိုပိုဖြစ်စေနိုင်သလဲ။
- Purine ဓာတ်များစွာပါဝင်သောအစားအစာများကိုစားသုံးခြင်း
- အဝလွန်ခြင်း
- နာတာရှည်သွေးတိုးရောဂါ၊ဆီးချိုရောဂါသည်များ၊ ကျောက်ကပ်ရောဂါသည်များ
- အချို့သောဆီးဆေးများ(Thaizide ပါဝင်သောဆီးဆေး)
- မိသားစုထဲတွင်ဂေါက်ရောဂါရာဇဝင်ရှိသူများ
ဘယ်လိုကာကွယ်ကျမလဲ။
- ရေဓာတ်ပြည့်ဝအောင်နေပါ။ ရေများများသောက်ပါ။
- အရက်သေစာအလွန်အကျွံသောက်ခြင်းကိုရှောင်ရှားပါ။
- အဆီနည်းသော နို့နှင်နို့ထွက်ပစ္စည်းများကိုစားသုံးပါ။
- ကိုယ်ခန္ဓာအလေးချိန်ထိန်းသိမ်းပါ။

Name | Dr. Kyi Lei Hnin |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။ |
Topic |
|
Address | Parami General Hospital |