Mandible Fracture ခေါ် အောက်မေးရိုးကျိုးခြင်းအကြောင်း တစ်စေ့တစ်စောင်း

ရေးသားသူ – Dr. Mie Mie Kyaw

အားလုံးပဲ မင်္ဂလာပါ Myancare ချစ်သူလေးတို့ရေ…Covid 19, second waveကြောင့် အိမ်တွင်းအောင်းနေရတဲ့ Myancare ချစ်သူလေးတို့အတွက် Mandible Fracture ခေါ် အောက်မေးရိုးကျိုးခြင်းအကြောင်း သိသလောက်လေး ပြန်shareပေးမယ်နော်။

Mandible fracture ကိုမပြောခင် Mandible အောက်မေးရိုးဆိုတာဘာလဲ?
အောက်မေးရိုးသည် မျက်နှာအရိုးငြမ်း၂၂ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး လှုပ်ရှားလို့ရတဲ့အရိုးဖြစ်သလို အမာဆုံးအရိုးလဲဖြစ်ပါတယ်။

အောက်မေးရိုးမှာ ကိုယ်ထည် , ကိုယ်ထည်ကနေအပေါ်ကိုထောင်တက်နေတဲ့ Ramus , အဲ့နှစ်ခုကြားက ထောင့်ကျကျရှိနေတဲ့ Angleရယ်ဆိုပြီး အဓိကအားဖြင့် ၃ပိုင်းပါ,ပါတယ်
အောက်မေးရိုးမှာ အောက်သွား၁၆ချောင်း ရှိပါတယ်။

အောက်မေးရိုးရဲ့လုပ်ငန်းဆောင်တာတွေကတော့ အစားစားရင် ဝါးတဲ့လုပ်ငန်း ၊ စကားပြောဆိုမှုလုပ်ငန်း ၊ မျက်နှာအမူအရာအမျိုးမျိုး ၊
eg.အံကြိတ်တာတို့ အံသြရင်ပါးစပ်ဟလိုက်တာတို့ , မျက်နှာအချိုးအစားပြေပြစ်မှု အစရှိတာတွေ လုပ်ဆောင်ရပါတယ်။

အောက်မေးရိုး တို/ရှည်တာတွေကြောင့် သွားပေါက်တာတွေ ပုံမှန်မဖြစ်ဘဲ သွားနှင့်ခံတွင်းကျန်းမာရေး ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။

Mandibular fracture ခေါ် အောက်မေးရိုးကျိုးခြင်းဆိုတာဘာလဲ ?
မျက်နှာနှင့်မေးရိုးတစ်ဝိုက် ထိခိုက်ဒဏ်ရာ အဖြစ်အများဆုံးကတော့ အောက်မေးရိုးကျိုးခြင်းပဲဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာတွေကတော့ ယာဉ်တိုက်မှု ၊ ခိုက်ရန်ဖြစ်မှု ၊ အမြင့်မှ ပြုတ်ကျမှု ၊ လုပ်ငန်းခွင်အတွင်းမတော်တဆထိခိုက်မှု အစရှိတဲ့ ထိခိုက်မှုတွေကြောင့် အောက်မေးရိုးကျိုးတတ်ပါတယ် ။

အောက်မေးရိုးကျိုးရင် ဘာတွေဖြစ်တတ်လဲ ?
အရိုးကျိုးတာကြောင့် နာကျင်ခြင်း ၊ နီရဲခြင်း ၊ ရောင်ကိုင်းခြင်း ၊ ထုံကျင်ခြင်း ၊ စကားပြောရခက်ခြင်း ၊ အစာဝါးရင် အခက်ခဲဖြစ်ချင်း ၊ အသက်ရှုရခက်ခြင်း တို့အထိဖြစ်တတ်ပါတယ်။

အောက်မေးရိုးကျိုးတာ ဘယ်လိုကုသမှုခံယူမလဲ?
အောက်မေးရိုးကျိုးခြင်းရဲ့ ကုထုံးကတော့ ခွဲစိတ်ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခွဲစိတ်ကုသမှုမခံယူခင် လူနာရဲ့အခြေအနေကို တည်ငြိမ်အောင်လုပ်ရမှာ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ အောက်မေးရိုးကျိုးခြင်းရဲ့အဓိကအကြောင်းအရာတွေက ထိခိုက်ဒဏ်ရာကြောင့်ဖြစ်ပါတယ်။ အောက်မေးရိုးထိခိုက်ဒဏ်ရာရခြင်းကြောင့် သွားကျိုးနိုင်ခြင်း ၊ ပါးစပ်ထဲမှ သွေးများထွက်ခြင်း အစရှိသည်တို့ကြောင့် အသက်ရှုလမ်းကြောင်းပိတ်ပြီး ရုတ်တရက်အသက်ရှုရပ်သွားနိုင်ပါတယ် ။

ဒါကြောင့်အရေးပေါ်အသက်ကယ်ပြီးမှ ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပါတယ် ။
ကုသခြင်းသည် ကာကွယ်ခြင်းထက် ပိုကောင်း၏ဆိုတဲ့ စကားအတိုင်း ယာဉ်တိုက်မှုမဖြစ်အောင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တကျလိုက်နာကြရန် , လုပ်ငန်းခွင်အန္တာရယ်ကင်းစေရန် Safety Firstယူကြရန် , ခိုက်ရန်မဖြစ်ပဲ အချင်းချင်းသင့်သင့်မြတ်မြတ်နေကြရန် ….သတိပေးလိုက်ပါတယ်။

Name Dr. Mie Mie Kyaw
Degrees M.B.B.S (YGN)
Biography

ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်

Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။

Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။

Topic
  • အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ
  • ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကိုတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Address Parami General Hospital, Yangon
en_US