Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 517
ကလေးငယ်များရဲ့ အိပ်ချိန် သတ်မှတ်ပေးခြင်း
လူတစ်ယောက်ဟာ အနည်းဆုံး အိပ်ချိန်၈နာရီရှိဖို့ လိုတယ်ဆိုရင် ကလေးတစ်ယောက်အိပ်ချိန် အနည်းဆုံး ဘယ်လောက်ရှိဖို့ လိုမလဲ။
ကလေးတစ်ယောက်အိပ်ချိန်ဘယ်လောက်လိုမလဲဆိုတာ သူ့အသက်အရွယ်နဲ့ဆိုင်ပါတယ်။
ကလေး အသက်တစ်နှစ်အောက်ဆို
- အကြမ်းဖျင်းတစ်ရက်ကို ”၁၅နာရီ” အိပ်ဖို့လိုသလို အိပ်လည်းအိပ်တတ်ကြပါတယ်။
- ကလေးအသက် မွေးကာစကနေ ၄ပတ်လောက်အထိကခပ်စိပ်စိပ်အိပ်မယ်(ဥပမာ၁နာရီ၊၂နာရီလောက်အိပ်လိုက် ပြန်ထလိုက်)၊ ပုံမှန်အချိန်နဲ့အိပ်တာမျိုးလည်မဟုတ်ဘူး။ နေ့ညမှားလည်းမှားမယ်။
- အသက်၁လကနေ၄လအတွင်းမှာ အိပ်ချိန်ကြာကြာအိပ်တာမျိုးတွေပိုတွေ့လာရပါမယ်။(တစ်ဆက်တည်း၆နာရီလောက်အိပ်တာမျိုး)၊နေ့ညလွဲတာတွေနည်းသွားတာသတိထားမိမှာပါ။
- အသက်၄လကနေတစ်နှစ်အတွင်းကစံသတ်မှတ်တာတော့”၁၅နာရီ”လို့ဆိုပေးမယ့်”၁၂နာရီ”နဲ့လည်းလုံလုံလောက်လောက်အိပ်နိုင်ကြောင်းအများစုမှာတွေ့ရပါတယ်။
- အသက်၄လကနေ တစ်နှစ် အရွယ်ရောက်ပြီဆိုအိပ်ချိန်ဘယ်လောက်ကြာတာထက် Sleep Behavior (အိပ်တဲ့အမူအကျင့်) ကပိုအရေးပါလာ ပါတယ်။ အရွယ်ရောက်လူကြီးတွေလိုပုံမျိုး အိပ်လာကြတာ တွေ့ရတတ်ပါတယ်။
- ညပိုင်းတွေမှာ တစ်ဆက်တည်းအိပ်နိုင်လာပြီး နေ့ပိုင်းတွေမှာ တစ်ရေးအိပ်တာ ၃ကြိမ်လောက် အိပ်တတ်ကြပါတယ်။မနက်စာစားပြီးတစ်ချိန်၊နေ့လယ်စာစားပြီးတစ်ချိန်၊ညနေစာမစားခင်တစ်ချိန်တစ်ခါအိပ်၁နာရီ၊၂နာရီ လောက် တစ်ရေး အိပ်တတ်ကြပါတယ်။
ကလေး အသက် ၁နှစ် ကနေ ၃ နှစ်ဆို
- တစ်ရက်ကို ၁၂နာရီကနေ ၁၄နာရီလောက်အိပ်ဖို့လိုပါတယ်။
- ညဖက် ၇ နာရီ ကနေ ၉နာရီကြားလောက်အိပ်ပြီး မနက် ၆နာရီကနေ၈နာရီကြားပြန်ထတတ်ကြပါတယ်။
- နေ့ပိုင်း တရေးအိပ်တာလည်း ၃ကြိမ်ကနေ ၁ကြိမ်ထိလျော့ကျပြီး ထမင်းစားပြီး တရေးအိပ်တာလောက်ပဲရှိတော့ပါမယ်။ တစ်ခါအိပ်ရင် ၁နာရီကနေ ၃နာရီခွဲလောက်တော့ကြာတတ်ပါတယ်။
၃နှစ် ကနေ ၆နှစ်အတွင်း
- တစ်ရက်ကို ၁၀နာရီကနေ ၁၂နာရီလောက်အိပ်ဖို့လိုပါတယ်။
- ညဖက် ၇ နာရီ ကနေ ၉နာရီကြားလောက်အိပ်ပြီး မနက် ၆နာရီကနေ၈နာရီကြားပြန်ထတတ်ကြပါတယ်။ နေ့လယ် တစ်ရေးအိပ်တာတွေ တဖြည်းဖြည်းလျော့လာပြီး ၅နှစ်အရွယ်အများစုက နေ့လယ်တစ်ရေးမအိပ်ကြတော့ပါဘူး။