Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 524
ကျွန်တော်တို့ဟာ ကလေးတယောက် နောင်တချိန် ဘာဖြစ်မလဲ ဆိုတာကို စိုးရိမ်ပူပန်နေကြတယ်။ ဒါပေမယ့် ကလေးလေး ဒီနေ့ ဘာဖြစ်နေလဲ ဆိုတာကိုတော့ ဂရုစိုက်ဖို့ မေ့နေကြတယ်
သားသားမီးမီးလေးတွေ နောင်တချိန် ဘဝမှာ အောင်မြင်စွာ ရပ်တည်နိုင်ရေးမှာ လက်ရှိပြုစုစောင့်ရှောက်နေတဲ့ နည်းစနစ်တွေ၊ ဖွံ့ဖြိုး တိုးတက်မှု စောင့်ကြည့်မှုတွေက ထိပ်ဆုံးက အရေးကြီးတဲ့ အခန်းဂဏ္ဍကနေ ပါဝင်နေပါတယ်။
တခါတလေကျတော့ လည်း ဖေဖေမေမေတို့အနေနဲ့ သတိမမူ ဂူမမြင်ဆိုသလို သေချာစောင့်ကြည့်နေတဲ့ကြားထဲက ကလေးလေးတွေ ဖွံ့ဖြိုးမှု နှေးကွေးတာ၊ တိုးတက်မှု နောက်ကျတာတွေ ကြုံဖူးကြမှာပါပဲ။
ကလေးအတွက် အရေးရယ် အကြောင်းရယ်ဆို ကျန်းမာရေး ပြသနာတွေ အတွက် တိုင်ပင်စရာလူမရှိတာ၊ ဒါမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဖေဖေမေမေတို့ အနေနဲ့လည်း အရမ်းကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရပြီးတော့ ကိုယ့်ကိုကို အပြစ်တင်နေမိမှာပါ။