Select Page

Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 449

ဆီးကျိတ်ကြီးခြင်း

ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း

အမျိူးသားအများစု အသက်၅၀ ကျော်လာသည့်အခါ ဆီးလမ်းကြောင်းကိုပတ်ထားသော ဆီးကျိတ် ကြီးလာသည့်အခါ ဆီးသွားရာတွင်အခက်အခဲဖြစ်ခြင်းများကိုခံစားလာရတတ်ပါသည်။

ဆီးကျိတ်ကြီးလာသည့်အခါ ဆီးလမ်းကြောင်းနှင့် ဆီးအိမ်ကို ဖိထားသည့်အတွက် ဆီးပေါက်ရခက်ခဲခြင်း ၊ ဆီးခဏခဏသွားခြင်း ၊ ဆီးကျန်သည်ဟုခံစားရခြင်း စသည်တို့ခံစားရတတ်ပါသည်။

ဆီးကျိတ်ကြီးရသည့်အကြောင်းအရင်းမှာ
အသက်အရွယ်ကြီးလာ၍ ဟော်မုန်းအပြောင်းအလဲများလာပြီး ဆီးကျိတ်ကိုကြီးလာစေတတ်သည်ဟု ယူဆပါသည်။

ဆီးသွားရာတွင်အထက်ပါလက္ခဏာများခံစားရလျှင်

  • ဆီးကျိတ်ရှိမရှိ ဆီးစစ်ခြင်း၊
  • စမ်းသပ်ခြင်း၊ သွေးစစ်ခြင်း၊

စသည်ကိုပြုလုပ်ရန်လိုအပ်ပါသည်။

ဆီးကြိတ်ကုသရာတွင် မိမိ၏ဆီးကြိတ် အခြေအနေပေါ်မူတည်၍ကုသရပါသည်။ အမြဲပုံမှန်လည်း စစ်ဆေးဖို့လိုအပ်ပါသည်။

  • အရက် ကော်ဖီ လျော့သောက်ခြင်း
  • အချိုများလျော့စားခြင်း
  • လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
  • လိုအပ်ပါက ဆေးသောက်ခြင်း၊
  • ဆေးနှင့်မသက်သာပါက ဆီးကြိတ်ခြစ်ခြင်း

စသည်တို့ပြုလုပ်ဖို့ လိုအပ်နိုင်ပါသည်။

ဆီးကြိတ်ဖြစ်လို့ဘာတွေဖြစ်နိုင်သလည်း?

  • ဆီးပိုးဝင်ခြင်း
  • ဆီးကျန်ခြင်း
  • ရုတ်တရတ် ဆီးသွားမရခြင်း
  • ဆီးစပ်အလွန်ကိုက်ခြင်း
  • ဆီးအိမ်တင်းနေခြင်း

များရှိလျှင် နီးစပ်ရာဆေးရုံဆေးခန်း သွားဖို့ လိုအပ်ပါသည်။

နာမည် ဒေါက်တာ ခင်ဆွေသန်း (M.B.B.S)
Degrees M.B.,B.S (ygn)
Biography

ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။

Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။

Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။

Topic

အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ

ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Address Parami General Hospital, Yangon
my_MM