Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 473
ဓညင်းသီး နှင့် ကျောက်ကပ်ပျက်စီးခြင်း
ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး – ၂)
အားလုံးပဲ မင်္ဂလာပါ။အခုပြောပြမယ့် အကြောင်းအရာကတော့ တညင်းသီး စားခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်းအကြောင်း ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ တညင်းသီး အကြောင်း ဗဟုသုတ အဖြစ် အနည်းငယ်ပြောပြပါမယ်။
တညင်းသီးကို ကို သိပ္ပံနာမည် (Pithecellobium lobatum) ၊ အင်္ဂလိပ်လို Djenkol beans လို့ခေါ်ပါတယ်။ တညင်းသီးဟာ အရှေ့တောင် အာရှ နိုင်ငံများ အထူးသဖြင့် မလေးရှား၊ မြန်မာ၊ ထိုင်းအစရှိတဲ့ နိုင်ငံတွေမှာ အစိမ်း သော်လည်းကောင်း ပြုတ်ပြီးငေသာ် လည်းကောင်း စားကြပါတယ်။
သို့သော် တညင်းသီးမှာ ပါဝင်တဲ့ပစ္စည်း တွေဟာ လူ့ခန္ဓာကိုယ် အတွက် အကျိုးပြု မဲ့ ပစ္စည်း တစ်စွန်းတစိမှ မပါဝင်ပါဘူး။ဒါ့အပြင် စားပြီးတဲ့ အခါ အနံ့ အသက်လဲ မကောင်းပါ။ သူ့မှာ အဓိက ဘာဝင်တဲ့ djenkolic acid ဟာ လူ့ခန္ဓာက်ုယ်ကို အဆိပ်သင့်စေပါတယ်။
တညင်းသီး တလုံးမှာ djenkolic acid ၁.၃% ခန့် ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ် တညင်းသီးကြောငိ့ ကျောက်ကပ် ပျက်စီးပြီး အသက်သေဆုံး သူ တွေယနေ့ထိ များနေဆဲ ဖြစ်ပါတယ်။
တညင်းသီး နှင့် ကျောက်ကပ်ပျက်စီးခြင်း
ယေဘူယျ အားဖြင့်တော့ တညင်းသီး မှာပါဝင်တဲ့ djenkolic acid ဟာ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ တွေကို ပျက်စီးစေပါတယ်။အရပ်အခေါ် အနေနဲ့ ဓညင်းသီး အဆိပ်သင့်ခြင်းကို denjikism (တညင်းသီးတောက်ခြင်း) လို့ခေါ်ပါတယ်။
တညင်းသီးဟာ ဘယ်နှစ်လုံးစားမှ အဆိပ်သင့်တယ်ရယ်လို မရှိပါဘူး။တချို့ ၁၀ လုံးလောက်စားမှ အဆိပ်သင့်သလို တချို့က တခြမ်း စားယုံနဲ့ ပဲ အဆိပ်သင့်လက္ခဏာများ ပေါ်တတ်ပါတယ်။
တညင်းသီး တောက်တဲ့ အခါ အောက်ပါ လက္ခဏာများကို စားပြီး ၂နာရီမှ ၆နာရီ အတွင်း ပေါ်လာတတ်ပါတယ်။
၄င်းတို့မှာ-
- ဗိုက်အောင့်ခြင်း
- ခါးနှစ်ဖက် ထိုးထိုးပြီးအောင့်လာခြင်း
- ပျို့အနါခြင်း
- ဆီးသွားရခက်ခြင်း
- ဆီးထဲ သွေးပါခြင်း
- ဆီးနည်းခြင်း
- ဆီးလုံးဝမထွက်တော့ခြင်း အစရှိတဲ့ သည်တို့ ဖြစ်ပါတယ်။
ထိုသို့ တညင်းသီးတောက်ခြင်း လက္ခဏာများ ခံစားရခြင်းကို ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း (acute renal failure)ဟု ခေါ်ပြီး ဆေးရုံ သို့ အမြန်ဆုံး သွားရောက် ကုသမှု ခံယူသင့်ပါတယ်။
ဒါ့ကြောင့် တညင်းသီးဟာ အဆိပ် အတောက်များတဲ့ အတွက် လုံး မစားသင့်ပါဘူး။ သို့သော် မဖြစ်မနေ စားသုံးတော့မယ်ဆိုရင်တော့ အဆိပ်အတောက် လျော့နည်း အောင် အောက်ပါအတိုင်း လုပ်ဆောင် ပြီးမှ စားသုံးပေးရပါမယ်။
- တညင်းသီး အဆိပ်ဟာ ဆားမှာ အလွယ်တကူပျော်ဝင်လွယ်တဲ့ အတွက် ဆားရေစိမ်ပြီးစားပါ။
- ပြုတ်ပြီး စားမယ်ဆို အနည်းဆုံး ရေ၅ခါလောက်လဲပြီးပြုတ်ပေးပါ။
- မီးဖုတ်စားခြင်းဟာ အဆိပ် ကို မဖယ်ပေးနိုင်တဲ့ အတွက် မီးဖုတ်စားခြင်းကိုရှောင်ပါ။
- စားပြီးလျှင်ရေ များများသောက်ပါ။
တညင်းသီးကြောင့် ကျောက်ကပ်ပျက်စီးခြင်း အန္တရာယ် ကင်းဝေးနိုင်ကြပါစေ။

နာမည် | ဒေါက်တာ သဇင်ထက်(ဆေး- ၂) |
---|---|
Degrees | M.B.,B.S (ygn) |
Biography | အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။ ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။ |
Topic |
စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ |
Address | Parami General Hospital, Yangon. |