Select Page

Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 517

နွေရာသီဆိုတာ မြန်မာနိုင်ငံရဲ့အပူဆုံးရာသီ ဖြစ်ပါတယ်။

ဒီရာသီမှာ အပူလွန်ကဲမှုက လူကြီးတွေတောင် ကျန်းမာရေးထိခိုက်လောက်အောင်ထိ ခံစားရတတ်ပါတယ်။

ကလေးငယ်လေးတွေအတွက်ဆို ပိုဆိုးပြီပေါ့နော်။
အပူများနေတဲ့ ပတ်ဝန်းကျင်ကြောင့် ကလေးငယ်မှာ ရေဓာတ်ဆုံးရှုံးမှုဖြစ်ပွားနိုင်ပြီး တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် အဆိုးဆုံးအခြေအနေမှာ အသက်အန္တရာယ်ဆုံးရှုံးနိုင်သည်ထိ ဖြစ်ပေါ်နိုင်ပါတယ်။

အပူလွန်ကဲခြင်း လက္ခဏာတွေက..

  • အပူလွန်ကဲတဲ့အခါ ကလေးငယ်ဟာ နေမကောင်းတဲ့ ပုံဖြစ်နေပြီး ခါတိုင်းထက် ဂျီကျကောင်းကျလာနိုင်ပါတယ်။
  • ဒါမှမဟုတ် ဖြူဖပ်ဖြူရော်နဲ့ ကတုန်ကယင်လည်း ဖြစ်နေနိုင်သလို အိပ်ချင်မူးတူးနဲ့ ပျော့တီးပျော့ဖတ် ဖြစ်နေနိုင်ပါတယ်။

မေမေတို့က အထက်ပါအချက်တွေကို သတိထားစောင့်ကြည့်သင့်တဲ့အပြင်

  • ခါတိုင်းထက် ဆီးသွားနည်းမနည်း..
  • ဆီးအရောင်ရင့်မရင့်နဲ့ ပုံမှန်နို့စို့ရဲ့လား ဆိုတာကို စောင့်ကြည့်သင့်ပါတယ်။
  • ကလေးက တဖြည်းဖြည်းနဲ့ အားနည်းလာတဲ့အခါ ရေသောက်နည်းလာတတ်ပြီး အသားအရေ၊ ပါးစပ်နဲ့ မျက်လုံးတွေ ခြောက်လာပါတယ်။
  • ကလေးငယ်ထိပ်ကလည်း အလွန်အမင်းချိုင့်နေပါလိမ့်မယ်။

ဒီလိုအခြေအနေမျိုး ကြုံတွေ့ရပြီဆိုရင်တော့ နီးစပ်ရာ ကလေးဆရာဝန်တွေနဲ့ ချက်ချင်းပြသဖို့ မှာပါရစေနော်။

ဒီလိုအခြေအနေတွေ မဖြစ်ပေါ်အောင်လို့ မေမေတို့ဘက်က ကြိုတင်ကာကွယ်ထားလို့တာတွေ ရှိပါတယ်။

ဘယ်လိုကာကွယ်မလဲ?

မေမေတို့ကြိုတင်ကာကွယ်နိုင်တဲ့နည်းလမ်းတွေက လွယ်ကူပါတယ်။

  • ကလေးငယ်မှာ အပူဒဏ် မခံစားရဖို့အတွက် ပတ်ဝန်းကျင်ကို အေးနေအောင်ထားပြီး နေရောင်ခြည် မကျရောက်အောင် ကာကွယ်ပေးထားရပါမယ်။
  • အသက်ခြောက်လအောက် ကလေးတွေကို နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

Sunscreen လိမ်းတာမျိုးတော့ မလုပ်သင့်ပါဘူးနော်။

  • ကလေးငယ်ကို နေရောင်ခြည်က နေ ကာကွယ်ဖို့အတွက် အကောင်းဆုံးပစ္စည်းတွေကတော့ အရိပ်၊ ဦးထုပ်၊ အဝတ်အစား တို့ပဲ ဖြစ်ပါတယ်။
  • အသက် ခြောက်လနဲ့အထက်ဆိုရင်တော့ အပြင်သွားမယ်ဆိုရင် ကလေးကို လိမ်းပေးနိုင်တဲ့ Sunscreen အမျိုးအစားတွေ ရှိပါတယ်။
  • မလိမ်းမီမှာ ကလေးရဲ့ အသားတစ်နေရာပေါ် အနည်းငယ်လူးကြည့်ပြီး ဓာတ်တည့်မှုရှိမရှိကို အရင်စမ်းကြည့်ပေးဖို့ လိုပါတယ်။
  • မအိပ်စက်ခင်မှာ ရေချိုးပေးခြင်းကလည်း အပူဒဏ်မခံရအောင် ကာကွယ်ဖို့အတွက် အကျိုးရှိတဲ့ နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။
  • ကလေးငယ်ရှိနေတဲ့ ပတ်ဝန်းကျင်ကို အေးမြနေအောင် ပြုလုပ်ပေးဖို့လဲ လိုအပ်ပါတယ်။ လိုက်ကာစတွေ ကာထားပြီး အခန်းက ပူနေမယ်ဆိုရင် အခန်းရဲ့ အပူရှိန်ကို ခံစားရနိုင်ပါတယ်။
  • ညဘက် အိပ်စက်တဲ့အခါမျိုးမှာ ကလေးကို အဝတ်ထူကြီးတွေ ဝတ်မပေးမိစေဖို့ သတိထားပါ။

အထက်ပါ ကာကွယ်နည်းတွေကို အထူးသတိပြုလုပ်ဆောင်ခြင်းအားဖြင့် ပူလွန်းတဲ့ နွေရာသီမှာ ဘေဘီလေးတို့က ကျန်းမာပျော်ရွှင်မြူးထူး နေနိုင်မှာဖြစ်ပါတယ်။

my_MM