Select Page

Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 517

ရင်သွေးငယ်များနှင့် ရာသီတုပ်ကွေးရောဂါအန္တရာယ်

ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး တစ်ကမ္ဘ္ဘာလုံး နိုင်ငံအနှံ့အပြား တွင် ဖြစ်ပွားလျက်ရှိပါသည်။ ဗိုင်းရပ်စ်အမျိုးအစား A B C D ဟူ၍ လေးမျိုးရှိပြီး A နှင့် B အမျိုးအစားသည်အဖြစ်အများဆုံးဖြစ်သည်။

သမပိုင်းဒေသများတွင် ဆောင်းတွင်းကာလ၌သာရောဂါဖြစ်ပွားလေ့ရှိပြီး အပူပိုင်းဒေသများတွင် တစ်နှစ်ပတ်လုံးဖြစ်ပွားလေ့ရှိသည်။ ကလေးအား ရောဂါကူးစက်ပုံများမှာ

  • ကလေးအား တိုက်ရိုက်ထိတွေ့ကိုင်တွယ်မိရာမှ ကူးစက်ခြင်း – ကလေးအား ရာသီတုပ်ကွေးရောဂါပိုးရှိနေသော မိခင်(သို့) အခြားတစ်စုံတစ်ယောက်က ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်း၊ ချီပိုးခြင်း စသဖြင့် ထိတွေ့ကိုင်တွယ်မိပါက ကူးစက်တတ်သည်။
  • ရာသီတုပ်ကွေးရောဂါပိုးရှိနေသော မိခင်(သို့) အခြားတစ်စုံတစ်ယောက်က ကလေးအသုံးပြုလျက်ရှိသော ကစားစရာများ၊ အဝတ်အထည်များအား ထိတွေ့ကိုင်တွယ်မိလျှင်လည်း ကူးစက်တတ်သည်။
  • ရာသီတုပ်ကွေးရောဂါပိုးရှိနေသော မိခင်(သို့) အခြားတစ်စုံတစ်ယောက်က ချောင်းဆိုး နှာချေခြင်းမှ ထွက်ပေါ်လာသော အမှုန်များသည် လေထဲမှတဆင့် ကလေးထံသို့ ရောက်ရှိသွားခြင်းဖြင့်လည်း ကူးစက်တတ်သည်။

ရောဂါကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက် အတွင်း ရောဂါလက္ခဏာများပေါ်ပေါက်လာမည်ဖြစ်သည်။

ကလေးတွင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း ဘယ်လိုသိရှိနိုင်မလဲ
ရောဂါလက္ခဏာအများစုမှာ

  • ချောင်းဆိုးခြင်း
  • နှာချေခြင်း
  • ခေါင်းကိုက်ခြင်း
  • ကိုယ်ပူခြင်း၊ အဖျားကြီးခြင်း
  • တက်ခြင်း
  • လည်ချောင်းနာခြင်း
  • ကိုယ်လက်ကိုက်ခဲခြင်း
  • ကလေးနုံးခွေနေခြင်း၊ အစာမစားခြင်း တို့ ခံစားရမည်ဖြစ်သည်။

ထို့အပြင် နောက်ဆက်တွဲအနေဖြင့် အဆုတ်အအေးမိခြင်း၊ နားပြည်ယိုခြင်း၊ ထိပ်ကပ်နာတည်ခြင်းတို့ကိုလည်းဖြစ်ပွားစေနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ဖြစ်နိုင်သောကြောင့် ဂရုစိုက် သတိပြု ကာကွယ်ကုသရမည့် ရောဂါပင်ဖြစ်သည်။

ကလေးများကို ရာသီတုပ်ကွေးရောဂါမှ ဘယ်လိုကာကွယ်ရမလဲ

  • အသက် ၆လ ကျော်မှ ၅နှစ်အတွင်းကလေးငယ်များဆိုပါက – ၁နှစ် ၁ ခါ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံပေးခြင်း
  • ကလေးအသက် ၅ နှစ်အောက်ဖြစ်ပြီး တစ်အိမ်ထဲနေထိုင်သူ တစ်ဦးဦး ရက်ရှည်ဖျားနာနေလျှင် မိသားစုဝင်များအားလုံး ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံပေးခြင်း
  • ချောင်းဆိုး၊ နှာချေလျှင် လက်ကိုင်ပဝါဖြင့် အုပ်ပြီး ချောင်းဆိုး၊ နှာချေခြင်း၊ကလေးကိုလည်း လက်ကိုင်ပဝါ၊တစ်ရှူး သုံးတတ်အောင် သင်ပေးခြင်း
  • မိမိလက်ရော ကလေးလက်ကိုပါ စင်ကြယ်စွာ ဆေးကြောခြင်း
  • ကလေးအသုံးအဆောင်ပစ္စည်းများအား သန့်ရှင်းစင်ကြယ်စွာထားခြင်း
  • ကလေးငယ်များအား လူထူထပ်သောနေရာများ၊ ပွဲလမ်းသဘင်များသို့ ခေါ်ဆောင်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကြဉ်ခြင်း
  • ကလေးကိုယ်ခံအားကောင်းအောင် အစာအာဟာရပြည့်ဝစွာစားသုံးခြင်း

လုံလုံလောက်လောက် ကောင်းစွာ အနားယူအိပ်စက်ခြင်းတို့ဖြင့် ကြိုတင်ကာကွယ်ထားနိုင်မည် ဖြစ်ပေသည်။

ကလေးငယ်ရဲ့ မိဘတစ်ယောက်အနေနဲ့ ကလေး ပြုစုစောင့်ရှောက်ရေး၊ ကျန်းမာရေး စတာတွေ အားလုံးအတွက်..

အားကိုးစရာ မေးမြန်းတိုင်ပင်စရာ ဆရာဝန်တစ်ယောက် ရှိထားသင့်ပါတယ်။

ဘယ်လို ဆရာဝန်တွေလဲ?

  • ကလေးကျန်းမာရေး ကျွမ်းကျင်တဲ့ ဆရာဝန်ဖြစ်ရမယ်
  • ယုံကြည်စိတ်ချရမယ်
  • နေ့/ည အချိန်မရွေး ၂၄နာရီ ဆက်သွယ်နိုင်ရမယ်
  • ဆေးကုသတာအပြင် ကလေးအာဟာရပိုင်းဆိုင်ရာ နဲ့ ကလေးပြုစု စောင့်ရှောက်ရေး
  • (ဥပမာ – ကလေးကို ဘာကျွေးရမလဲ၊ စကားမြန်မြန်ပြောတတ်အောင် ဘယ်လိုသင်ပေးရမလဲ)
  • စတာတွေလို ကလေးနဲ့ ပတ်သက်သမျှ တိုင်ပင်နိုင်ရမယ်
  • ကလေးရဲ့ အဒေါ်၊ ဦးလေး တစ်ယောက်လို ရင်းရင်းနှီးနှီး အားကိုးနိုင်ရမယ်
  • အပေါ်ယံ ယေဘုယျမဟုတ်ပဲ ကလေးအကြောင်းကို အသေးစိတ်သိထားပြီး တိုင်ပင်ပေးနိုင်ရမယ်
  • ဆရာဝန်ဘက်ကနေလည်း အချိန်မှန် ဆက်သွယ်ပြီး ကျန်းမာရေးအခြေအနေ တိုင်ပင်ဆွေးနွေးပေးရမယ်။
my_MM