Select Page

Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 524

မိုးဦးကာလ မှာ သားသားမီးမီးလေးတွေ ဖျားနာတတ်ပါတယ်။ မိုးရာသီမှာ အအေးမိ၊ နှာစေး၊ ချောင်းဆိုး နဲ့ တခြား ရောဂါမျိုးစုံတို့ ဖြစ်နိုင်တယ်။ ရောဂါပိုးကို သယ်ဆောင်တဲ့ ပိုးမွားတွေ ပေါက်ဖွားမှု များတဲ့ အတွက် တခြားရာသီတွေထက် ဖျားနာတာတွေ ပိုဖြစ်တတ်ပါတယ်။

သားသားမီးမီးတို့ လွယ်လွယ်ကူကူ ဖျားနာတာတွေ မဖြစ်အောင် ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ပြည့် ကျွေးတာတွေ၊ ရောဂါပိုးသယ်ဆောင်လာတဲ့ ပိုးမွားတွေ မထိတွေ့အောင် ကာကွယ်ရမှာတွေ၊ ဖျားနာတဲ့ သူတွေနဲ့ မထိတွေ့အောင် ရှောင်ကြဉ်ရမှာတွေက ဖေဖေမေမေတို့ရဲ့ တာဝန်ပါနော်။

အခုလို ရာသီမှာ သာမန်ဖျားနာတာ၊ ရာသီတုတ်ကွေး၊ သွေးလွန်တုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ အသည်းရောင် အသားဝါ ရောဂါ (A) စတာတွေ အဖြစ်များပါတယ်။

သာမန်ဖျားနာ တာ ကူးစက်လွယ်ကူပြီး ခန္ဓာကိုယ်ထဲ ဗိုင်းရစ် ဝင်ရင် ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် အသက်ရှု လမ်းကြောင်းကို ဝင်ရင် ဖျားတာ၊ နှာစေးတာ တို့ ကိုယ်ပူတာတို့ ဖြစ်နိုင်ပါတယ်။ သာမန်ဖျားနာတာကို ကာကွယ်ဖို့ဆို အပြင်သွားရင် နှာခေါင်းစည်းတပ်တာတို့ ကိုယ်ခံအားကောင်းအောင် ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုမူစားသောက်မယ်ဆို ကာကွယ်နိုင်ပါတယ်။

ရာသီတုတ်ကွေး

ရာသီတုတ်ကွေး Seasonla Flu or Influenza,ဟာ သာမန်ဖျားနာတာလိုပဲ ဗိုင်းရစ်ကြောင့်ဖြစ်ပြီး ကူးစက်လွယ် ပါတယ်။ သာမန် ဖျားနာတာနဲ့ မတူတာကတော့ ရာသီတုတ်ကွေးဟာ ကလေးငယ်တွေမှာ ပိုအန္တရာယ်ရှိပါတယ်။

ကလေးငယ်တွေမှာ ရာသီတုတ်ကွေးဖြစ်ရင် ဆေးကုသမှု လိုအပ်ပါတယ်။ အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးတွေမှာ ရာသီတုတ်ကွေးဖြစ်ပြီး နောက်ဆက်တွဲ ရောဂါတွေ ဝင်နိုင်ပါတယ်။

နမိုနီးယား အဆုတ်ကို ရောဂါပိုးဝင်ပြီး

  • အဆုတ်ရောင်ရောဂါဖြစ်ခြင်း
  • ရေဓာတ်ခန်းခြောက်ခြင်း
  • နာတာရှည်ရောဂါဖြစ်ခြင်း (ဥပမာ-နှလုံးရောဂါ၊ asthma ရောဂါ)
  • ဉာဏ်ရည်ထိခိုက်ခြင်း
  • ထိပ်ကပ်နာ၊ နားရောဂါ

တချို့ အခန့်မသင်ရင် သေဆုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။

ရာသီတုတ်ကွေး ကာကွယ်နည်း

ကလေးငယ်တွေအတွက် အကောင်းဆုံး နည်းလမ်းကတော့ ရာသီတုတ်ကွေး ကာကွယ်ဆေးထိုးတာလို့ ကူးစက်ရောဂါ ကာကွယ်တာဆီးရေးအဖွဲ့ကြီး(CDC) က တိုက်တွန်းထားပါတယ်။ ရာသီတုတ်ကွေး ကာကွယ်ဆေးကို အသက် ၆လ အထက် မည်သူမဆို ထိုးနိုင်ပါတယ်။

ရာသီတုတ်ကွေး ကာကွယ်ဆေးကို ၁နှစ် တစ်ခါ ထိုးသင့်ပါတယ်။ ကာကွယ်ဆေးထိုးတာအပြင် မိမိကိုယ်ကို မကူးအောင် နဲ့ တခြားသူတွေကို ကူးစက်ခြင်းကို ကာကွယ်တဲ့နည်းလမ်းတွေကို ဝေမျှပေးလိုက်ရပါတယ်။

place away yinthway

လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားခြင်း

ဖျားနာနေတဲ့သူတွေနဲ့ မထိတွေ့အောင်နေရပါမယ်။ ဖျားနာနေရင်လည်း တခြားသူတွေဆီ မကူးအောင် မထိတွေ့အောင် ကာကွယ်ရပါမယ်။

stay home yinthway

ဖျားနာနေရင် အိမ်မှာပဲနေပါ

ဖျားနာနေရင် အိမ်၊ ကျောင်း၊ အလုပ် စတာတွေ မသွားဘဲ အိမ်မှာပဲ အနားယူသင့်ပါတယ်။ ဒါမှသာ ရောဂါပိုးပျံ့နှံ့တာကို ကာကွယ်ပေးမှာပါ။

protect nose mouth yinthway

ပါးစပ် နှာခေါင်းတို့ကို ကာထားပါ

ချောင်းဆိုး၊နှာချေတဲ့အခါ ပါးစပ်၊နှာခေါင်းတို့ကို လက်ကိုင်ပုဝါ၊ Tissue တို့ဖြင့်ကာကွယ်ပါ။ ပါးစပ်၊နှာခေါင်းတို့ကို ကာထားခြင်းဟာ ချောင်းဆိုး၊နှာချေခြင်းအားဖြင့် လေထဲက ကူးစက်နိုင်တဲ့ ရာသီတုတ်ကွေးတို့ SARS ရောဂါတို့ကနေ ကာကွယ်ပေးပါတယ်။

clean hand yinthway

လက်ကိုသန့်ရှင်းအောင်ထားပါ

လက်ကနေ ရောဂါအများစု ကူးစက်နိုင်တဲ့အတွက် လက် ကို မကြာခဏဆေးကြောသင့်ပါတယ်။ လက်ဆေးဖို့ မလွယ်ကူရင် အရက်ပျံပါတဲ့ လက်သန့်စင်ရည်တွေကို သုံးပေးပါ။

touch eye mouth nose yinthway

မျက်စိ၊နှာခေါင်း၊ ပါးစပ်တို့ကို မကြာခဏထိတွေ့ခြင်းမှ ရှောင်ရှားပါ

မသန့်တဲ့နေရာကို ကိုင်မိပြီး မျက်နှာကို ထိတွေ့တဲ့အခါ ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ခဏခဏ မျက်နှာကို မကြာခဏ ကိုင်တာကို ရှောင်ရှားပါ

my_MM