Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 449
၀မ်းပျက်၀မ်းလျှော နှင့် ကလေးငယ်အစာအာဟာရ အကြောင်းသိကောင်းစရာ (အပိုင်း ၄)
ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း
၀မ်းသွားတိုင်း ကလေးတွေကို ပဲနို့မှုန့် တိုက်ဖို့လို ပါသလား
၀မ်းပျက်၀မ်းလျှောဖြစ်တိုင်း ကလေးကို ပဲနို့မှုန့်ပြောင်းတိုက်ရန်မလိုအပ်ပါ။
ဒါပေမဲ့ ၀မ်းပျက်၀မ်းလျှောဖြစ်တာ ၅ရက်လောက်ဆက်တိုက်ဖြစ်နေတဲ့ ကလေးတွေမှာ ၀မ်းသွားတာများလာတာနဲ့အမှျ အူနံရံဟာပါးလာတတ်ပါတယ်။
ဒီလိုပါးလာတာဟာ နို့ ထဲ မှ သကြားဓာတ် Lactose ကို ချေဖျက်ပေးနေတဲ့ အင်ဇိုင်း နည်းသွားစေပါတယ် ဒီလိုအချိန်တွေ မှာ ပဲနို့မှုန့်ကို မိခင်နို့နဲ့ formula နို့မှုန့် တွေအစားထိုး အနေနဲ့ ၂ပတ်ခန့် တိုက်ပေးဖို့လိုပါတယ်။
ဒီလို တိုက်ဖို့ ဆိုတာ လိုအပ်တဲ့စမ်းသပ်မှုတွေ၊၀မ်းစစ်ဆေးမှုတွေလုပ်ပြီး မှ ဆရာ၀န်ညွန်ကြားချက်နဲ့တိုက်ရမှာပါ။
ဒါကြောင့်၀မ်းလျှောတိုင်းပဲနို့မှုန့်တိုက်ရန်မလိုအပ်ပါ။
အထူးသတိထားရမှာ က တော့
ပဲနို့မှုန့် တိုက် တဲ့ ကလေးတွေ မှာ မိခင်နု့ိအပါအ၀င် နို့ နှင့် နို့ ထွက်ပစ္စည်း ၂ပတ်တိတိ ရှောင်ဖို့လိုအပ်ပါတယ်။
သကြားဓာတ် များတဲ့ overtine milo အစ ရှိတဲ့ ဖျော်ရည်တွေကို လည်း ရှောင်ကြဥ္ သင့်ပါတယ်။
၀မ်းပျက်ထားတဲ့ ကလေးတွေမှာ ဘယ်လို အာဟာရတွေ အဓိကလိုအပ်ပါသလဲ
ကလေးကိုအမြန်ဆုံး စားနေကျအစားအစာကျွေးလို့ ရအောင် ကြိုးစားကျွေးပေးတာဟာ လိုအပ်တဲ့ အာဟာရတွေ ကို အမြန်ဆုံးဖြည့်တင်းပေးနိုင်တဲ့ နည်းပါပဲ။
၀မ်းလျှောထားပြီး နလံထ စ စချင်း တစ်ပတ် ကို ပုံ မှန်ထက်ထမင်း ဟင်း ၁ နပ် တိုးကျွေးပေးပါ
ဘာအားဆေးတွေတိုက်ရမလဲ
Zinic ၊folic acid ၊ B 12 အစရှိတဲ့ သတ္တုဓာတ်တွေဟာ ၀မ်းသွားတဲ့ အကြိမ်ရေကို လျော့ပေးသလို မြန်မြန်နေပြန်ကောင်းဖို့လည်း ကူညီပေးပါတယ် ဒါကြောင့်
ဒီသတ္တူဓာတ်တွေပါတဲ့ အားဆေးတွေကို ၂ပတ် တိတိ အပြည့်အ၀ တိုက်ပေးဖို့လိုပါတယ်။
bioflor ၊ kidlac အစရှိတဲ့ prebioticပါတဲ့ ဆေးတွေဟာ ၀မ်းပိတ်ဆေးတွေလား
လုံး၀ မဟုတ်ပါဘူး။ ဒီဆေးတွေဟာ ၀မ်းသွားတာအကြိမ်များပြီး ဆုံးရှုံးသွားတဲ့ သက်စောင့်ဓာတ် တွေကို ပြန်ဖြည့်တင်းပေးတာသာဖြစ်ပါတယ် ။
၅ရက် မှ ၁ပတ်ခန့် သောက်သုံးသင့်ပါတယ်။
နိဂုံးချုပ်ရရင် ကလေးတွေအတွက်
၀မ်းပျက်၀မ်းလျှောရောဂါဟာ ကြောက်စရာ မဟုတ်ပါ။
မိမိဘက်က ကလေးကို ရေဓာတ် အာဟာရဓာတ် သတ္တုဓာတ်တွေ အလုံ အလောက်ဖြည့်တင်းပေးနေရင် အရေးပေါ်လက္ခဏာတွေကို စောင့်ကြည့်ရင်း ရက်အနည်းအတွင်းမှာတဖြည်းဖြည်းသက်သာပျောက်ကင်းသွားနိုင်တဲ့ရောဂါဖြစ်ပါတယ်။
(ကလေးများတွင် ၀မ်းပျက်၀မ်းလျှောရောဂါဟာ လူကြီးများကဲ့သို့ ချက်ချင်းမရပ်ပါ။ နည်းနည်းချင်း စီအကြိမ်နည်းသွားပြီး ၀မ်းပြန်ပျစ်လာပါလိမ့်မည်)
ဒါအပြင်မိသားစုရဲ့စိတ်ထဲမှာ ကလေးငယ် ၀မ်းလျှောရတာ ဟာ အသီးအနှံတွေကြောင့် ဘာကြောင့်ဆိုပြီး သတ်မှတ်ပြီး ကလေးကို နောက်အခါတွေ မကျွေးပဲနေမဲ့ အစား အစားအစာတွေကို ပြင်တာဆင်တာ ချက်တာပြုတ်တာတွေကို ပိုပိုသန့်အောင်လုပ်ရင်း ကလေးတွေကို အာဟာရမျိုးစုံ ပြည့်ပြည့်၀၀ပေးနေဖို့ဟာ အရေးကြီးဆုံးပဲဖြစ်ပါတယ်။

နာမည် | ဒေါက်တာ စိုးမြင့်ဝင်း |
---|---|
Degrees | M.B.,B.S (ygn) |
Biography | Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center. |
Topic |
ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။ |
Address | Parami General Hospital |