Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 524
သွေးလွန်တုပ်ကွေး လူနာအတွက် သတိပြုရန် အချက်များ
ယခုအချိန်ခါသည် ကလေးများ သွေးလွန်တုပ်ကွေး အဖြစ်များသော ကာလဖြစ်ပါသည်။ ထို့အတွက်ကြောင့်လဲ မေမေ များက သားသားမီးမီးများကို သေချာဂရုစိုက်ပေးဖို့လိုပါသည်။
သွေးလွန်တုပ်ကွေး ဖြစ်လာပြီဆိုရင်လဲ ချက်ချင်းနီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားပြသင့်ပါသည်။
သွေးလွန်တုပ်ကွေးဖြစ်ခဲ့သော် … အောက်ပါ အချက်လက်များကို ဂရုတစိုက် ပြုလုပ်ပေးဖို့ လိုပါသည်။
- အရည်များများ တိုက်ပေးပါ (ဓာတ်ဆားရည်၊ အရောင်မပါဖျော်ရည်၊ နို့၊ ဟောလစ်၊ အိုဗာတင်းအဖြူရောင်၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ထမင်းရည်) အန်လျှင် နားနား ပြီး တိုက်ပါ။
- အကယ်၍ အဖျားအရမ်း ကြီးလျှင် ရေပတ်သုတ်ပေးပါ။ ခေါင်းကိုပါ အေးအောင် သုတ်ပေးပါ။
- လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံ တို့တွင် ရေခဲဝတ် ကပ်ပေးပါ။
- အဖျား တအားကြီးလျှင် ( ၁၀၂ ံ နှင့်အထက်) ပါရာစီတမော တိုက်ပေးပါ။
- အဖျားတအားကြီးလျှင်၊ အစားအသောက် မစားတော့ရင် ဆေးရုံ၊ ဆေးခန်းသို့ သွားပြီး ဆရာဝန် နှင့် ပြပါ။
- အစာမဝင်တော့ဘဲ ကလေးက မှိန်းလွန်းရင် ၊ အဖျားအရမ်းကြီးလျှင် ၊ ကော်ဖီနှစ်ရောင် (အညိုရောင် ၊ အမည်းရောင်) အန်လျှင်၊ ဝမ်းမည်းမည်း (ကတ္တရာစေးရောင်) ပျစ်ပျစ်သွားလျှင် ဆေးရုံသို့ ချက်ချင်း တင်ပါ။
- အဖျားရုတ်တရက်ကျပြီး လက်မောင်း၊ ခြေသလုံး၊ တို့ အလွန်အမင်းအေးစက်နေလျှင် ၊ ကယောင်ကတမ်း ဖြစ်နေလျှင် ဆေးရုံသို့ အမြန်သွားပါ။
- နှာခေါင်းသွေးလျှံတာ ၊ သွားဖုံးသွေးထွက်တာ ဖြစ်လျှင် ဆေးခန်း၊ ဆေးရုံသို့ သွားပါ။
ဘာတွေ ရှောင်ဖို့ လိုအပ်သလဲ ?
- ဘာစပရို၊ အေပီစီ၊ အနာဂျက်ဆင်နှင့် အခြားအကိုက်အခဲပျောက်ဆေး မသောက်ရ။
- အညိုရောင် ၊ ချောကလက်ရောင်ရှိသော အစာနှင့် အရည်များ မသောက်ရ (အန်လျှင် ကော်ဖီနှစ်ရောင်နှင့် ခွဲရခက်မည် ဆိုးသောကြောင့်)
- မက်ကလောင် မဖောက်ရ။