Select Page

Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 449

အစာအိမ်အူလမ်းကြောင်းယောင်ယမ်းခြင်း

ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း

အစာအိမ်အူလမ်းကြောင်းယောင်ယမ်းခြင်းဟာလူတိုင်းကြုံတွေ့နိုင်တဲ့ရောဂါအခြေအနေမျိူးဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလည်း?

အူလမ်းကြောင်းထဲ ဗိုင်းရပ်စ် ပိုး ၊ ဘတ်တီးရီးယားပိုး ၊ ကပ်ပါးပိုး ဓာတုပစ္စည်းထိတွေ့တဲ့အခါ
ပိုးသတ်ဆေးစတဲ့ ဆေးတွေသောက်နေတဲ့အခါ ဖြစ်တတ်ပါတယ်။

ဘယ်လိုလက္ခဏာမျိူးတွေနဲ့လာနိုင်သလည်း?

  • ဝမ်းလျောခြင်း
  • ပျို့အန်ခြင်း
  • နေရထိုင်ရမကောင်းခြင်း
  • အဖျားရှိခြင်း
  • ဗိုက်နာခြင်း
  • ကိုက်ခဲခြင်း

စသည့်လက္ခဏာများနဲ့အစပြုလေ့ရှိပါတယ်။

တစ်ပတ်လောက်ကြာလေ့ရှိပြီး တစ်ချို့က အဲ့ထက်ပိုကြာပါတယ်။

ခုလိုမျိူးဖြစ်တဲ့အချိန်မှာဘာတွေလုပ်ထားလို့ရလည်း?

  • ရေများများသောက်ဖို့လိုအပ်ပါတယ်
  • ကိုယ်ခန္ဓာက ဆုံးရှုံးသွားတဲ့ အရည်တွေပြန်ဖြည့်တင်းဖို့လိုပါတယ်
  • အဖျားရှိရင် အကိုက်အခဲပျောက်ဆေးလေးသောက်ဖို့လိုပါတယ်
  • အနားများများယူဖို့လိုပါတယ်
  • အစာ ပျော့ပျော့ လေးကို နည်းနည်းနဲ့ခဏခဏ စားလို့ရပါတယ်
  • အန်တာအရမ်းဆိုးရင်တော့အအန်သက်သာတဲ့ဆေးလေးသောက်လို့ရပါတယ်

ဘယ်လိုကာကွယ်လို့ရမလည်း?

  • လက်ကိုမသန့်ရှင်းတဲ့အရာတွေထိပြီးတဲ့အခါ သေချာသန့်ရှင်းပေးပါ
  • သန့်ရှင်းသောအစားအစာများကိုစားပါ
  • အသားစိမ်းငါးစိမ်းစားခြင်းရှောင်ပါ
  • အစားအစာကို သန့်ရှင်းစွာ ကျက်အောင် ချက်ပြုတ်ပါ

ဘယ်အချိန်တွေမှာ ဆေးခန်းပြဖို့လိုပါမလည်း?

  • ခေါင်းအရမ်းမူးနေတာမျိူး၊ ဆီးအရမ်းနည်းတာမျိူး
  • မျက်တွင်းတွေအရမ်းချိုင့်တာမျိူး
  • ရေအငမ်းအရသောက်ခြင်တာမျိူးစတဲ့
  • ရေဓာတ်ခမ်းခြောက်လက္ခဏာမျိူးတွေရှိတဲ့အခါ
  • ဝမ်းထဲသွေးပါတဲ့အခါ
  • အဆတ်မပြတ် အန်နေတဲ့အခါ
  • အရည်လုံးဝသောက်ချလို့မရတဲ့အခါ
  • အဖျား 100 ကျော်တဲ့အခါ
  • ရက်အနည်းငယ်နေလို့မသက်သာသေးတဲ့အခါ
  • ကျန်းမာရေးနဲ့ပတ်သတ်တဲ့ရောဂါအခံရှိတဲ့အခါ
  • ဝမ်းကို စစ်ဆေးကြည့်ပြီး ပိုးသတ်ဆေးလိုကောင်းလိုနိုင်ပါတယ်။

နာမည် ဒေါက်တာ ခင်ဆွေသန်း (M.B.B.S)
Degrees M.B.,B.S (ygn)
Biography

ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။

Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။

Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။

Topic

အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ

ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Address Parami General Hospital, Yangon
my_MM