Select Page

အရိုးတွေ ကျန်းမာသန်စွမ်းအောင် ဘာအစားအစာတွေ စားသုံးသင့်သလဲ။

ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)

အစားအစာကိုသင့်တင့်မျှတစွာစားသုံးခြင်းဟာ ငယ်စဉ်မှစ၍သင့်ဘဝတစ်လျှောက် ကျန်းမာနိုင်သည့်အပြင် အရိုးများကျန်မာသန်စွမ်းအောင်လည်းအထောက်အကူပြုပါတယ်။

သင့်အရိုးအတွက်အဓိကလိုအပ်တဲ့ဓာတ်ကတော့ ကယ်လ်ဆီရမ် (calcium) ဓာတ်ပဲဖြစ်ပါတယ်။ ဒါ့အပြင်ခန္ဓာကိုယ်မှcalciumစုပ်ယူမှုအားကောင်းအောင် vitamin Dလုံလောက်စွားလည်းလိုအပ်ပါတယ်။

ထိုဓာတ်များချို့တဲ့ပါက အရိုးပွခြင်း၊ အရိုးကျိုးလွယ်ခြင်းများကိုဖြစ်စေနိုင်ပါတယ်။

ဘယ်လိုလူတွေမှာvitamin D ဓာတ်ချို့တဲ့နိုင်သလဲ။

  • မိခင်နို့ သို့မဟုတ် နို့မှုန့်လုံလောက်စွာမရရှိသောကလေးများ
  • နာတာရှည်အိမ်ထဲတွင်နေရသောရောဂါသည်များ
  • သွေးဆုံးပြီးအမျိုးသမီးများ

ဘယ်လိုအစားအစာတွေစားသုံးသင့်သလဲ။
သာမန်လူကြီးတစ်ယောက်ဟာ calcium ဓာတ် ၇၀၀mg လိုအပ်ပါတယ်။ ထိုလိုအပ်သောဓာတ်သည် အစားအစာကိုသင့်တင့်မျှစွာစားသုံးခြင်းဖြင့် ဖြည့်စွမ်းနိုင်ပါသည်။

Calcium ကြွယ်ဝသောအစားအစာတွေကတော့

  • နို့နှင့်နို့ထွက်ပစ္စည်းများ
  • ပန်းဂေါ်ဖီ၊ broccoli
  • ပဲပိစပ်
  • တို့ဖူး
  • ပဲနို့ရည်
  • အရိုးပါဝါးစား၍ရသောငါးများ

Vitamin D ကြွယ်ဝသောအစားအစာများကတော့

  • ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး
  • ကြက်ဥ
  • ချိစ်
  • Vitamin D ကိုနေရောင်ခြည်မှလည်းရရှိနိုင်ပါတယ်။

Vitamin D ချို့တဲ့ပါက သောက်သုံးရန်လိုအပ်တဲ့ ပမာဏကို ဆရာဝန်နှင့်တိုင်ပင်ပြီးမှသောက်သုံးသင့်ပါတယ်။ Vitamin Dပမာဏ လိုအပ်သည်ထက်ပိုသွားပါက လူကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

နာမည် Dr. Kyi Lei Hnin
Degrees M.B.,B.S (ygn)
Biography 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။
Topic
  • ကလေးကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာများ၊ အာဟာရပိုင်းဆိုင်ရာများ၊ ကျန်းမာရေးနဲ့ပတ်သက်သည်များ
  • လူကြီးများ၏နာတာရှည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးရောဂါများ နှင့် အထွေထွေရောဂါများအကြောင်း
  • သားဖွားမီးယပ်နှင့် မိန်းကလေးများနှင့်ပတ်သက်သည့်ရောဂါများအကြောင်း
  • စသည်တို့ကို ရင်းနှီးစွာ တိုင်ပင်ဆွးနွေးနိုင်ပါသည်။
Address Parami General Hospital
my_MM