Select Page

Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 517

အာဟာရဓာတ် အပြည့်ရအောင် ကလေးငယ်တွေကို ဖြည့်စွက်စာ ဘယ်လိုကျွေးရမလဲ

  • အသက်၆လ အထိ မိခင်နို့တစ်မျိုးတည်းနဲ့ အာဟာရလုံလောက်ပါတယ်။ အသက်၆လက ၁နှစ်အတွင်းမှာဆိုရင် လိုတဲ့အာဟာရရဲ့ တစ်ဝက်သာမိခင်နို့က ဖြည့်တင်းနိုင်ပါတယ်။
  • ဒါကြောင့်ဖြည့်စွက်စာစကျွေးရတာပါ။ အသက်၁နှစ်ကျော်ရင် လိုတဲ့အာဟာရရဲ့ သုံးပုံတစ်ပုံကိုသာ မိခင်နို့ကဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒီအရွယ်ကျရင် ပုံမှန်မိသားစုထမင်းဝိုင်းထဲက ထမင်းဟင်းစကျွေးနိုင်ပါပြီ။
  • နွားနို့တိုက်ဖို့လဲ လိုပါတယ်။ ဒါပေမယ့် နွားနို့မှာ Choline ပဲပါပြီး DHA နဲ့ Probiotics မပါဘူး။
  • ပဲနို့ကျတော့ DHA ပါပြီး Choline ပါနှုန်းနည်းပါးတယ်။ Probiotics လည်းမပါဘူး။ Probiotics က ဒိန်ချဉ်မှာပဲပါတယ်။
  • မိခင်နို့ထဲမှာ DHA, Choline နဲ့ Probiotic ၃မျိုးစလုံး ပါနေပါတယ်။ ဒါကြောင့်မိခင်နို့ကအဖိုးတန်သွားတာပါ။

ဘယ်အရွယ်မှာ စပြီး ဖြည့်စွက်စာ ကျွေးရမလဲ ?

  • ၆လမှာ ဖြည့်စွက်စာစကျွေးရင် ထမင်းကို ကျွေးနိုင်ပါတယ်။
  • မြန်မာအစားအစာကို ပထမဆုံး ထိတွေ့အရသာ ခံစေရပါမယ်။
  • အနောက်နိုင်ငံအရသာနဲ့စတင်ထိတွေ့ပြီး တော်တော်ကြာကြာကျွေးထားရင်အသက်၁နှစ် ထမင်းပြောင်းကျွေးချိန်မှာ မစားလို့ ဒုက္ခရောက်ပါမယ်။
  • ဒါကြောင့်ဖြည့်စွက်စာ အာဟာရမှုန့်ကို အလုပ်မအားလို့ ကိုယ်တိုင် မပြင်ဆင် မကျွေးမွေးနိုင်ချိန်၊ ခရီးသွားချိန်တွေမှာကျွေးသင့်ပါတယ်။
  • ကျန်တဲ့အချိန်တွေမှာသန့်သန့်ရှင်းရှင်းဟင်းအမည်စုံ ပြင်ဆင်ကျွေးနိုင်ရင်ရပါတယ်။ ဒါပေမယ့် အစားစားတာနည်းချိန်၊ ငြင်းပယ်ချိန်မှာထမင်းလုပ်နည်းနည်းနဲ့ အာဟာရပြည့်တာပါ။
  • ကျွေးချင်ရင်တော့ အာဟာရအစုံ (Probiotics) အပါအဝင် ထည့်ထားတဲ့ဖြည့်စွက်စာကို ကျွေးလိုက်ရင် ခေါင်းမစားရတော့ဘူးပေါ့။ ဥပမာ- မနက်စောစော(သို့မဟုတ်) ညအိပ်ချိန်နီး၊ အလုပ်များချိန်မျိုးမှာကျွေးပါ။
  • ဒါပေမဲ့ငွေကြေးကိစ္စတော့ထည့်စဉ်းစားရပါမယ်။

ဘယ်လိုဖြည့်စွက်စာမျိုးကို ကျွေးရမလဲ ?

  • အသားငါး၊ ပဲအမျိုးမျိုးမှာဆိုရင် သံဓာတ်၊ ဗိုက်တာမင်A ၊ဇင့်ဓာတ်ပါတယ်။ ပင်လယ်ငါးမှာဆိုရင် DHA ပါ ပါတယ်။
  • ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေမှာ ဆိုရင် သံဓာတ်နဲ့ဗိုက်တာမင် Aဓာတ်ရမယ်။ ဆိုလိုတာက အစားအစာအမည်စုံအောင်စားရင် လိုတဲ့အာဟာရအပြည့်ရမှာပါ။
  • မိသားစုထမင်းဝိုင်းထဲကကျွေးမယ်ဆိုရင်တော့ ပဲပြုတ်၊ ထမင်းဆီဆမ်း၊ ကြက်ဥကြော်ဆိုရင် အတော်အတန်ပြည့်စုံတဲ့ အာဟာရ ရရှိမှာပါ။
  • မြန်မာပြည်မှာအားဖြည့်ဆန်ဆိုတာပေါ်နေပါပြီ။ သံဓာတ်၊ အိုင်အိုဒင်း၊ ဗိုက်တာမင်A၊ ဇင့်၊ ဗိုက်တာမင်B1 နဲ့ ဖောလစ်အက်ဆစ်ထပ်ဆောင်းထားပါတယ်။ DHA, Choline နဲ့ Probiotic တော့မပါဘူး။
  • ဒီအားဖြည့်ဆန်သုံးပြီး နွားနို့၊ ပဲနို့၊ ဒိန်ချဉ်နဲ့ပဲ ၊ဟင်းသီးဟင်းရွက်သာ ထပ်ဖြည့်လိုက်ရင် အသားမစားသူ အတွက်တောင် အာဟာရ အသင့်အတင့် ပြည့်ဝသွားမှာပါ။

ကလေးကိုအာဟာရလည်း မချို့တဲ့ရအောင်၊ အဝမလွန်အောင် ဘယ်လိုအစားအစာ ကျွေးရမလဲ ?

  • အာဟာရချို့တဲ့ရင် မကောင်းသလို အဝလွန်ရင်လည်းမကောင်းပါဘူး။
  • ကြီးထွားချိန်မှာလိုတဲ့အာဟာရပြည့်အောင် မျှတတဲ့ဟင်းအမည်စုံကို တစ်နေ့၃ ကြိမ်ကနေ ၄ ကြိမ်အထိ ကျွေးရပါမယ်။ ကြားထဲမှာလည်း သွားရေစာ ၂ကြိမ်လောက်ကျွေးရပါမယ်။
  • ဝတဲ့ကလေးကိုတော့နွားနို့အစား ပဲနို့တိုက်ရပါမယ်။ ပဲနို့မှာအဆီဓာတ်နည်းပါတယ်။ အချို၊ အဆီလျှော့ကျွေးရပါမယ်။
  • ကိုယ်လက်လှုပ်ရှား ကစားခိုင်းရမယ်။ ဥပမာ- တီဗွီကြည့်ရင် တစ်နာရီထက် ပိုပြီးထိုင်မကြည့်ရ ။ တီဗွီကြည့်ရင်း သရေစာထိုင်မစားရ။

ဒီလိုနည်းနဲ့ အဝလွန်တာကို ထိန်းထားနိုင်ပါတယ်။

my_MM