Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 517
အိမ်တွင်းရေးအဆင်မပြေတဲ့ မိသားစုထဲက ကလေးတွေ
အိမ်ထောင်ရေးအဆင်မပြေဖြစ်ကြလို့ ကွဲကွာကြတဲ့အခါ ကျန်ခဲ့တဲ့ ကလေးတွေမှာ အနည်းနဲ့အများ စိတ်ထိခိုက်မှု တွေကတော့ ရှိကြပါတယ်။ အိမ်ထောင်တစ်ခု ပြိုကွဲကြတဲ့အခါ မိသားစုတစ်ခုလုံး အပြောင်းအလဲတွေ ကြုံလာကြရပါတယ်။ ကလေးတွေအတွက်တော့ ထိတ်လန့်စရာ၊ ကြောက်စရာ၊ ဝမ်းနည်းစရာတွေနဲ့ပါပဲ။
အရွယ်တော်တော်ငယ်တဲ့ ကလေးတွေမှာ အဖေဘက်သွားနေရမလို အမေဘက်ပဲလိုက်ရမလို နဲ့။ ပြီးတော့ သူတို့ကိုရော တစ်နေ့မချစ်တော့ မှာဆိုတဲ့အတွေးတွေဝင်သွားတတ်ကြပါတယ်။
သိတတ်နေပြီးဖြစ်တဲ့အရွယ်လေး မှာ အဖေနဲ့အမေကွဲကြတာ သူ့ကြောင့်များလား၊ သူဆိုးလို့ ဖြစ်သွားကြတာလားဆိုပြီး အားငယ်စိတ်ဝင်သွားတတ် ပါတယ်။
ဆယ်ကျော်သက်အရွယ်တွေ များ မိဘတွေ အိမ်ထောင်ရေးပြိုကွဲတဲ့ အခါ လက်မခံနိုင်တဲ့စိတ်နဲ့ အရာရာကို ထင်တိုင်းကြဲတတ်ကြပါတယ်။ အဖေကြောင့်လို့ အပြစ်တင်တာ၊ အမေကြောင့်လို့ အပြစ်တင်တာ၊ ဒါမှမဟုတ် မိဘနှစ်ဦးလုံးကို မုန်းတီးသွားတတ်ကြပါတယ်။
မိဘတွေ အိမ်ထောင်ပြိုကွဲတဲ့ ကလေးတွေမှာ တွေ့ရတာ ကျောင်းနဲ့ပက်သက်တဲ့ ကိစ္စတွေအားလုံး လုံးဝထိုးကျသွားတာပါပဲ။ အိမ်တွင်းအခြေအနေတွေကိုပဲ အာရုံရောက်နေတဲ့အခါ ကျောင်းနဲ့ ကျောင်းစာတွေကို စိတ်ဝင်စားခြင်းလုံးဝမရှိတော့တာပါပဲ။
မိဘတွေ အိမ်ထောင်ကွဲတာ ကလေးတွေ လူမှုရေးဘဝတွေကိုပါထိခိုက်ပါတယ်။ အဖေ အမေ တစ်ကွဲ တစ်ပြားနဲ့ ဖြတ်သန်းရတဲ့ ကလေးတွေ အနေနဲ့ တခြား သာမန်ကလေးတွေလိုမဟုတ်ဘဲ ပြောဆိုဆက်ဆံရေး အားနည်းပြီး သိပ်လည်း အဆက်အဆံ မလုပ်ကြပါဘူး။
အိမ်တွင်းရေး အဆင်မပြေတဲ့ မိသားစု မှာ ကြီးပြင်းလာရတဲ့ အတွက် သည်းခံနိုင်စွမ်းနည်းပြီး စိတ်တို စိတ်ဆတ်လည်းလွယ်၊ ဒေါသလည်းဖြစ်လွယ်တဲ့ အတွက် ပြသနာခဏခဏ ဖြစ်တတ်ကြပါတယ်။မိဘတွေ အဆင်မပြေဖြစ်တာကို တွေ့ကြုံရတဲ့အခါ ဒေါသဖြစ်မိကြပါတယ်။
ဒါပေမယ့် အဲ့ဒီဒေါသကို ဘယ်လို ဖြေဖျောက်ရမလဲ မသိ။ ဒါကြောင့် တစ်ခုခုဆိုတာနဲ့ ချုပ်တီးထားတဲ့ဒေါသတွေ ပေါက်ကွဲထွက်တတ်ကြပါတယ်။
လေ့လာချက်တွေအရ ကလေးတွေဟာ မိဘတွေ အိမ်ထောင်ရေး ပြိုကွဲရတာ ဘာကြောင့်လဲလို့ အမြဲတွေးတတ်ကြပါတယ်။ မိဘတွေဘာကြောင့် ကွဲကြတာလဲ သူတို့ကြောင့်များလား ဆိုပြီး အပြစ်ရှိသလိုခံစားကြ ရပါတယ်။
အဲ့ဒီလို စိတ်နဲ့ စိတ်ဓာတ်ကျ၊ စိတ်ဖိစီမှုတွေများပြီး လမ်းလွဲတွေရောက်သွားတတ်ကြပါတယ်။ ဥပမာ – စိတ်ညစ်ရင်း ဆေးလိပ်သောက်တာ၊ တားမြစ်ဆေးသုံးတာတွေကို ဆယ်ကျော်သက်တွေမှာ တွေ့ရတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် အိပ်မပျော်တာ၊ စိတ်ကယောက်ကယက်ဖြစ်တာတွေကြောင့် ကျန်းမာရေးထိခိုက်ဆုံးရှုံးရတွေရှိပါတယ်။ မိဘတွေ အိမ်ထောင်ရေးပြိုကွဲတာကို တွေ့ကြုံရတဲ့ကလေးတွေမှာ နောက်ပိုင်း ကြီးပင်းလာတဲ့အခါ မိသားစုဆိုတာကို အယုံအကြည်မရှိတဲ့ ပြသနာတွေပါကြုံတွေ့လာရပါတယ်။
အိမ်ထောင်တစ်ခုပြိုကွဲရမှုကြောင့် ကလေးတိုင်း လက္ခဏာမပြပေးမယ် စိတ်ထိခိုက်မှုကတော့ အနည်းနဲ့အများ ဆိုသလို ရှိပါတယ်။