Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 524
အူအတက်ရောင်ခြင်း
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း
အူအတက်ရောင်တယ်ဆိုတာ ဘာလည်း?
အူအတက်ရောင်တယ်ဆိုတာက အူမကြီးအစမှာရှိတဲ့ အူအတက်လေးယောင်ယမ်း တာကို ပြောတာပါ။
ဘာကြောင့်အူအတက်ရောင်တာကို ကြောက်ရတာလည်းဆိုတော့ အဲ့ အူတက်လေးက ရောင်ရုံတင်မဟုတ်ပဲ အခန့်မသင့်လို့ ပေါက်သွားမယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်နိုင်လို့ အရေးကြီးတာပါ။
ဘာကြောင့်အူအတက်ရောင်တာလည်း?
တစ်ခါတစ်ရံ အူအတက်လေးကို အစေ့လေးတွေ ဝမ်းတုံးအသေးလေးတွေပိတ်တာမျိူး ဒါမှမဟုတ် အူအတက်နံရံလေးမှာ ရှိတဲ့ lymph node လိုခေါ်တဲ့ အကြိတ်လေးတွေယောင်ယမ်းတဲ့အခါ ပိုးလေးတွေပိုမိုပေါက်ဖွားပြီး ယောင်ယမ်းခြင်း ဖြစ်လေ့ရှိပါတယ်။
ယောင်ယမ်းတာကနေပြည်တွေဖြစ်လာပြီး ကုသမှုမခံယူရင်ဗိုက်ထဲမှာ အူအတက်ပေါက်တာ ဗိုက်တစ်ခုလုံးကို ပိုးပြန့်သွားစေပါတယ်။
ဘယ်သူတွေမှာပိုဖြစ်နိုင်လည်း?
- အရွယ်မရွေးဖြစ်နိုင်ပါတယ်
- အမျိူးသား အမျိူးသမီး ကလေး လူကြီး အကုန်ဖြစ်နိုင်ပါတယ်။
အူအတက်ရောင်တဲ့လက္ခဏာတွေက ဘာတွေလည်း?
- ချက်နားကနေအစပြုလို့ ဗိုက်ညာဘက်အောက်အခြမ်းမခံမရပ်နိုင်အောင်နာကျင်ခြင်း
- ပျို့အန်ခြင်း မအီမသာြဖစ်ခြင်း
- အစားအသောက်ပျက်ခြင်း
- အဖျားကြီးခြင်း
- ဝမ်းလျောြခင်း
- ဗိုက်ပွခြင်း
စသည်တို့ဖြစ်လေ့ရှိပါတယ်။
ဒါ့အပြင် ဆရာဝန် က စမ်းသပ်စစ်ဆေးပြီးလိုအပ်ရင် ဆေးရုံတင် စောင့်ကြည့်ပြီး ယောင်နေတဲ့အူအတက်လေးကိုဖြတ်ထုတ်ပြီး ခွဲစိတ်ကုသရပါတယ်။
အူအတက်ရောင်ပြီးနောက်ဆက်တွဲဆိုးကျိူး ဘာတွေဖြစ်နိုင်သေးလည်း?
- အူအတက်ပေါက်ခြင်း
- ပိုးဝင်ခြင်း
- ဗိုက်ထဲမှာအလုံးဖြစ်ခြင်း
- အူအတက်ပြည်တည်ခြင်း
ဒါကြောင့်ဗိုက်အောင့်တာမျိူး အန်တာမျိူး အဖျားကြီးတာမျိူးရှိရင် လုံးဝ ပေါ့ဆလို့မရပါဘူး သေချာစမ်းသပ်ခံဖို့လိုအပ်ပါတယ်။

နာမည် | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |