Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 524
အဲကွန်း၏ လူ့ခန္ဓာကိုယ်အပေါ်သက်ရောက်မှုများ
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း (M.B.B.S)
ကမ္ဘာကြီးကပူနွေးလာတာနဲ့အညီလူသားတွေဟာ အဲကွန်းသုံးဆွဲမှုတွေပိုမိုမြင့်တက်လာပါတယ်။ ဒါပေမယ့် အဲကွန်းကြောင့် လူသားတွေရဲ့ခန္ဓာကိုယ်မှာ ဘယ်လိုတွေဖြစ်နိုင်သလည်း ဖတ်ကြည့်လိုက်ရအောင်။
၁။ အပူဒဏ်ကိုအရင်ကလောက်ခံနိုင်ရည်မရှိတော့ပါဘူး။
အရင်တုန်းက ပုံမှန် အပူချိန်မှာကောင်းကောင်းနေနိုင်ခဲ့ပေမယ့် အဲကွန်းနဲ့ပဲအမြဲနေတဲ့အခါ အပူဒဏ်ကို သိပ်မခံနိုင်တာမျိူးဖြစ်လာပါတယ်။
၂။ အသက်ရှုလမ်းကြောင်းဆိုင်ရာပြသာနာများ
သေချာထိန်းသိမ်းမှုမရှိတဲ့အခါ အဲကွန်းတွေထဲမှာ ပိုးမွားတွေနေထိုင်နိုင်တဲ့အတွက် အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်နိုင်ပါတယ်။ ဖုန်နဲ့ အမှုန်တွေ အများကြီးရှိနေတတ်တာကြောင့် ဓာတ်မတည့်မှုတွေလည်းဖြစ်ပေါစေနိုင်ပါတယ်။
Louisiana medical center မှာပြုလုပ်ခဲ့တဲ့လေ့လာတွေ့ရှိမှုအရ ကားအဲကွန်းတွေ ထဲမှာ ၂၅ ကား မှာ ၂၂ ကား က မှို ၈မျိုးလောက်ရှိနေတာကိုတွေ့ရှိခဲ့ရပါတယ်။
၃။ အသားအရေခြောက်သွေ့ခြင်း
အဲကွန်းအမြဲဖွင့်ထားတဲ့နေရာမှာ အကြာကြီးနေရတဲ့လူတွေရဲ့ အရေပြားဟာ ခြောက်သွေ့လာတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်မှုမရှိစေရန် ရေများများသောက်ပေးပါ။
၄။မျက်ခမ်းခြောက်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ လည်ပင်းနဲ့နှာခေါင်း ခြောက်သွေ့ခြင်း
အဲကွန်းတွေဟာ လေထုထဲက သိပ်သည်းဆကိုလျော့ကျစေတဲ့အတွက် မျက်စိခြောက်သွေ့တာမျိုးဖြစ်တတ်ပါတယ်။
သေချာမထိန်းသိမ်းထားတဲ့ အဲကွန်းတွေများ မှို၊ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် ပိုးတွေကြောင့် မျက်စိရောင်ရမ်းခြင်းဖြစ်စေပါတယ်။
၅။ ကာလရှည် ခေါင်းကိုက်ခြင်း နဲ့ ပင်ပန်းခြင်း
အဲကွန်းတွေက လေထုစိုထိုင်းသိပ်သည်းမှုကိုလျော့ကျစေတဲ့အတွက် ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်ရုံမက ပဲ ခေါင်းကိုက်တာမျိူးလည်းဖြစ်စေနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တစ်ယောက်ပြောတာကတော့ အေးတဲ့အခါ ဦးနှောက်ထဲက သွေးကြောလေးတွေကို ကျဉ်းစေလို့ ခေါင်းကိုက်တတ်တာဖြစ်တယ်လို့ရှင်းလင်းထားပါတယ်။
ကျမ်းမာသည့်ခန္ဓာကိုယ်အတွက် အကြုံပြုချက်များ
- အဲကွန်းကိုသင့်တော်ရုံသာဖွင့်ပါ
- အပြင်အပူချိန်နဲ့ အဲကွန်းဖွင့်ထားတဲ့အခန်းအပူချိန် အရမ်း မကွာခြားစေပါနဲ့။
- အဲကွန်းကိုအမြဲသန့်ရှင်းရေးလုပ်ပါ။
- ရေဓာတ်ခမ်းခြောက်မှုလျော့နည်းအောင်ရေများများသောက်ပါ။

နာမည် | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |