Select Page

ကျွန်ုပ်တို့အကြောင်း

Myancare သည် ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ကျန်းမာရေးဝန်ဆောင်မှုတွင် အစောဆုံးနှင့် ဈေးကွက်တွင်ဦးဆောင်နေသောကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။ Myancare သည် ပြည်သူများကို သင့်တင့်သောဈေးနှုန်းဖြင့် အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ဆောင်မှုကို ပေးနေပါသည်။

Myancare ကို အသုံးပြုခြင်းအားဖြင့် ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသရန် ခက်ခဲသော ကျေးလက်ဒေသမှ လူများသည် မည်သည့်နေရာမှမဆို အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုကို ရရှိနိုင်ပါသည်။

ဆရာဝန်ကို စာတိုပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်းနှင့် ဗီဒီယိုဖုန်းခေါ်ဆိုခြင်းများဖြင့် တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ပြီး အွန်လိုင်းကျန်းမာရေးဝန်ဆောင်မှုကို ၂၄ နာရီ ၇ ရက် အချိန်မရွေး ရရှိနိုင်ပါသည်။ လူနာသည် Myancare အက်ပလီကေးရှင်းကို အသုံးပြု၍ အထွေထွေကု၊ အထူးကုများအပါအဝင် ဆရာဝန် ၃၀၀ ကျော်နှင့် တိုင်ပင်ဆွေးနွေးပြသနိုင်ပါသည်။ ကျွ်န်ုပ်တို့သည် ပုဂ္ဂလိကဆေးရုံ ၃ ခုနှင့် ချိတ်ဆက်ထားပြီး အတွေ့အကြုံရှိ ဆရာဝန်များကိုသာ ထားရှိပါသည်။ လူနာသည် မည်သည့်အချိန် မည်သည့်နေရာမှမဆို ဆရာဝန်နှင့် ရက်ချိန်းရယူပြသနိုင်ပြီး ကျန်းမာရေးဝန်ဆောင်မှုနှင့် အကြံဉာဏ်များကို ရယူနိုင်မည် ဖြစ်သည်။ မကြာမီတွင် ဆရာဝန်များသည် စနစ်တကျ သိမ်းဆည်းထားသော ဆေးမှတ်တမ်းများကို ကြည့်ရှု၍ လူနာကို ကောင်းမွန်ထိရောက်စွာ တိုင်ပင်ဆွေးနွေးမှုများပြုလုပ်နိုင်မည် ဖြစ်သည်။ ကျွ်နု်တို့သည် လူနာများ၏ ဆေးမှတ်တမ်းများကို ထည့်သွင်းနိုင်ရန် ရည်ရွယ်စီစဉ်ထားပါသည်။

Myancare သည် ကလေးမိခင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကလေးကျန်းမာရေးကို အထူးပြုသော ရင်သွေး call center ကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

Professor DR. Kyaw Myint Naing

Former President of Myanmar Medical Association

Zaw Min Tun

(Chief Executive Officer)

Professor DR. Thein Aung

 Founder of Parami Hospital

ဦးတည်ချက်များ

ကျွနု်ပ်တို့၏ မျှော်မှန်းချက်သည် မည်သည့်နေရာရောက်ရှိနေသည်ဖြစ်စေ မည်သူမဆို ကုန်ကျစရိတ်သက်သာစွာဖြင့် ကျန်းမာရေးဝန်ဆောင်မှု ရရှိရန် ရည်ရွယ်ပါသည်။

လုပ်ဆောင်ချက်များ

Myancare သည် တစ်ဦးတစ်ယောက်ချင်းစီအတွက်သာမက မိသားစုများအတွက်ပါ အရည်အသွေးပြည့်မီသော အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်ရန် ရည်ရွယ်သည်။

ကျွန်ုပ်တို့ကမ်းလှမ်းသောအရာ

အရည်အသွေးမြင့်မားပြီး လူတိုင်း လက်လှမ်းမှီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုကို ဝန်ဆောင်မှုပေးလျက် ရှိသည်။ “လွယ်ကူ ကျန်းမာ လက်တကမ်းမှာ”

Our Partners
my_MM