Select Page

GERD ဆိုတာဘာလည်း?

ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း

Gastroesophageal reflux disease လို့ခေါ်တဲ့ ရောဂါဟာ အစာအိမ်ထဲက အက်စစ်တွေအစာမြိုပြွန်မှတဆင့်အပေါ်ပြန်တက်တဲ့အခါ နေမထိထိုင်မသာ ရင်ပူတာမျိူးကို GERD လို့ခေါ်ပါတယ်။

လက္ခဏာတွေကရောဘာတွေလည်း?

  • ရင်ပူခြင်း ( အထူးသဖြင့် အစာစားပြီးချိန်နဲ့ ညတွေ)
  • ရင်ဘတ်အောင့်ခြင်း
  • အစာြမိုချရခက်ခဲခြင်း
  • အစာသို့ လေချဥ်တက်ခြင်း
  • လည်ပင်းတွင်တစ်စို့စို့ဖြစ်နေခြင်း

ဒီလိုမျိုးဖြစ်တဲ့အခါ နာတာရှည်ချောင်းဆိုးတာမျိူး ၊ လည်ချောင်းတစ်လျှောက်ယောင်ယမ်းတာမျိူး ၊ ပန်းနာရင်ကြပ်ပိုဆိုးလာတာမျိူး ၊ အိပ်မပျော်တာမျိူး ၊ စတဲ့ လက္ခဏာတွေနဲ့လည်းတွဲပြီးခံစားရတတ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလည်း?

အစာအိမ်နဲ့ အစာြမိုပြွန်လေးဆက်တဲ့နေရာမှာရှိတဲ့ကြွက်သားတွေအချိန်အမျှလျော့ရဲလာတဲ့အခါ အစာအိမ်ထဲက အက်စစ်တွေအပေါ်ကိုပြန်တက်လာတာကြောင့်ဖြစ်တာပါ။

ဘယ်သူတွေမှာအဖြစ်များလည်း?

  • အဝလွန်တဲ့သူတွေ
  • ကိုယ်ဝန်ဆောင်မိခင်
  • အစာခြေနှေးတဲ့သူတွေ
  • အစာအိမ်ထိပိကရင်ဘတ်သို့ပုံမှန်ထက်နည်းနည်းပိုတက်နေတဲ့သူတွေ
  • ဆေးလိပ်သောက်သူ
  • အစာအများကြီးစားသူ သို့ ညဘက်နောက်ကျချိန်စားသူ
  • အဆီအစိမ့် ဆီကြော်စားသူတွေ
  • အရက် ကော်ဖီ သောက်သူတွေ
  • တချို့သောဆေးသောက်နေရသူတွေ

မှာအဖြစ်များလေ့ရှိပါတယ်။

ဒီရောဂါဖြစ်လို့ ဘာတွေဖြစ်လာနိုင်သလည်း?

  • အစာြမိုပြွန်လေးက အက်စစ်ကြောင့်ထိခိုက်မှုတွေဖြစ်ပြီးကျဥ်းလာြခင်း
  • အစာမြိုပြွန်ကို အက်စစ်စားခြင်းကြောင့် အနာဖြစ်ခြင်း
  • အစာမြိုပြွန်လမ်းကြောင်းရှိဆဲလ်များအက်စစ်ကြောင့်ပြောင်းလဲလာပြီး
  • ကင်ဆာဖြစ်နိုင်ခြေပိုများလာခြင်း

စတာမျိူးတွေဖြစ်လာနိုင်ပါတယ်။

ဘယ်လိုသိရှိနိုင်မလည်း?

စမ်းသပ်စစ်ဆေးရောဂါလက္ခဏာတွေမေးမြန်းပြီး လိုအပ်ရင် မှန်ပြောင်းကြည့် ဓာတ်မှန်ရိုက်ဖို့လိုအပ်ပါတယ်။

ဘယ်လိုကုသလို့ရနိုင်မလည်း?

  • အစာအိမ်အက်စစ်လျော့စေမည့်ဆေးမျိူး
  • အက်စစ်ကိုဓာတ်ပျယ်စေမည့်ဆေးမျိူး
  • အက်စစ်ထွက်တာကိုပိတ်ပြီး အစာြမိုပြွန်ကိုပြန်ကောင်းစေမည့်ဆေးမျိူး

အစရှိသည်ကို ဆရာဝန်ညွှန်ကြားသလို သုံးစွဲရမှာဖြစ်ပါတယ်။ လိုအပ်ရင်တော့ ခွဲစိတ်ကုသတာမျိူးတွေလုပ်ဖို့လိုအပ်နိုင်ပါတယ်။

ဆောင်ရန် ရှောင်ရန်

  • အစာကို ပမာဏနည်းနည်းလျော့ပြီး အကြိမ်ရည်တိုးစားပါ
  • အိပ်သည့်အခါ အက်စစ်များဆန်တက်မလာစေရန် ရင်ဘတ်နှင့်ခေါင်းဘက်ပိုင်းကို နည်းနည်းမြှင့်အိပ်ပါ
  • ကိုယ်အလေးချိန်လျော့ချပါ
  • စိတ်ဖိစီးမှုလျော့ချပါ
  • အိပ်ခါနီး သုံးနာရီ လေးနာရီဆို အစာမစားပါနှင့်
  • အရမ်းတင်းကြပ်သောအဝတ်မျမဝတ်ပါနှင့်
  • ဆေးလိပ်အရက်မသောက်သံုးသင့်ပါ
  • ဆေးများကို ဆရာဝန်နှင့်တိုင်ပင်မှုမရှိပဲ မသောက်သုံးသင့်ပါ

Ref mayo clinic 

နာမည် ဒေါက်တာ ခင်ဆွေသန်း (M.B.B.S)
Degrees M.B.,B.S (ygn)
Biography

ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။

Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။

Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။

Topic

အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ

ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Address Parami General Hospital, Yangon
my_MM