Select Page

Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 524

Hepatitis B viral infection ခေါ် အသည်းရောင်အသားဝါ B ပိုးအကြောင်း သိကောင်းစရာများ

ရေးသားသူ – Dr. Mie Mie Kyaw

အသည်းရောင်အသားဝါဖြစ်စေတဲ့ virusပိုးတွေ အများကြီးရှိတဲ့အထဲကမှ အဖြစ်အများဆုံး virusအုပ်စုအမျိုးအစားဖြစ်တဲ့ Viral Hepatitis A,B,C,D နှင့် E တို့အကြောင်းလေး ပြောပြသွားပါမယ် ။

သည်နေ့တော့ Hepatitis B virusလို့ခေါ်တဲ့ အသည်းရောင်အသားဝါ B ပိုးအကြောင်း ဆွေးနွေးသွားပါမယ် ။

Hepatitis B virus ခေါ် အသည်းရောင်အသားဝါ B ပိုး ဘယ်လိုကူးစက်သလဲ ?

အသည်းရောင်အသားဝါ B ပိုးသည် သွေးမှတဆင့် ကူးစက်နိုင်သလို ခန္ဓာကိုယ်မှထွက်သောအရည်(secretion)အကုန်လုံး

eg ချွေး , တံတွေးတို့မှတဆင့်လဲ ကူးစက်ပါတယ် အသည်းရောင်အသားဝါ B ပိုးပါသော သွေးသွင်းမိခြင်း ,အသည်းရောင်အသားဝါ B ပိုးပါသော အပ်ဖြင့် ဆေးထိုးခြင်း , ဆေးမှင်ကြောင်ထိုးခြင်း , နားဖောက်ခြင်း , အပ်စိုက်ခြင်း , အသည်းရောင်အသားဝါ B ပိုးရှိသောသူနှင့် ဘလိတ်ဓား မုတ်ဆိတ်ရိတ်ဓား သွားတိုက်တံ အစရှိသည်တို့ကို အတူတကွသုံးစွဲခြင်း တို့အပြင် အသည်းရောင်အသားဝါ B ပိုးရှိသောသူနှင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း တို့မှလဲ ကူးစက်နိုင်ပါတယ်။

ထို့အပြင် အသည်းရောင်အသားဝါ B ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်ဆီမှ ကလေးကိုလဲ ကူးစက်နိုင်ပါတယ်။

ဘယ်လိုလူတွေက ကူးစက်ခံရနိုင်ချေများလဲ ?
သွေးခဏခဏသွင်းရလေ့ရှိသူများ , သွေးကြောအတွင်း မူးယစ်ဆေး , အကြောဆေးထိုးလေ့ရှိသူများ , လုပ်ငန်းခွင်အတွင်း သွေး နှင့် ဆက်စပ်ပစ္စည်းများ ထိတွေ့မှုရှိသော ကျန်းမာရေးဝန်ထမ်းများ , ဆေးမှင်ကြောင်ထိုးလေ့ရှိသူများ , နားခဏခဏဖောက်လေ့ရှိသူများ , လိင်ဆက်ဆံဖော်များသူများ စသည့်သူများက ရောဂါပိုးကူးစက်ခံရနိုင်ချေများပါတယ်။

ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?
အသည်းရောင်အသားဝါ B ပိုးကူးစက်ခံရသူအနည်းငယ်သာ Non-specific prodromal illnessလို့ခေါ်တဲ့ ဘယ်ရောဂါဖြစ်နေလဲတိတိကျကျမပြောနိုင်သော လက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း , မစားချင်မသောက်ချင်ဖြစ်ခြင်း , ပျို့အန်ခြင်း , ဝမ်းလျှောခြင်း , ဗိုက်အောင့်ခြင်း , ကိုယ်လက်မအီမသာဖြစ်ခြင်း , အရိုးအဆစ် ကြွက်သားတွေ နာခြင်း , ဆီးအရောင်ရင့်ခြင်း , ဝမ်းအရောင်ဖျော့ခြင်း အစရှိတဲ့ လက္ခာတွေကို အသားမဝါခင် ရက်အနည်းငယ်ကနေ ၂ပတ်အတွင်း ရှေ့ပြေးလက္ခဏာတွေအနေနဲ့ ခံစားရလေးရှိပြီး အသည်းရောင်အသားဝါ Bပိုးကူးစက်ခံရသူအများစုကတော့ ရောဂါလက္ခဏာမပြဘဲ chronic carrierလို့ခေါ်တဲ့ နာတာရှည်ရောဂါပိုးသယ်ဆောင်သူအဖြစ်နဲ့အခြားသူများကိုကူးစက်နိုင်ပါတယ်။

အသည်းရောင်အသားဝါ B ပိုးရှိကြောင်းဘယ်လိုသိနိုင်မလဲ ?
အသည်းရောင်အသားဝါ Bပိုးရှိကြောင်းကို HBsAg လို့ခေါ်တဲ့ virusရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ surface proteinတစ်မျိုးကို သွေးစစ်ခြင်းအားဖြင့်သိနိုင်ပါတယ်။

နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်မလဲ ?
နောက်ဆက်တွဲအနေနဲ့ နာတာရှည်အသည်းရောင်ခြင်း , အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်ခြင်းတို့ ဖြစ်လေ့ရှိပါတယ် ။

ဘယ်လိုကုသမလဲ ?
အသည်းရောင်အသားဝါ B ပိုးအတွက်Antiviral agents တွေကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း စနစ်တကျရေရှည်ကုသမှုခံယူရန်လိုပါသည်။

အနားယူခြင်း , ရေများများသောက်ခြင်း , အရက်ရှောင်ခြင်း , အာဟာရပြည့်စွာ စားသောက်ခြင်း အစရှိသည်တို့လဲ လုပ်ဆောင်ပေးဖို့လိုပါတယ်။

ဘယ်လိုကာကွယ်မလဲ ?
အသည်းရောင်အသားဝါ Bပိုးကာကွယ်ဆေးကို စနစ်တကျထိုးနှံထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
အသည်းရောင်အသားဝါ Bပိုးရှိသူမိခင်မှမွေးလာသောကလေးကို ၂၄နာရီအတွင်း ,၂လ,၄လ ,၆လ, ၁နှစ်နှင့် ၅နှစ်တွင် အသည်းရောင်အသားဝါ Bပိုးကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါကူးစက်မှုနှုန်းနည်းနိုင်သမျှနည်းသွားမှာဖြစ်ပါတယ်။

ထို့အပြင် မွေးပြီး၂၄နာရီအတွင်း HBsAb ခေါ်Immunoglobinထိုးခြင်းအားဖြင့်လဲ ကူးစက်မှုနှုးပိုနည်းသွားမှာဖြစ်ပါတယ်။

ရောဂါပိုးကင်းစင်ကြောင်းစစ်ဆေးထားသော သွေးကိုသာသွင်းခြင်း , အခြားသူတစ်ဦး၏ သွေးနှင့်ဆက်စပ်သော ပစ္စည်းကို တိုက်ရိုက်မထိမိစေရန် သတိထားကိုင်တွယ်ခြင်း , တစ်ခါသုံးဆေးထိုးအပ်ကို အသုံးပြုခြင်း , အသုံးပြုပြီးသော ဆေးထိုးအပ်များကိုလဲ စနစ်တကျစွန့်ပစ်ခြင်း , ဘလိတ်ဓား , မုတ်ဆိတ်ရိတ်ဓား , သွားတိုက်တံ အစရှိသည့် တစ်ကိုယ်ရည်သုံးပစ္စည်းများအား သီးခြားစီအသုံးပြုခြင်း , အသည်းရောင်အသားဝါ Bပိုးရှိသူနှင့် လိင်ဆက်ဆံလျှင်လဲ အကာအကွယ်အသုံးပြုခြင်း အစရှိသည်တို့ဖြစ်သည်။

နာမည် Dr. Mie Mie Kyaw
Degrees M.B.B.S (YGN)
Biography

ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်

Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။

Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။

Topic
  • အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ
  • ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကိုတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Address Parami General Hospital, Yangon
my_MM